သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, June 27, 2014

PostHeaderIcon အိမ်ပြန်ကြစို့

နေခြည်ကွယ်လို့ ဆည်းဆာတောက်တဲ့အခါ
တိမ်ငွေ့ကြားက ငှက်တအုပ်ဟာ
အိမ်ပြန်ကြစို့ဆိုပြီး ကြွေးကြော်သွားကြတယ်။

ငါရဲ့ ဝိဥာဏ်ဟာ ရုတ်တရက်
အသက်မဲ့သွားတယ်လို့ ငါထင်လိုက်တယ်
တလက်စာထဲ...
ငှက်အုပ်စုနောက် ငါ့ဝိဥာဏ်လိုက်သွားပြီ။

ရေယာဉ်ကြောမှာ အလိုက်သင့်
စီးဆင်းလိုက်ပါနေတဲ့ ဗေဒါက
Goodbye တဲ့...။

ငါ့ရဲ့နှလုံးအိမ်မှာ ရိုးရာမြေရဲ့
ဂီတသံတွေ စီးဝင်နေတယ်။
ဒီဆည်းဆာ ဒီရေ
ငှက်တို့ရဲ့အိမ်ပြန်ကြစို့ ဆိုတဲ့
အချက်ပေးသံက ငါ့ရဲ့ အိမ်ပြန်ဂီတပဲ။

ဖေဖေ့ရဲ့ ဂုဏ်ယူဝင့်ကြွားနေတဲ့ အပြုံး
မေမေရဲ့ ကြည်နူးဝမ်းသာနေတဲ့ အပြုံးတွေဟာ
အမိမြေပေါ်မှာ ဝန်းကျင်တခုလုံးကို ပျံ့လွင့်လို့။

ရာသီပန်းတို့ ယနံ့နဲ့အလှဟာ
ငါ့ကို ပြုံးရယ်စွာ ကြိုဆိုကြတယ်။

ချစ်သူရဲ့ အပြုံးဟာ နှလုံးသားကို
နွေးထွေးသွားတယ်။

ငါ ဖြတ်ခနဲ သတိဝင်လာတဲ့ အချိန်မှာ
နေမင်းက ဆည်းဆာကို ရုတ်သိမ်းလိုက်ပြီး
ရေသံသဲ့သဲ့ကို ငါကြားသလို မကြားသလိုနဲ့
ရေသံလေးတွေကတော့ သူ့လို မရပ်မနား
ဘဝကို ခရီးဆက်နေပါတယ်တဲ့။

အခု ငါ့မှာ ရောဂါတခု တိုးလာတယ်
ကိုယ့်ကိုယ်ကို သိလိုက်တာက
Homesick ..ဆိုတဲ့ ရောဂါတဲ့..။
ငှက်ကလေးတို့ရေ 
ပြန်နှင့်ကြပါကွယ်..။။
ငါ့ရဲ့ အမိမြေကို ရောက်တဲ့အခါ
မကြာခင် ငါ ပြန်လာတော့မယ်လို့
သတင်းပေးလိုက်ကြပါနော်...။
(Homesick...အိမ်ကို အောက်မေ့လွမ်းဆွတ်သော ဝေဒနာ)

(နေရီချို)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...