သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, March 20, 2013

PostHeaderIcon မစိုးရိမ်ကျောင်းဒကာ

ဘုန်းကြီးတွေကလဲ အမြင်ကျယ်ဘို့ လိုတယ်၊ ဘုန်းကြီးတွေ အနေနဲ့ ကိုယ့်ဆီမှာ ပြည့်စုံနေပြီ ဆိုရင် ကျောင်းလာဆောက်လဲ အဲဒါ လက်မခံဘဲနဲ ဒီပြင်နေရာ လိုအပ်တဲ့နေရာ သွားပြီး 
ကျောင်းဆောက်ပါ ကုသိုလ်ပြုကြပါလို့ အဲသလို ညွှန်ကြားရင် ကောင်းတယ်၊
ရှေးဆရာတော်တွေက  အဲသလို ညွှန်ကြားတာ။

ဒို့ မစိုးရိမ်ကျောင်းတိုက်ကြီးဆိုရင် ကျောင်းဒကာကြီး ဦးသက်ရှည်က
မြစ်ငယ်နားမှာရှိ
တဲ့ ဥယျာဉ်တော်ရွာသား၊ သူ့ရဲ့ဆရာက မြို့ပြင်ကြီး ဆရာတော်၊ အဲဒီမြို့ပြင်ကြီး ဆရာ
တော်က တောရွာမှာ သီးတင်းသုံးတယ်၊ မြို့ပြင်ကြီးမှာ သီးတင်းသုံးတယ်ပေါ့၊ ဦးသက်
ရှည်က စီးပွားရေး တိုးတက်လာတော့ မြို့ပြင်ကြီးဆရာတော်ကို လျှောက်တယ်၊ တပည့်
တော် ကျောင်းဆောက်မယ်ဘုရား၊ ကျောင်းအကြီးကြီး ဆောက်မယ်။

အဲသလိုလျှောက်တော့ မြို့ပြင်ကြီးဆရာတော်က သက်ရှည် မင်းက ကျောင်းအကြီးကြီး

 ဆောက်နိုင်တယ် ထား၊ ငါကလဲ စာချနိုင်တယ် ထား၊ စာသင်သား ဦးဇင်းတွေကလဲ ဒို့ဆီ
မှာ လာပြီ ထား၊ ဒါပေမဲ့ မင်း စဉ်းစားကြည့် မြို့ပြင်ကြီးဆိုတာက ရွာငယ်လေး၊ အဲဒီရွာငယ်
ကလေးက သံဃာတရာကို နေ့စဉ် ဆွမ်းကျွေးနိုင်ဘို့ မလွယ်ဘူးကွ၊ ဒီတော့ တတ်နိုင်ရင် ငါ့
ဆီကို မင်း ကျောင်းမဆောက်ပါနဲ့၊ မန္တလေးမြို့မှာ စာသင်တိုက်ကြီးတွေ ရှိတယ်၊ အဲဒီ စာ
သင်တိုက်ကြီးတွေ ဆီ သွားပြီးတော့ ကျောင်းဆောက်ပါ။ မြို့ပြင်ကြီးဆရာတော်က
အဲသလို ညွှန်ကြားတာ။
 

ငါ့ဆီမှာ ကျောင်းသေးသေးပဲ ဆောက်၊ တပါးနေ ကျောင်းလေးပဲ ဆောက်၊ အဲဒီ မန္တလေးမြို့
မှာ သွားပြီးတော့ ကျောင်းကြီးကြီးဆောက်ပါ အဲသလို ညွှန်ကြားတဲ့အတွက် မင်းတို့ မစိုးရိမ်
ကျောင်းဒကာကြီး ဦးသက်ရှည်က ပထမ ဘုရားကြီးတိုက်ထဲမှာ အလယ်ကျောင်းကြီး
ဆိုတာ ဆောက်တယ်။

အဲဒီလို ဆောက်ပြီးတော့ စီးပွားက ပိုပြီးတော့ တိုးတက်လာတယ်၊
တိုးတက်လာတော့
ငါ သူများတိုက်ထဲမှာ ကျောင်းတဆောင် ဆောက်ရရုံနှင့် မကျေနပ်ဘူး၊ ဒို့ကိုယ်တိုင်
ကိုယ်ပိုင်စာသင်တိုက် တည်ထောင်မယ်ဆိုပြီးတော့ မြို့တော်ဝန် ဦးပေစိ ပိုင်ဆိုင်တဲ့
ဥယျာဉ်ကို ၀ယ်၊ ၀ယ်ပြီးတော့ အဲဒီနေရာမှာ မစိုးရိမ်တိုက်ဆိုပြီး ဆောက်တာ။

အဲဒီထဲမှာ ကျောင်းပေါင်း(၁၆)ကျောင်း ရှိတယ်၊ (၁၆)ကျောင်းမှာ (၁၅)ကျောင်းက ဦးသက်

ရှည်နဲ့ ဦးကျော် ဆောက်တာ၊ တကျောင်းကတော့ ဦးသက်ရှည်ရဲ့သမီး ဒေါ်ဝိ ဆောက်တာ၊
အကုန်လုံး သူတို့မိသားစုက ဆောက်ထားတဲ့ ကျောင်းချည်းပဲ။
အေး ဦးသက်ရှည်တို့ မြို့ပြင်ကြီးဆရာတော်တို့ ကုသိုလ်ရေး ဘယ်လောက်အမြင်
ကျယ်သလဲ
ကြည့်၊ မင်းတို့ အဲဒီ မစိုးရိမ်တိုက်ကြီး နောက်(၂)နှစ်ဆိုရင် နှစ်တရာ ပြည့်ပြီ၊ အဲဒီ နှစ်တရာ အ
တွင်း သံဃာတော်တွေ စည်စည်ကားကားနဲ့ အနည်းဆုံး  ငါးရာခြောက်ရာ တနှစ်တနှစ် သီးတင်း သုံးပြီးတော့ နေထိုင်ကြတယ်၊

ဒီတော့ မင်းတို့ လူငယ်တွေ ကုသိုလ်ရေး ပညာရေး နိုင်ငံရေး အစစအရာရာ
အဘက်ဘက်က အမြင်ကျယ်အောင် ကြိုးစားကြ။ ။

မစိုးရိမ်တိုက်သစ်ကြီးများ၏   အဓိပတိမဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...