သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, June 27, 2014

PostHeaderIcon ဘီလူးအမေး မြတ်ဗုဒ္ဓအဖြေ

 အာဠာဝကဘီလူးက မေးပြီး ဂေါတမမြတ်စွာဘုရား ဖြေကြားခဲ့သော
(အာဠာဝကသုတ္တန်)။
******************************** 

(၁) လောကမှာ အကောင်းဆုံး ဥစ္စာက ဘာလဲ။
အဖြေ=သဒ္ဓါသည် အကောင်းဆုံး ဥစ္စာ။(သဒ္ဓိဓ ၀ိတ္တံ ပုရိသဿ သေဌံ)
(၂) လောကမှာ ဘာလုပ်ရင် ချမ်းသာမှာလဲ။
အဖြေ=ဓမ္မကို ကျင့်သုံးရင် ချမ်းသာမယ်။(ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ)
(၃) လောကမှာ အကောင်းဆုံး အရသာက ဘာလဲ။
အဖြေ=အကောင်းဆုံး အရသာဟာ သစ္စာ။ (သစ္စံ သာဓုတရံ ရသာနံ)
 

(၄) လောကမှာ အကောင်းဆုံးသော အသက်ရှင်နည်းက ဘာလဲ။
အဖြေ=အသိပညာနဲ့ အသက်ရှင်တာ အသက်မွေးတာ အကောင်းဆုံး။

(ပညာဇီဝိံဇီဝိတ မာဟု သေဌံ)
(၅)အခက်အခဲကို ဘာနဲ့ ဖြတ်ကျော်ရမှာလဲ။
အဖြေ=သဒ္ဓါနဲ့ ဖြတ်ကျော်ရမယ်။ (သဒ္ဓါယ တရဟိ သြဃံ)
(၆) ကျယ်ပြောသော ဘ၀ကြီးကို ဘာနဲ့ ဖြတ်ကူးရမှာလဲ။
အဖြေ=သတိနဲ့ ဖြတ်ကူးရမယ်။ (အပ္ပမာဒေန အဏ္ဏ၀ံ)
 

(၇) ဆင်းရဲဒုက္ခကို ဘာနဲ့ ဖယ်ရှားမှာလဲ။
အဖြေ=ကြိုးပမ်းအားထုတ်မှု ၀ိရိယဖြင့် ဖယ်ရှားနိုင်မယ်။ (၀ီရိယေန ဒုက္ခမစ္စေတိ)
(၈) စိတ်ဖြူစင်အောင် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ=ပညာ ဖြင့်သာ ဆေးကြောရမယ်။ (ပညာယ ပရိသုဇျွတိ)
(၉) ပညာကို ဘယ်လို ရအောင် ယူရမှာလဲ။
အဖြေ=နားလည်ချင်တဲ့စိတ် နားထောင်ချင်တဲ့စိတ် မှတ်သားချင်တဲ့ဆန္ဒရှိရင်ပညာရပါတယ်။
(သုဿုတသာ လဘတေ ပညံ)
 

(၁၀) ဥစ္စာကို ဘယ်လို ရှာမှာလဲ။
အဖြေ=လုံလ၀ီရိယရှိပြီး တက်တက်ကြွကြွ ကြိုးစားအားထုတ်ရမယ်။
(ပတိရူပကာရီ ဓုရ၀ါ၊ ဥဌာတာ ၀ိန္ဒတေ ဓနံ)
(၁၁) အကျော်အစောရှိရန် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ=သစ္စာရှိ ကတိတည် မှန်ကန်ရန်လိုတယ်။ (သစ္စေန ကိတ္တိံ ပပ္ပေါတိ)
(၁၂) မိတ်ဆွေတွေ ရချင်ရင် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ=ပေးကမ်းပါ။ (ဒဒံ မိတ္တနိ ဂန္ထတိ)
 

(၁၃) ဘယ်တရားတွေ ကျင့်သုံးမှ နောက်ဘ၀အရေး စိတ်အေးရမှာလဲ။
အဖြေ=အမှန်တရား၊ အသိပညာ၊ လုံလ၀ီရိယ၊စွန့်ကြဲပေးကမ်းမှု၊ရှိရမယ်။

(သစ္စံ ဓမ္မော ဓိတိ စာဂေါ)

အရှင်နန္ဒမာလာဘိဝံသ
(ဘအရေး စိတ်အေးရလေအောင် တရားတော်မှ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...