သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, January 11, 2013

PostHeaderIcon ဒဿန

ကြံ့ခိုင်သန်မာဖူးမှ ဒီလောက,က ပျော့ညံ့သူအလိုမရှိဆိုတာကို သိတယ်။
လဲကျဖူးမှ လဲကျခဲ့တဲ့နေရာကပြန်ထ ရှေ့ဆက်လျှောက်ရမယ်ဆိုတာကို သိတယ်။
ငိုကြွေးဖူးမှ ကိုယ့်နှလုံးသားလဲနာကျင်တတ်တယ်.. 
နာကျင်ရင် မျက်ရည်ကျတတ်တယ် ဆိုတာကိုသိတယ်။
ဒဏ်ရာရဖူးမှ ကိုယ်ဘယ်လောက်ခံနိုင်ရည်ရှိရှိ တကယ်တော့ အားနည်းချက်လဲရှိတယ်
ဆိုတာကိုသိတယ်။
ချစ်ခဲ့ဖူးမှ အချစ်ဆိုတာ ရယူ၊ မေ့ပျောက်ရခက်သလို ဝမ်းနည်း၊
ပျော်ရွှင်မှုတွေလဲပေးတယ် ဆိုတာကိုသိတယ်။

တိမ်ဖြူ တဖြေးဖြေးလွှင့်ပါးသွားတာကို
ကောင်းကင်ကြီး သတိမထားခဲ့မိဘူး။
ဒီရေ တဖြေးဖြေးထွက်ခွာသွားတာကို
သဲသောင်ပြင် သတိမထားခဲ့မိဘူး။
လရောင်တဖြေးဖြေး ကွယ်ပျောက်သွားတာကို
ညအမှောင် သတိမထားခဲ့မိဘူး။

အချစ် တဖြေးဖြေးလျော့ပါးလာတာကို
ငါတို့ သတိမထားခဲ့မိဘူး။
ဘယ်နေရာမှာ ဘာတွေမှားခဲ့တယ်ဆိုပြီး
အရာအားလုံးကို နှုတ်ဆိတ်တိတ်ဆိတ်စေခဲ့တယ်။

နင်က ပြောတယ်...
နင်ထွက်ခွာမသွားပါဘူးတဲ့
ဟုတ်ပါတယ်.. ငါ့ဘေးကနေ နင်ထွက်မသွားပါဘူး
"အချစ်"ကသာ ငါတို့ကို ခွဲထွက်သွားခဲ့တာပါ.။


  ( နိုင်းနိုင်းစနေ ) 

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...