သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, June 27, 2014

PostHeaderIcon ဘဝဆိုတာ ဘာလဲ

ဘဝဆိုတာ ဘာလဲ
************
ဘဝဆိုတာ ဘာလဲ။ ဘဝဆိုတာ အိပ်မက်ပါပဲ။ အိပ်မက်ဟာ ဘဝပါပဲ။

ဘဝဆိုတာ အိပ်မက်ဆိုတာကို သက်သေပြမယ်။

အတိတ်ဘဝက ဖြစ်ပျက်တွေ့ကြုံတာတွေ မရှိတော့ဘူး။ တကယ်မဟုတ်တော့ဘူး။

အနာဂတ်ဘဝမှာ ဖြစ်ပျက်မှာကလဲ တကယ်မဟုတ်သေးပါဘူး။ အနာဂတ်ဘဝ အတိတ် ဘဝမှာ နေထိုင်လို့မရသလို၊ ပစ္စုပ္ပန်ဘဝလဲ ဖြစ်ပျက်နေလို့ တကယ်နေထိုင်လို့ မရဘူး။
အတိတ်ဘဝနဲ့ အနာဂတ်ဘဝလိုပဲ ပစ္စုပ္ပန်ဘ၀ဟာလဲ အိပ်မက်ပါပဲ။
ဘယ်ဘဝမဆို အစစ်အမှန် ခိုင်မြဲတည်တံ့နေတာ မဟုတ်ဘူး။

ပစ္စုပ္ပန်ဘ၀မှာ နေထိုင်မှုဆိုတာလဲ ချက်ချင်းအတိတ်ဘဝဖြစ်သွားနေတယ်။ ယခု အတိတ်ဘဝ

ဖြစ်နေတဲ့ ပစ္စုပ္ပန်ဘ၀မှာနေရတဲ့ ဘ၀ဟာလဲ အိပ်မက်ပါပဲ။ တကယ်မရှိဘူး။ အတ္တ ပုဂ္ဂလ ဇီဝ
မရှိလို့ ဘယ်ဘ၀မဆို အိပ်မက်ပါပဲ။ စိတ်ခဏတိုင်း ပြောင်းလဲနေမှုပါပဲ။

ဘ၀ဟာ အတ္တ ဇီဝ ပုဂ္ဂလ ယောက်ျား၊ မိန်းမ၊ မရှိလို့ “သုညတ”လို့ ခေါ်တယ်။ အဲဒီ အနိစ္စ

တရား၊ ဒုက္ခတရား၊အနတ္တတရား သုညတတရားဟာ ဘ၀ပါပဲ။ ဘ၀ဟာ သုညတလို့ သတိ
ပဋ္ဌာန်အလုပ်နဲ့ တကယ်သိရင် အမြင့်ဆုံး ပညာဥာဏ်၊ ၀ိမုတ္တိသုခ လွတ်မြောက်တဲ့ချမ်းသာ
သစ္စာသိမှု ချမ်းသာမြတ်ကြီးကို ရပါတယ်။ သုညတ သိမှ နိဗ္ဗာန်ရတယ်။

ဘ၀ဟာ အိပ်မက်ဖြစ်လို့ ချစ်စရာ မုန်းစရာလဲမရှိ၊ အထင်အမြင် မှားစရာမရှိဘူး။

အိပ်မက်ထဲမှာ တစ္ဆေချောက်ခံရရင် ချက်ချင်းနိုးရင်နိုးတယ်။ နိုးပြီးရင် ဒါ အိပ်မက်ပဲ။
သူရဲတစ္တေ တကယ်ခြောက်လှန့်တာ မဟုတ်ပါလားလို့ သိရင် စိတ်ပေါ့ပါးသွက်လက်
တယ်။ ရီတောင် ရီမောရသေးတယ်။

ဘ၀ဟာ အိပ်မက်ဆိုတာကို နောက်တခု သက်သေပြမယ်။

ဘ၀ဟာ စိတ်ပါပဲ။ စိတ်ရဲ့အမူအယာတွေပဲ။ အိပ်မက်ဆိုတာလဲ စိတ်ရဲ့အမူအယာပဲ။

ဒါ့ကြောင့် ဘ၀ဟာ အိပ်မက်ပါပဲ။ စိတ်ကဖြစ်ပေါ်မှု၊ စိတ်ရဲ့အမြင်သက်သက်ပါပဲ။ အိပ်မက်စိတ်မှာ ကြောက်စရာအာရုံတွေ ကြုံရသလို၊ နိုးနေတဲ့စိတ်မှာလဲ ကြောက်စရာ
အာရုံတွေ ကြုံရတယ်။ အိပ်မက်စိတ်နဲ့ အမြင်ဟာ ဘ၀ပါပဲ။ မျက်မြင်လောကထဲ ဘာမှ
မထူးခြားဘူး။ စိတ်ရဲ့ထင်မြင်မှုပါပဲ။ အိပ်မက်ကို ပထမတော့ အစစ်အမှန် တကယ့်ဖြစ်ရပ်
လို့ ထင်ခဲ့ကြရတယ်။ အိပ်မက်ဆိုးဟာ အိပ်ရာကနိုးရင် ပျောက်သွားတယ်။
ဒါကြောင့် သတိပညာ ၀ိပဿနာစိတ် မဂ်စိတ်ရရင် ကိလေသာ စိတ်အမြင်တွေပျောက်သွားတယ်။ အိပ်မက်ဆိုးတွေ မရှိတော့ဘူး။

မျက်စိဟာ ရူပါရုံအဆင်း ကြည့်ရာမှာ မရောင့်ရဲနိုင်ဘူး။ နားကလဲ ကောင်းတဲ့အသံကို ကြားရာ မှာ ကျေနပ်ရောင့်ရဲခြင်း မရှိဘူး။ မျက်စိက အဆင်းလှလှကို ထပ်မံ ကြည့်ချင်နေတယ်။ နားက အသံသာယာတာကို ထပ်မံ ကြားချင်နေတယ်။ သောက်လေ သောက်လေ ငတ်မပြေတဲ့ ဆား

ငန်ရေပါပဲ။ ဒါကြောင့် မြတ်စွာဘုရားက မျက်စိ,နား, နှာ,လျှာ,ကိုယ်, စိတ် ဒွါရခြောက်ပါးမှာ
တဏှာ, မာန,ဒိဋ္ဌိ မီးလောင်နေတယ်လို့ ဟောတော်မူတယ်။ ဒွါရခြောက်ပါးမှာလဲ မီး ၁၁-ပါး
လောင်နေတာကို တွေ့မြင်နိုင်တယ်။

အီတာလျံဘုန်းတော်ကြီး ဦးလောကနာထ၏ အဆုံးအမများ

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...