သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, June 20, 2014

PostHeaderIcon ကင်ဆာရောဂါနှင့် ပတ်သက်သော နောက်ဆုံး ထုတ်ပြန်ချက်။



ကင်ဆာရောဂါနှင့် ပတ်သက်သော နောက်ဆုံး ထုတ်ပန်ချက်။
**************************************

* ဂျွန်ဟော့(ပ်)ကင်း(စ်) မှ....
ဆေးသွင်းကုသခြင်း (CHEMOTHERAPY) ဟာ ကင်ဆာောဂါ ပျောက်ကင်း
အောင် ပြုလုပ်ာမှာ တခုတည်းသော နည်းလမ်းဖြစ်တယ်လို နှစ်ပေါင်းများစွာ
ပြောကြားလာခဲ့ရာက အခုနောက်ဆုံးမှာတော့ တခြားနည်းလမ်းတခုလည်းရှိ
တယ်လို့ ဂျွန်ဟော့(ပ်)ကင်း(စ်)က ပြောကြားလာပါပြီ။

ဂျွန်ဟော့(ပ်)ကင်း(စ်)မှ ကင်ဆာရောဂါနှင့် ပတ်သက်သော နောက်ဆုံး
ထုတ်ပန်ချက်။
၁။ လူတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်)တွေ ရှိတယ်။ ဒီကင်ဆာဆဲ(လ်)
တွေဟာ သန်းထောင်ပေါင်းအနည်းငယ်ထိ ပွားများမလာမချင်းတော့ ပုံမှန်
ရောဂါရှာဖွေစစ်ဆေးချက်မှာ ပေါ်လာမှာမဟုတ်ဘူး။ ဆေးကုသခံယူပြီးနောက်
ကင်ဆာလူနာတွေကို သူတို့ကိုယ်မှာ ကင်ဆာဆဲ(လ်)တွေ မရှိတော့ဘူးလို့
ဆရာဝန်တွေကပြောတဲ့အခါ လူတွေရဲ့ကိုယ်ထဲက ကင်ဆာဆဲ(လ်)တွေဟာ
စစ်ဆေးသိရှိနိုင်တဲ့ အရေအတွက်အထိ မရောက်ရှိသေးဘူးလို့သာ အဓိပ္ပါယ်
သက်ရောက်ပါတယ်။
၂။ လူတယောက်ရဲ့ဘဝတသက်တာမှာ ကင်ဆာဆဲ(လ်)တွေဟာ ၆-ကြိမ်မှ ၁၀-
    ကြိမ် အထက်အထိ ပေါ်ပေါက်ပါတယ်။
၃။ လူတယောက်ရဲ့ရောဂါပြီးစနစ် အားကောင်းနေရင် ကင်ဆာဆဲ(လ်)တွေဟာ
   ဖျက်ဆီးခံရပြီး မပွားများနိုင်ပါဘူး၊ အကျိတ်လည်း မဖြစ်နိုင်ပါဘူး။
၎။ လူတယောက် ကင်ဆာရောဂါဖြစ်ပြီဆိုရင် သူဟာအဟာရ အတော်များများ
    ချို့တဲ့နေပြီဆိုတာကို ပြသတာပါပဲ၊ ဒါဟာ မျိုးရိုး၊ပတ်ဝန်းကျင်၊ အစားအစာနဲ့
    လူနေမှုပုံစံစတဲ့ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။
၅။ ဒီလိုအဟာရမျိုးစတဲ့ ချို့တဲ့နေတာကို ကျော်လွှားနိုင်ဖို့ ဆိုရင် စားသောက်ပုံစံကို
  ပြောင်းလဲပြီး ဖြည့်စွက် အစားအစာတွေ စားပေးခြင်းဖြင့် ရောဂါပြီးစနစ်ကို အား
  ကောင်းစေနိုင်ပါတယ်။
၆။ ဆေးသွင်းကုသခြင်းဟာ အပွားမြန်တဲ့ ကင်ဆာဆဲ(လ်)တွေကို အဆိပ်သင့်
 စေသလို ရိုးတွင်းခြင်ဆီ၊ အစာအိမ်နဲ့ အူလမ်းကြောင်းစသည်တို့မှာရှိတဲ့ အပွား
 မြန်တဲ့ ဆဲ(လ်)ကောင်းတွေကိုပါ ပျက်စီးစေပြီး အသည်း၊ကျောက်ကပ်၊အဆုတ်
 စတဲ့ ကိုယ်တွင်း ကလီစာတွေကို ထိခိုက်စေနိုင်ပါတယ်။
၇။ ဓာတ်ရောင်ခြည်နဲ့ ကုသခြင်း (ဓာတ်ကင်ခြင်း)ဟာ ကင်ဆာဆဲ(လ်)တွေကို 
ပျက်စီးစေသလို ကောင်းတဲ့ဆဲ(လ်)တွေ တစ်သျှူးတွေ၊ ကိုယ်တွင်းကလီစာတွေ
ကိုပါ ထိခိုက်စေပါတယ်။
၈။ ဓာတ်ရောင်ခြည်(သို့)ဆေးသွင်းကုသတဲ့အခါ အစပိုင်းမှာတော့ အများအားဖြင့် 
အကျိတ်တွေ ကျုံ့သွားတတ်ပါတယ်၊ ဒါပေမဲ့ ရေရှည်ကုသတဲ့အခါ ထိရောက်မှု
ကျဆင်းသွားပါတယ်။ အကျိတ်တွေ နောက်ထပ် မကြေပျက်တော့ပါဘူး။
၉။ ဆေးသွင်းကုသခြင်းနဲ့ ဓာတ်ကင်ခြင်းတို့ကြောင့် ခန္ဓာကိုယ်အတွင်း အဆိပ်
အတောက်တွေ များလာတဲ့အခါ ရောဂါပြီးစနစ်ဟာ အားလျော့တာတွေ၊ ပျက်စီး
တာတွေ ဖြစ်ပေါ်လာပါတယ်။အဲဒီအခါမှာ လူတွေဟာ ရောဂါပိုးအမျိုးမျိုးကြောင့်
ဖြစ်စေ နောက်ဆက်တွဲ အမျိုးမျိုးကြောင့်ဖြစ်စေ အသက်ဆုံးရှုံးနိုင်ပါတယ်။
၁၀။ ဆေးသွင်းကုသခြင်းနဲ့ ဓာတ်ကင်ခြင်းဟာ ကင်ဆာဆဲ(လ်)တွေကို ဗီဇ
ပြောင်းစေနိုင်ပြီး ဖျက်ဆီးရ ခက်စေနိုင်ပါတယ်။ ခွဲစိတ်ကုသခြင်းဟာလည်း
ကင်ဆာဆဲ(လ်)တွေကို အခြားနေသို့ ပြန့်နှံ့စေနိုင်ပါတယ်။
၁၁။ ကင်ဆာရောဂါကို တိုက်ဖျက်ဖို့ ထိရောက်တဲ့ နည်းလမ်းတခုကတော့ သူတို့
မျိုးပွားရာမှာ လိုအပ်တဲ့ အာဟာရတွေကို ဖြတ်တောက်လိုက်ခြင်းပါပဲ။

(က) သကြား။ သကြားဟာ ကင်ဆာရဲ့အာဟာရတခုပါဘဲ။ သကြားကို ဖျက်
လိုက်ခြင်းအားဖြင့် ကင်ဆာဆဲ(လ်)တွေရဲ့အဓိက အာဟာရတခုကို ဖြတ်လိုက်
သလိုပါဘဲ။ Nutra Sweet,Equal,Spoonful စတဲ့ သကြား အစားထိုးပစ္စည်းတွေ
ဟာ Aspartame ဆိုတဲ့အရာ ပါဝင်တဲ့အတွက် လူကို ထိခိုက်စေနိုင်ပါတယ်။
သဘာဝအစားအစာဖြစ်တဲ့ ပျားရည် ဒါမှမဟုတ် တင်လဲရည် နည်းနည်းလေးက
ပိုကောင်းပါတယ်။
စားပွဲတင်ဆားဟာ ဓာတုပစ္စည်းရောထားတဲ့အတွက် ဖြူဖွေးနေတာပါ၊ ပင်လယ်
နေလှမ်းဆားက ပိုကောင်းပါတယ်။
(ခ) နို့။ နို့ဟာ ခန္ဓာကိုယ်ကို အကျိအချွဲတွေ ထွက်စေပါတယ်၊ အထူးသဖြင့် အစာ
အိမ်နဲ့အူလမ်းကြောင်းမှာပါ အကျိအချွဲတွေကို ကင်ဆာဆဲ(လ်)တွေက စားသုံးနိုင်
ပါတယ်။ နို့အစား သကြားမပါတဲ့ ပဲနို့သောက်ရင် ကင်ဆာဆဲ(လ်)တွေကို အစာ
ပြတ်စေနိုင်ပါတယ်။
(ဂ) ကင်ဆာဆဲ(လ်)တွေဟာ အက်ဆစ်(အချဉ်)၊ပတ်ဝန်းကျင်မှာ ပိုပွားနိုင်ပါတယ်။
အသားအခြေခံတဲ့ အစားအစာဟာ အက်ဆစ်ဓာတ်ကို အားပေးတယ်။ အမဲသား၊
ဝက်သားထက် ငါးစားတာ အကောင်းဆုံးပါဘဲ။ ဒါမှမဟုတ် ကြက်သား နည်းနည်း
စားနိုင်ပါတယ်။ အသားတွေမှာ မွေးမြူရေးက သုံးတဲ့ ပဋိဇီဝဆေးတွေ၊ ကြီးထွား
ဟော်မုန်းတွေနဲ့ ကပ်ပါးပိုးတွေ ပါလာတတ်ပါတယ်။ ဒါတွေဟာ လူတွေ အထူး
သဖြင့် ကင်ဆာရောဂါသည်တွေကို ထိခိုက်စေနိုင်ပါတယ်။
(ဃ)လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သူတို့ရဲ့အရည်။ ဖြူအောင် မဖွတ်ရသေးတဲ့
အစေ့။ အဆန်၊ အနှံနဲ့ သစ်သီးအနည်းငယ်ကို အစားအစာရဲ့၈၀% အချိုးနဲ့ စားရင် 
ခန္ဓာကိုယ်ကို အယ်(လ်)ကာလိုင်း(ALKaLine) အခြေအနေရောက်စေနိုင်တယ်။
ကျန်၂၀% ကိုတော့ ပဲအပါအဝင် ပြုတ်ထားတဲ့ အစားအစာတွေအဖြစ် စားသုံးနိုင်
ပါတယ်။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်အရည်ထဲမှာ စွမ်းအားမြှင့် အင်ဆိုင်းတွေ
ပါဝင်တယ်။ ခန္ဓာကိုယ်က အလွယ်တကူစုပ်ယူနိုင်ပြီး ၁၅ မိနစ်အတွင်းမှာ ခန္ဓာကိုယ်က 
ဆဲလ်များဆီ ရောက်နိုင်တယ်။ ဆဲလ်တွေကို အာဟာရပြည့်စေပြီး ကျန်းမာတဲ့ ဆဲလ်
တွေအဖြစ် ဖွံဖြိုးဖို့ အားပေးတယ်။

ကျန်းမာတဲ့ဆဲလ်တွေ တည်ဆောက်ဖို့ စွမ်းအားမြင့် အင်ဆိုင်းတွေရရှိအောင် လတ်
ဆတ်တဲ့ ဟင်းသီးဟင်းရွက် အရည်နဲ့ မချက်ရသေးတဲ့ ဟင်းသီးဟင်းရွက်တွေကို 
တနေ့ နှစ်ကြိမ် သုံးကြိမ်လောက် စားသောက်သင့်တယ်။ အပူချိန်104’F (40’c) 
ဆိုရင် အင်ဆိုင်းတွေပျက်စီးသွားနိုင်တယ်။
(င) ကဖိန်း (Caffeine)တွေ အများကြီးပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ချောက
လက်တွေကို ရှောင်ပါ။ လက်ဖက်ရည်ကြမ်း (Green Tea)ဆို ပိုကောင်းတယ်။
ကင်ဆာကို ခုခံတဲ့ သတ္တိလည်းရှိတယ်။ ရေဆိုရင် သောက်ရည်သန့် ဒါမှမဟုတ် 
သေချာစွာ စစ်ထားတဲ့ရေဟာ အကောင်းဆုံးပါဘဲ ဘုံပိုင်ရေမှာက သတ္တုအလေးစား
(Ileavy Metals)တွေ၊ အဆိပ်အတောက်တွေ ပါလာတတ်တယ်။ ပေါင်းခံရည်ကျ
တော့ အက်ဆစ်ဖြစ်စေတယ်။ ရှောင်ပါ။

၁၂။ အသားမှာ ပရိုတိန်းတွေဟာ အစာကြေဖို့ ခက်ခဲပြီး အစာချေ အင်ဆိုင်းတွေ 
အများကြီးလိုအပ်တယ်။ အစာမကြေဘဲ လူတွေဆီရောက်လာတဲ့ အသားတွေဟာ
ပုတ်သွားပြီး အဆိပ်အတောက်တွေ ပိုမိုဖြစ်ပေါ်စေပါတယ်။
၁၃။ ကင်ဆာဆဲလ်တွေမှာ ခိုင်ခံ့တဲ့အပေါ်ယံ ပရိုတိန်းအလွှာရှိတယ်။ အသားကို
လျှော့စားရင်ဖြစ်စေ၊ အသားမစားပဲနေရင်ဖြစ် ကင်ဆာဆဲ(လ်)ရဲ့ပရိုတိန်းနံရံတွေ
ကို တိုက်ခိုက်ဖို့ အင်ဇိုင်းတွေ ပိုမိုလာတဲ့အတွက် ခန္ဓာကိုယ်ရဲ့သုတ်သင်ရေးဆဲ
(လ်)(Killer Cells)တွေဟာ ကင်ဆာဆဲ(လ်)တွေကို သုတ်သင်ဖို့ ပိုလွယ်သွားပါ
တယ်။

၁၄။ ဖြည့်စွက်အစားအစာဖြစ်တဲ့ ဓာတ်တိုးဟန့်တားပစ္စည်း ( Antioxidants)
ဗီတာမင်သတ္တုဓာတ် (Minerals) IP6, Flor–ssence,Essiac,EFAS စသည်တို့
ဟာ ခန္ဒာကိုယ်ရဲ့ ရောဂါပြီးစနစ်ကို မြင့်တင်ပေးနိုင်ပြီး သုတ်သင်ရေး ဆဲ(လ်)
တွေအား သုတ်သင်စေနိုင်တယ်။ အခြားဖြည့်စွက်အစားအစာဖြစ်တဲ့ ဗတာမင်
(E)ဟာလည်း ခန္ဓာကိုယ်မှာရှိတဲ့ မလိုအပ်တဲ့ဆဲ(လ်)တွေ၊ မလိုချင်တဲ့ဆဲ(လ်)တွေ၊
ထိခိုက်ခံထားရတဲ့ ဆဲ(လ်)တွေကို ရှင်းလင်းပစ်ရာမှာ ပံ့ပိုးပေးနိုင်းကြောင်း
သိရပါတယ်။

၁၅။ ကင်ဆာရောဂါဟာ ကိုယ်ရယ်၊ စိတ်ရယ်၊ အတွေးအမြင်ရယ်ကြောင့်ဖြစ်
     တာပါ
၁၆။ ကင်ဆာဆဲ(လ်)တွေဟာ အောက်ဆီဂျင်များပြားတဲ့ ပတ်ဝန်းကျင်မှာ မပွားများ
 နိုင်ပါဘူး။ နေ့စဉ်ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ခြင်း အသက်ပြင်းပြင်းရှုရှိုက်ခြင်း
 ဟာ ကိုယ်တွင်းရှိ ဆဲ(လ်)တွေအထိ အောက်ဆီဂျင်များများရောက်စေနိုင်တယ်။ 
 အောက်ဆီဂျင်ကုထုံး(Oxygen Therapy)ဟာ ကင်ဆာဆဲ(လ်)တွေကို ချေဖျက်
  နိုင်တဲ့ နောက်ထပ်နည်းလမ်း တခုပါပဲ။
(၁) မိုက်ခရိုဝေ့(ဗ်) မီးဖိုထဲမှာ ပလပ်စတစ်ခွက်တွေ မသုံးရန်။
(၂) ရေခဲသေတ္တာထဲမှာ ပလပ်စတစ် ရေဗူးတွေ မထည့်ရန်။
(၃) မိုက်ခရိုဝေ့(ဗ်) မီးဖိုးထဲမှာ ပလပ်စတစ်ထုပ်ပိုးပြီး မသုံးရန်။
ဒီအကြောင်းတွေကို မကြာသေးခင်ကပဲ ဂျွန်ဟော့ (ပ်)ကင်း(စ်)က သတင်းလွှာ
မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းအချက်အလက်တွေကို ဝေါ်(လ်)တာ ရိ (ဒ်) 
တပ်မတော် ဆေးဗဟိုဌာန (Walter Reed Army Medical Center) မှာလည်း 
ဖြန့်ဝေထားပါတယ်။
ဒိုင်အောက်ဆင်း (Dioxin)ဓာတုပစ္စည်းဟာ ကင်ဆာ၊ အထူးသဖြင့် ရင်သား
ကင်ဆာ ဖြစ်စေပါတယ်။ ဒိုင်အောက်ဆင်းဟာ ကျွန်တော်တို့ ခန္ဒာကိုယ်ထဲက
ဆဲ(လ်)တွေအတွက် အလွန်ပြင်းထန်တဲ့ အဆိပ်တောက်ဖြစ်ပါတယ်။ ပလပ်
စတစ်ဗူးတွေကို ရေခဲသေတ္တာထဲမှာ မထားပါနဲ့။ ဒိုင်အောက်ဆင်းတွေ ထွက်
လာမှာမို့ပါ ။
ဒီ ကျန်းမာရေး ပြဿနာကို မကြာသေးခင်ကဘဲ ဒေါက်တာ အက်(ဒ်)ဝပ်(ဒ်) ဖူဂျီ
မိုကို (Dr. Edward Fujumoto)ဟာ ရုပ်သံ အစီအစဉ်ကနေ ထုတ်လွှင့်ပြခဲ့ပါ
တယ်။ သူဟာ Castle ဆေးရုံက Wellness Program ဆိုတဲ့ ကျန်းမားရေး
အစီအစဉ်ရဲ့မန်နေဂျာဖြစ်ပါတယ်။
သူဟာ ဒိုင်အောက်ဆင်းရဲ့ဆိုးကျိုးတွေကို တင်ပြဆွေးနွေးထားပါတယ်။
ပလပ်စတစ်ဗူးတွေထဲ အစားအစာထည့်ပြီး မိုက်ကရိုဝေ့(ဖ်) မီးဖိုမှာ အပူမပေးသင့်
ပါဘူးလို့ သူကပြောပါတယ်။
အထူးသဖြင့် အဆီပါတဲ့ အစားအစာတွေပေါ့။ ပလပ်စတစ်ရယ်၊ အဆီရယ်၊ အပူချိန်
မြင်မြင့်ရယ် ပေါင်းစပ်လိုက်ရင် ဒိုင်အောက်ဆင်းတွေ ထွက်လာပြီး အစားအစာထဲ
ရောက်ရှိသွားကာ နောက်ဆုံးမှာ ခန္ဓာကိုယ်က ဆဲ(လ်)တွေထဲ ရောက်သွားပါ
တော့တယ်။ ပလပ်စတစ်အစား ဖန်ထည်၊ ကြွေထည်စတာတွေ (Glass,Corning
Ware,Pyrex, Ceramic …)ကို သူကသုံးခိုင်းပါတယ်။ ဒိုင်အောက်ဆင်း မထွက်
တော့ပါဘူး။ ဒါကြောင့် အသင့် စားသုံနိုင်တဲ့ အစားအစာတွေကို နွှေးတဲ့အခါ
မူလ ဗူးခွက်တွေကို မသုံးသင့်ပါဘူး။
စက္ကူကို သုံးရင်လည်းမဆိုးဘူး။ ဒါပေမဲ့ စက္ကူထဲမှာ ဘာပါသလဲဆိုတာ မသိရဘူး။
ဖန်ထည်၊ ကြွေထည် သုံးတာပဲ ပိုဘေးကင်းပါတယ်။ အသင့်စားသုံးနိုင်တဲ့ စား
သောက်ဆိုင် အတော်များများဟာ ဖော့ဗူးအစား စက္ကူတွေကို သုံးလာကြပါပြီ။
အဓိကအကြောင်းရင်းတခုကတော့ ဒိုင်အောက်ဆင်းပါပဲလို့ သူကပြောပါတယ်။
အစားအစာတွေကို ပလပ်စတစ် ပါးပါးနဲ့ ထုပ်ပြီး မိုက်ကရိုဝေ့(ဖ်) မီးဖိုမှာ ချက်ပြုတ်
တာဟာလည်း အလားတူ အန္တရာယ်ရှိတယ်လို့ သူကပြောပါတယ်။
မြင့်မာတဲ့အပူချိန်ကြောင့် ပလပ်စတစ်အပါးကနေ အဆိပ်တောက်တွေ ထွက်ပြီး
အစားအစာထဲ ရောက်ရှိစေပါတယ်။ စက္ကူပုဝါသုံးရင် ပိုကောင်းပါတယ်။

ကျန်းမာချမ်းသာကြပါစေ

(ရတီ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...