သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, January 13, 2013

PostHeaderIcon လူကြီး သူငယ်နာ...



မောင်သန့်…(u n)         (နှစ်ပေါင်း ၇၀ ကျော်က စာတစ်ပုဒ်)

ကျွန်ုပ်တို့ မြန်မာလူမျိုးများတွင် ထင်သာ မြင်သာသော ချို့ယွင်း အားနည်းချက် တစ်ခု
ရှိပါသည်။ဤ အားနည်းချက်သည်ပင် ဖွံ့ဖြိုးမှု နောက်ကျရခြင်း၏ အကြောင်းရင်းခံ
တစ်ခု ဖြစ်နိုင်သည်။ ဤသို့သော ပျော့ကွက် ဟာကွက်မျိုးကို အမေရိကန်တို့က လူကြီး
သူငယ်နာ ရောဂါဟု ခေါ်ကြသည်။ ကျွန်ုပ်တို့ နိုင်ငံတွင်လည်း အသက်ကြီးပြီး အချိန်မစီး
သည့် ကလေးပေါကြီးတွေ ပေါမှ ပေါဖြစ်လေရာ၊ သူတို့ပြောသော ရောဂါအမည်နှင့် 
အဟပ်ညီမည် ထင်ပါသည်။သို့နှင့်တိုင် အဆိုပါ အပြစ် အနာအဆာမှာ စိတ်နှင့်ကိုယ်တွင်
ကပ်ငြိနေသော ရောဂါဆိုသည်ထက်၊ အသိပညာအရာတွင် ကလေကဝနိုင်မှုနှင့် ပို၍
ဆိုင်ပါလိမ့်မည်။ မည်သို့ပင်ရှိစေ ဤလိုရောဂါမျိုး ဖိစီးနှိပ်စက်ခံနေရသည့် မြန်မာလူမျိုး
အရေအတွက်သည်ကား ပို၍ပို၍ များလာဟန် ရှိပါသည်။ ထားတော့ . ၊ 
ဤ ချို့ယွင်း အားနည်းချက် (ဆိုကြပါစို့ ရောဂါ) ဆိုသည်မှာ ဘာကို ဆိုလိုပါသနည်း။
ဤရောဂါက ကျွန်ုပ်တို့ မြန်မာတွေကို ဘယ်သောင် ဘယ်ကမ်း ဆိုက်စေမည်နည်း.။

ကလေး တစ်ယောက်က သူ့ကစားဖော် သူငယ်ချင်းကို ပြောလေ့ပြောထ ရှိသည်များကို
ကျွန်ုပ်တို့တစ်တွေ မကြာခဏ ဆိုသလို ကြားရလေ့ရှိသည်။ “ငါ့အိမ်က မင်းအိမ်ထက်
ပိုကြီးသကွ”၊ “ငါက မင်းထက်ပို အပြေးသန်သကွ”၊ “ငါ့အဖေက မင်းအဖေကို အသာ
လေးနဲ့ နောက်ကောက်ချနိုင်တယ် မောင်” စသည်ဖြင့်။ ဤသို့သော ကလေးအကြွား
မျိုးကို မိဘဖြစ်သူများက ဟန့်သယောင်၊ တားသယောင် ဆောင်ကြသော်လည်း စိတ်ထဲ
ကတော့ ကျိတ်သဘောကျ နေကြသည်က များသည်။ 
ဒီလိုနှင့် ငယ်ကျင့်တွေမှာ လူကြီးဘဝအထိ ပါလာတော့သည်။ ဦးရွှေက သူ့ဇနီးအတွက်
ရွှေဘီးတချောင်း လုပ်ပေးသောအခါ အိမ်နီးချင်း ဦးငွေက အားကျမခံ သူ့မိန်းမကို စိန်ဘီး
လုပ်ပေးသည်မှာ အဆိုပါ ဖော်ပြချက်မျိုး ဖြစ်ပါသည်။ ထို့ထက်တစ်ဆင့် တက်လာသော
အခါ ပိုဆိုးလေတော့သည်။ “ဟေ့ ငါတို့ မြန်မာဘုရင်တွေက ယိုးဒယား၊ အာသံနဲ့ မဏိပူ
ရကို နိုင်ခဲ့တာကွ၊ ဘာမှတ်လဲ"စသည်ဖြင့်။ မိမိ အောင်မြင်မှုအပေါ် သွေးနားထင် ရောက်
နေသောကြောင့် အခြားနိုင်ငံနှင့် လူမျိုးများအပေါ် အဖက်မတန်သကဲ့သို့ သဘောထား
သော (ဘဝင်) စိတ်ပင် ဖြစ်ပါသည်။ 
“ဟိတ်၊ တို့အတန်းထဲမှာ ငါအတော်ဆုံး၊ ငါ အလိမ္မာဆုံးကွ” ဆိုသည့် ကလေး
စကားနှင့် ဘာ ကွာတော့မည်နည်း။

လူဦးရေနှင့် နှိုင်းယှဉ်ကြည့်လျှင် ကျွန်ုပ်တို့နိုင်ငံတွင် ဝတ်ပြု ကိုးကွယ်စရာ ဘုရား ကျောင်း
ကန်များ အခြား မည်သည့် တိုင်းပြည်ထက်မဆို ပိုများပါသည်။ သို့နှင့်တိုင် ကျွန်ုတို့တတွေ
၏ ဘာသာရေး အဆုံးအမများအပေါ် စောင့်ထိန်း လိုက်နာမှုမှာ အားနည်းလှသည်ဟု ဆိုချင်
သည်။ ကျွန်ုပ်တို့ ဘာသာတရားက ဘုန်းတော်ကြီးများကို လောကီရေးတွင် ဝင်မစွက်ဖက်
ရန် တားမြစ်ထားသည်။ သို့နှင့်တိုင် အငြိမ့်ပွဲ၊ ဇာတ်ပွဲများ သွားကြည့်ပါက ဝါဝါဝင်းဝင်းများ
မမြင်ချင်အဆုံး ဖြစ်တော့သည်။ကျွန်ုပ်တို့နိုင်ငံတွင် သယံဇာတ ပေါကြွယ်သည်ဟု နာမည်
ကြီးသည်။ သို့နှင့်တိုင် ကျွန်ုပ်တို့တစ်တွေကား‘ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ’ ဟုဆိုသကဲ့သို့
ဖြုန်းတီးမှုကို အဟုတ်ကြီး ထင်နေကြသည်။ ဘာကြောင့်  ဤသို့ ဖြစ်နေပါသနည်း။
စိတ်ဓာတ်ရေးရာအရ နို့စို့ ကလေးဘဝမှ မတတ်နိုင်သောကြောင့်ဖြစ်ပါသည်။

ကျွန်ုပ်တို့ မြန်မာများသည် ကမ္ဘာပေါ်တွင် အနုပညာ ပါရမီအသန်ဆုံး လူမျိုးတစ်မျိုး ဖြစ်
သည်မှာ မှန်ပါသည်။ သို့နှင့်တိုင် အနုပညာသည်များ (ဇာတ်မင်းသား၊ ဇာတ်မင်းသမီး)
များနှင့် ပတ်သက်လျှင်မူ အောက်တန်းစား ဖက်ခွက်စားဟု သဘောထားကြသည်က
များသည်။ သူတို့နှင့် ကြမ်းတစ်ပြေးတည်း ထိုင်လျှင်ပင် အရှက်ရစရာ၊ သိမ်ငယ်စရာဟု
ထင်ကြသည်။ နိုင်ငံခြားသားတို့၏ စဉ်းစား တွေးခေါ်ပုံ၊ လုပ်ကိုင် ဆောင်ရွက်ပုံများနှင့်
ပတ်သက်လျှင်လည်း အတုယူ၊ နည်းယူစရာ ရှာမကြည့်တတ်။ အထင်သေး ရှုတ်ချကြ
သည်က များသည်။ ပြောရလျှင် အစစအရာရာ ကျွန်ုပ်တို့ တတွေမှာ အရွယ် မရောက်
သေးသော ကလေးစိတ်နှင့် လူကြီးကိုယ်များ ဖြစ်နေတော့သည်။

ကျွန်ုပ်တို့နိုင်ငံ ရောက်လာကြသော နိုင်ငံခြား ဧည့်သည်များက ကျွန်ုပ်တို့ကို သဘောကျကြ
ပါသည်။ “နက်ဖြန်ခါအတွက်ပင် တွေးမပူတတ်သော ပျော်ပျော်နေ သေခဲလူမျိုး” ဟုလည်း 
မကြာခဏ ဆိုသကဲ့သို့ ပြောတတ်ကြသည်။ ဤကောက်ချက်မျိုးကို ကျွန်ုပ်တို့က ဂုဏ်ယူမဆုံး
ဖြစ်နေကြသည်။ လူကြီးတစ်ယောက်၏ မြှောက်ပင့်စကားကို ကျေနပ်ပီတိ ဖြာနေသော က
လေးလေး တစ်ယောက်နှင့်ပင် တူသေးတော့သည်။ ကျွန်ုပ်တို့ ဟာသက ရိုးတာသည်။ ကျွန်ုပ်
တို့စကားက ပေါ့ပြက်သည်။ ကျွန်ုပ်တို့အတွေးက တိမ်သည်။ သင့်၊ မသင့် မှန်၊ မမှန် ကိုယ်
တိုင် မစဉ်းစား။ စဉ်းစား ဆုံးဖြတ်ရမည့်အလုပ်ကို ဆရာတော်များနှင့် ဂုဏ်သရေရှိ လူကြီး
မင်းများကိုသာ လွှဲထားသည်။ ကလေးများနှင့် ဘာကွာတော့မည်နည်း။

ကျွန်ုပ်တို့ လူမျိုးမှာ 'စံ'သတ်မှတ်ချက်များကိုလည်း အလွန် ကိုးကွယ်လေ့ရှိပါသည်။ သို့
သော် 'စံ'အတိုင်းကား မကျင့်။ ကျင့် သယောင်ယောင် ဆောင်ကြသည်။ မိမိကိုယ်ကိုယ်
ဆန်းစစ် ဝေဖန်သည်မျိုး အလျဉ်းမရှိ၊ သူများအထင်သေးမှာ ကြောက်သောကြောင့် ဖြစ်
သည်။ ဤအကျင့်က ကျွန်ုပ်တို့စာပေတွင် ထင်ဟပ်လျက်ရှိသည်။ အကယ်၍များ အိပ်(ချ)
ဂျီဝဲ(လ)တို့၊ ဒီအိပ်(ချ)လောရင့်တို့၊ ဂိုဂို(လ) တို့သာ မြန်မာနိုင်ငံတွင် လူဖြစ်ခဲ့လျှင် ကမ္ဘာ
ကျော် စာရေးဆရာကြီးများ ဖြစ်လာလိမ့်မည် မဟုတ်။ အပယ်ခံ မိစ္ဆာဒိဋ္ဌိများ ဖြစ်ဖို့များ
သည်။ ဆိုင်းဘုတ် မျိုးစုံတပ်ကာ စွပ်စွဲ ပုတ်ခတ်ခံရဖို့သာ ရှိလိမ့်မည်။

မြန်မာ့နိုင်ငံရေးတွင်လည်း ဤနည်းနှင်နှင်ပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့အကျင့်က နိုင်ငံရေး
သမားတစ်ယောက်၏ တန်ဖိုးကို ကြိုက်၊ မကြိုက် ဆိုသည်နှင့်သာ ဆုံးဖြတ်သည်။ ကျွန်ုပ်
တို့ နိုင်ငံတွင်သာ ချိန်ဘာလိန်လို အရည်အချင်းမျိုးရှိသည့် နိုင်ငံရေးသမားမျိုး ရှိလျှင် သူ့
သက်တမ်းမှာ (၆)လထက် ပိုမခံ၊ မြန်မာတွေက အရည်အချင်းထက်၊ သူတို့ ဟာဒယကို
ထိ၊ မထိသာ ကြည့်တတ်သည်။
ယနေ့ မြန်မာ့နိုင်ငံရေး လောကကို ကြည့်လိုက်လျှင်လည်း သတင်းစာများအတွက်
သတင်းဖြစ်ရုံထက် ဘာမျှ မပို။ အချင်းချင်း ရန်ဖြစ်နေကြသည်က များသည်။ ပါတီနှစ်ခု
ရှိလျှင် တခုနှင့်တခု အပြန်အလှန် တိုက်ခိုက်မည်။ အဆဲ ကောင်း၊အတိုက် ကောင်းလျှင်
နာမည် ကြီးမည်။ အစိုးရကို နာနာ ဆဲနိုင်ပါက ပိုလူကြိုက် များလိမ့်မည်။ မြန်မာ့ဓလေ့တွင်
အစိုးရ (မင်း)ကို ရန်သူမျိုး ငါးပါးထဲ ထည့်သွင်းထားသည် မဟုတ်ပါလော။

မြန်မာ့ရေခံမြေခံမှာ  ဒီမိုကရေစီစနစ် ရှင်သန်ရန် အကောင်းဆုံးဟု ဆိုကြသည်များ ရှိသည်။ လူတန်းစားကွာဟမှု ပြောပလောက်အောင် မရှိသောကြောင့်ဟု ဆိုသည်။ သို့ဖြစ်လင့်ကစား
ကျွန်ုပ်တို့တစ်တွေမှာ ကိုယ့်သား ကိုယ့်သမီးတွေကို ယခုကဲ့သို့ ဆုံးမလေ့ရှိကြသည်။“သားရေ
သမီးရေ - ဟိုကလေးနဲ့ မကစားကြနဲ့နော်။ ဒင်းတို့တစ်တွေက အဆင့်အတန်း မရှိဘူးကွဲ့။” 
ကျွန်ုပ်တို့ လူကြီးအချင်းချင်းလည်း ယခုကဲ့သို့ ပြောလေ့ရှိကြသည်။“ဦးချမ်းသာနဲ့ ဒေါ်ပိုက်ဆံ
ကို သိသမို့လား။ ဒီလိုမြို့လေးမှာ သူတို့ ဘယ်နေနိုင်မှာလဲ။ သူတို့ ကလေးတွေအတွက် ပေါင်း
စရာ မရှိဘူးတဲ့လေ။ သူတို့ အိမ်နီးချင်းတွေက စာရေးစာချီနဲ့ ကျောင်းဆရာတွေကိုးရှင့်...” 
စသည်ဖြင့်။

ဤသည်တို့မှာ မြန်မာတဦး၏ မြန်မာလူမျိုးအပေါ် အမြင်များဖြစ်ပါသည်။ စိတ်ပျက်ရန် ရေး
လိုက်သည် မဟုတ်။ သိမှတ် လက်ခံပြီး သကာလ ဘာကြောင့် ဤသို့ဖြစ်ရသည်ကို 
အကြောင်းရှာ စိစစ်ကြရန် ဖြစ်သည်။ 
ဤသို့လုပ်နိုင်လျှင် ရောဂါတစ်ဝက် ကုသပြီး ဖြစ်နိုင်ပါသည်။

စာညွှန်း -( ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့် Oh! We Burmans
ခေါင်းစဉ်ဖြင့် ရေးသားခဲ့သော ဆောင်းပါးအား   The Waves မဂ္ဂဇင်း အယ်ဒီတာက 
ဆီလျော်သလို ထုတ်နုတ် ပြန်ဆိုထားပြီး ၂၀၁၁ ခုနှစ် ဧပြီလထုတ် Thaves မဂ္ဂဇင်းတွင်
ဖော်ပြထားသည်ကို ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။)
(ယနေ့အချိန်အထိ မြန်မာတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ လိုပဲ မပြောင်းလဲကြသေးပါလား
..လို့ တွေးမိတယ်...)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...