သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, January 19, 2013

PostHeaderIcon အာဇာနည်ဗိမာန်

သြော် ..  အဆောင်ဆောင်နန်းတွေ ကြငှန်းတွေနှင့်
အခေါင်မမြန်းခင်က  အောင်စာတန်းချို့စေဖို့ ၊ အောင်ပန်းညို့ရရှာတဲ့
တောင်တမန်း တို့ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနဲ့
အောင်ဆန်းတို့  မသာမယာဟာ ၎င်းကံကြမ္မာ အလုပ်ပေထင့်
သောင်းမြန်မရဏာ စမုတ်မှာတော့ ချုပ်သနဲ့ယင်းအလိုတွင်
ဒေါင်းလံပုဝါ အုပ်ပါလို့ ကျုပ်ဖြင့်သဂြိုဟ်ချင်။

☺ သြော် ... တပည့်ရင်းတွေမို့
က၀ိမတင်းနိုင်ဘူးကွဲ့
သတိကင်းကာ မျက်ရည်ကျကျပြီး
ခက်ကပြီ လက်ဆည်လို့မရနိုင်ဘု
သောက ဗလောင်ဆူတော့
တောင်ဇမမ္ဗူ ပုဂံခေတ်ဆီက
ယခေါင်မူ ယမန်သနစ်တွေပေါ့
ရန်အဖြစ်မကွဲ့ မနှေးသနော်။
တသောင်း ဒီဇမ္ဗူ ရမ်းနေကြ
ကျန်ရစ်ကဲ့  မြေးတော် အလောင်းစည်သူရဲ့နန်းကိုဖြင့်
လူကြမ်းဒမြတွေ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မှ 
ဘေးအပေါင်းကြီးစွာ ဝေဒနာအစုံနဲ့
သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင်
ရွှေမြန်မာဘုံမှာ အမင်းမင်း သမ္မတတွေနဲ့
သတင်းလှတဲ့ အင်းဝရာဇာအမွန် သာလွန်မင်းကိုမှ
သားရင်း ရှင်တရုတ်ကယ်က
ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွင်ဖြင့်
ဒဝယ်သားတွေ ဗိုလ်မင်းခံလို့မို့
ပာိုအယင်ယမန် နန်းတော်စီးစဉ်က
အပျက်ကြီးပျက်ကာ အသက်ခန္ဓာတွေ ဆုံးပုံနဲ့
တထုံးနောင်တ နဲမှာတော့
မင်းရဲရန္တမိတ်ခမျာမှာ ညီသနင်းပေပေါ့
ပြည်မင်း ဂုဏ်ခံလို့ 
မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့ အတိုင်းရဲ့ပြင်
မွန်တိုင်းနယ် ရွှေပြည်တခွင်မတော့
ဓမ္မစေတီဘုရင် လက်ထက်တုန်းဆီက
လက်ရုံးရည် တသိန်လျှမ်းပေတဲ့
သမိန်ပရမ်းဆိုသူ စစ်ဗိုလ်ချူပ်ကိုဖြင့်
မဟုတ်တရုတ်အကောင် တေလေတစ္ဆေကိုက်တာနဲ့ 
သြော်.....ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော
မရေမရာ သေရွာဆိုက်သလိုပါ့
အခိုက်အခါ တူလို့ မို့ 
ဆရာတမူ မကြာမကြာလွမ်းရပါတဲ့
ဘမရာအဆူဆူ ကြာကြငှန်းတွေနှင့်
မြန်မာဇမ္ဗူ အညာမန်းတွင်ဖြင့်
ငါတလူ ငါသရမ်းရော့မဟဲ့လို့ 
သာခန်း ပလ္လင်ညွှန်းပြီး
မြင်ကွန်းပိုင် သူပုန်ထစဉ်က ကြုံရသူ မသာတော်နှင့်
ပမာသော် တူတယ်လို့ နှိုင်းမိတယ်
ရိုင်းသနဲ့  အတိတ်ယခင်လိုနော်ကွယ်
စစ်ကိုင်းတပဲ့ ဂိုဏ်းအဖွဲ့ တွေနဲ့ 
မှိုင်းရဲ့ စိတ်ထင်။

☺မင်းစိတ်မင်းမာန် အကြံအဖန် တင်းလိုက်ပုံက
အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့ 
ရန်ခပင်းကိုတဲ့ မောင်းကာနှင်
ဒေါင်းမြန်မာ တခွင်မှာဖြင့် အထက်ယခင်သဘော
(အိုကွယ်) တကောင်းရာဇ၀င်ကိုတဲ့ ဆက်ချင်သကော။

☺နန်းမြို့ တည်ရန်
မှန်းလို့  ရည်ကာသန်တဲ့
ညီလာခံ ဗိုလ်ရှုပွဲတွင်မှ
ထိုထိုလူ့ခပဲကို မကြည်ညိုတဲ့
ဝသီအလို တဖြေးဖြေး ရူးမဟဲ့လို့ 
တနွေးနွေးမူးမူးပြီး ခွေဘီလူးလို အကောင်မိုက်တွေက
သြော်.....အမှောင်စရိုက်ကယ်နှင့်
ပြောင်ပြောင်ပဲ မိုက်မပေါ့လို့ 
ဗြောင်ကိုက်သဟာမှာ ယာယီယတြာအချိန်နဲ့  ဇာတာမှိန်လို့ မို့ 
ဂနာမငြိမ် တာဝတိံယွန်းကြပေါ့
ဖြေမကြည် နေရီတော့ လွမ်းစေဘို့ 
မြန်မာပြည်ပေါ်ကို ဓမ္မစည်တော် ရွမ်းချိန်မို့ 
အစွမ်းကုန် သည်တခါဖြင့်
ပြည်ရွာ ညီညာဘို့ အလုပ်ပေပါ့
သုဿာန် တံခွန်စောင်း ရရှာတဲ့
ရုပ်အကျန် ခုနှစ်လောင်းရယ်နှင့်
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်
အာဇာနည် ဗိမာန်ပုထိုးကိုဖြင့်
ပါရမီ အဓိဌာန် တမျိုးရယ်နှင့်
ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့
မြန်မာမတော့ ပူစရာဘို့ 
တဗျူဟာ အောင်ခမန်းတွင်မှ
လူမသမာ အမှောင်သန်းချိန်မို့ 
သောင်ကမ်းမို့ မို့ ဆီက
ဖောင်နန်းကူးတို့ နှင့်
အကြေဒဂုံတည်းဟူသော ရေစုန်မျောလေရဲ့
သြော်.....တောင်နန်းမြောက်နန်း အဆောင်ဆောင်ကြငှန်းနဲ့ 
အခေါင်မမြန်းရခင်က အောင်ပန်းညှို့ရရှာတဲ့
အောင်ဆန်းတို့  သေပုံနှမြော။
   
 ( ဆရာကြီးသခင်ကိုယ်တော်မှိုင်း - ၁၉၄၇)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...