သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, January 11, 2013

အသက်ရှင်နေသူတချို့က ကိုယ်ဘာလိုချင်မှန်း မသိကြဘူးသူတစ်ပါးကို မျက်စိစုံမှိတ်
အားကျတယ်၊ မျက်စိစုံမှိတ် လိုချင်တောင့်တတယ်။ ပျော်ရွှင်ခြင်းကို ကိုယ့်အနားကနေ ပခုံးချင်းတိုက် ဖြတ်ကျော်စေကြတယ်။

တကယ်တော့ ဘယ်လိုအခြေအနေမှာပဲ ရှင်သန်ရှင်သန်.... ဖြောင့်မှန်တဲ့ စိတ်နှလုံးတစ်စုံ
ရှိမယ်ရောင့်ရဲ့တင့်တိမ်တတ်မယ်၊ ကျေးဇူးသိတတ်မယ်ဆိုရင် ဘဝကပျော်ရွှင်ပါတယ်

ပျော်ရွှင်ခြင်းဆိုတာ သင့်မှာပိုင်ဆိုင်မှု ဘယ်လောက်များတယ်ရာထူးဂုဏ်အရှိန် ဘယ်လောက်ကြီးတယ်ဆိုတာနဲ့ တိုင်းတာ,တာမဟုတ်ပါဘူး

လူတွေနဲ့ သင့်မြတ်အောင်ပေါင်းတယ်၊ မိသားစုအချင်းချင်း ချစ်ချစ်ခင်ခင်ရှိတယ်ကျန်းမာတဲ့ခန္ဓာကိုယ်ရှိရင် လူကိုပျော်ရွှင်စေပါတယ်။


ကမောက်ကမနိုင်တဲ့အဖြစ်တစ်ခုအပေါ် အကြာကြီး ညှိမိမနေနဲ့.... ညှိတာကြာရင် စိတ်ရှုပ်မယ်၊ နာကျင်မယ်၊ မုန်းမယ်၊ မောပန်းမယ်၊ အစာမကြေဖြစ်မယ်၊ သောကရောက်မယ်၊ ကြေကွဲမယ်။

နောက်ဆုံးမှာ အဲဒီအဖြစ်ကို ငါတို့ဖြတ်မကျော်နိုင်တာမဟုတ်ဘဲငါတို့ရဲ့ခံစားချက်ကို ငါတို့ဖြတ်မကျော်နိုင်ဖြစ်တတ်တယ်။

ဘယ်လိုပဲ ကမောက်ကမနိုင်ပါစေ.... လှည့်ထွက်တတ်ရတယ်၊ ကျော်ဖြတ်တတ်ရတယ်လှပတဲ့ ရှုခင်းဆီသွားရာလမ်းမှာ အမှတ်မထင် မြောင်းပုပ်တစ်ခုတွေ့လိုက်မိလို့ အလှအပကို သွားရောက်ခံစားမယ့်စိတ်ကို ညစ်နွမ်းစေပြီး လှပတဲ့အရာတွေကို လက်လွတ်မလား!  
လှပရှုခင်းဆီသွားမယ့် ကိုယ့်ရည်ရွယ်ချက်တွေ ပျောက်ဆုံးကုန်လိမ့်မယ်။
 ( နိုင်းနိုင်းစနေ )

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...