သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, March 20, 2013

PostHeaderIcon အမြင်ကျယ်ရမယ်

ဒို့ဘုရားရှင်က- ဒက္ခံ ဂဟပတီ သာဓု၊
ဂဟပတီ ဂဟပတီနံ- လောကီလူသားများအဖို့(၀ါ) လောကမှာ
နေထိုင်တဲ့ ပုဂ္ဂိုလ်များအဖို့၊
ဒက္ခံ-ပညာရေး စီးပွားရေး ကုသိုလ်ရေး နိုင်ငံရေး အစရှိသည့် အဖက်ဖက်မှာ အမြင်ကျယ်
ခြင်းဟာ၊ သာဓု- ကောင်းတယ်တဲ့။

အဲဒါ မင်းတို့ လောကီလူသားများ လောကမှာ နေထိုင်တဲ့ပုဂ္ဂိုလ်များအဖို
ပညာရေးလဲ
အမြင်ကျယ်ရမယ်၊ ကုသိုလ်ရေးလဲ အမြင်ကျယ်ရမယ်၊ နိုင်ငံရေးလဲ အမြင်ကျယ်ရမယ်၊
လူမှုရေးလဲပဲ အမြင်ကျယ်ရမယ် လို့ ဘုရားရှင်က ဟောကြားထားတယ်။

ကုသိုလ်ရေးအမြင်ကျယ်တယ်ဆိုတာ တခြားပြောတာ မဟုတ်ဘူး၊ မင်းတို့
ဆွမ်းလောင်းတယ်၊ သင်္ကန်းလှူတယ် ကျောင်းဆောက်တယ်၊ ဘယ်ကုသိုလ်ပဲ လုပ်လုပ် ပိုက်ဆံကတော့ ကုန်မှာ
ဘဲ၊ ဆွမ်းလောင်းတော့လဲ ပိုက်ဆံကုန်မှာဘဲ၊ သင်္ကန်းလှူတော့လဲ ပိုက်ဆံ ကုန်မှာဘဲ၊
ကျောင်းဆောက်ရင်လဲ ငွေကြေးကတော့ ကုန်မှာဘဲ၊ ဒီတော့ ငွေကြေးကုန်တာချင်းအတူတူ
ပိုပြီးတော့ အကျိုးများတဲ့ ကုသိုလ်မျိုးကို လုပ်ရမယ်၊ အဲဒါ ကုသိုလ်ရေးမှာ အမြင်ကျယ်တယ်
လို့ ခေါ်တယ်။

မင်းတို့ ဒကာဒကာမတွေ ကုသိုလ်ရေးအမြင် အင်မတန်ကျဉ်းတယ်၊
ဘာဖြစ်လို့ ကျဉ်းတယ် လို့ ပြောရသလဲဆိုရင် တချို့ကျောင်းတွေ နေထိုင်မယ့် ဘုန်းကြီးမရှိဘူး၊ သွားပြီးတော့
ကျောင်းဆောက်တယ်၊ တနှစ်ပတ်လုံး တရက်မှလဲပဲ ဘုန်းကြီးက တက်ပြီးတော့ မကျိန်း
စက်ဘူး၊ ဒီအတိုင်း တံခါးကြီးပိတ်ထားတယ်၊ အဲဒါ ဘာမှ မင်းတို့ အကျိုး မများဘူး၊ ကျောင်း
ဆောက်တဲ့အတွက် ကုသိုလ်ကတော့ ရမှာပေါ့။

ဒါပေမဲ့ ကျောင်းဆောက်ထားပြီးတော့ တနှစ်ပတ်လုံး အဲဒီကျောင်းပေါ်
ဘုန်းကြီး တညမှ
မကျိန်းဘူး၊ တရက်မှ မနေဘူးဆိုရင် ဒီကျောင်းအတွက် ဘာများ အဓိပ္ပါယ်ရှိမှာလဲ?လက်တွေ့ အကျိုးမများဘူး၊  အဲသလို အကျိုးမများတဲ့ ကုသိုလ်မျိုးမလုပ်ပါနဲ့။ မင်းတို့ ဒကာ ဒကာမတွေ
လဲ အမြင်ကျယ်ဘို့လိုတယ်။ ။

မစိုးရိမ်တိုက်သစ်ကြီးများ၏  အဓိပတိမဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...