သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, January 11, 2013

PostHeaderIcon ရောက်တတ်ရာရာ...

ချစ်တဲ့သူနဲ့ လွဲရတာလဲ ဒုက္ခ...
မချစ်တဲ့သူနဲ့ ပေါင်းသင်းရတာလဲ ဒုက္ခတဲ့ ...
ဗုဒ္ဓက ဟောခဲ့တယ် ဆိုပဲ...
ကျုပ်ကတော့ အညာသားမို့
တကမ္ဘာခြားနေလဲ အချစ်မပျက်ပါဘူး...
မနှစ်သက်လို့ လက်ကလေးပြပြီး...
ထွက်ပြေးကြရင်လဲ အချက်ပေးပြီးသား နှလုံးသားမို့
အမုန်းမပွားခဲ့ပါဘူး...။
အချစ်ဆိုတဲ့ ပူလောင်တဲ့မီးကို
လူကောင်မမြင်ပဲ ဆူလောင်အောင် လုပ်ခဲ့မိတာကိုး...။
သံယောဇဉ်ဆိုတာလဲ ဒုက္ခဖြစ်ဖို့ ဖြစ်ဖျားလေးတခုဆိုပဲ
အချစ်က ခါးသွားတတ်ရင်တောင် 

သွားကြားညပ်သလိုမျိုး ဖြစ်တတ်လား...
အယုအယ အညာတွေနဲ့ သမုဒယတဏှာ ဆိုတာကလဲ
ခုဘဝမှာရော နောင်အထိ လှောင်မိနေမယ့် ဆင်းရဲပိုက်ကွန်မို့
အမှိုက်သွန်သလို မငဲ့ကွက်မှ လှည့်ထွက်နိုင်မယ်ထင်တယ်...။
လူ့သဘောကိုက ခုပြောလိုချင်ပေမဲ့လဲ
သူ့မနော မချိုတဲ့အခါမျိုးနဲ့ အသစ်မြင်ရင်လဲ 

အပြစ်မြင်တတ်တာပဲလေ...။
စိတ်နှလုံးကို ခဝါချပြီး ဘာမှ မရှိပဲ
ရှင်းလင်းနေတဲ့ အခါမျိုးဖြစ်အောင်
အသိနဲ့အသာ ဖယ်ထုတ်နိုင်ရင် အပယ်အငုတ်လေးတောင် မကျန်ပဲ
အပြတ်ရှင်းခဲ့ရင် လက်ငင်းခံစားရမှာက ချမ်းသာမှုပါပဲ...။
သံယောဇဉ်ဆိုတာလဲ ကံသဘောအသွင်မို့
ပြန်မပြောချင်လောက်အောင် ဖြစ်တတ်တာဟာ
ချစ်တတ်လို့ လစ်လပ်ပြီး အချစ်ငတ်သွားတာပါပဲ...။
သူ့သဘောအတိုင်း ကျောခိုင်းလိုက်တာက
အပူအဝက်ကို ယူထွက်သွားသလို ခံစားရမယ်ထင်တယ်...။
ကဲ... ရုတ်တရက်မို့ နှုတ်မဆက်တော့ဘူးနော်...
ကျုပ်အတွက် အရှုတ်ရပ်ပြီး အလုပ်ဆက်လုပ်လိုက်ဦးမယ်....။

          ( နွေနှင်းမိုး )

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...