သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, March 13, 2013

PostHeaderIcon "လယ်တီဆရာတော် ဆုံးမစာ'



 မုံရွာမြို့ အဘိဓမ္မာဆရာကြီး ဦးသဲကို ဆုံးမတော်မူတဲ့ မငဲ့မညှာ ကောင်းမွန်ပြီး
 ပြတ်သားလှတဲ့ ဆုံးမစာ
++++++++++++

ဆိုပိမ့်မညှာ၊ စေ့စေ့နာလော့၊ 
ဂင်္ဂါသဲမျှ၊ ပွင့်ကုန်ကြသား၊ ဘုရားသာသနာ၊ ခေတ်အခါဝယ်၊ 
လူ့ရွာနတ်၌၊ နင်ကြုံကြိုက်လည်း၊ အမိုက်မချွေ၊ အလိုက်နေ၍၊ အခြေမကြီး၊ 
အချည်းနှီးလျှင်၊ ယီးတီးယောင်တောင်၊ ခုတိုင်အောင်တည့်၊ 
သန်းခေါင် လကွယ်၊ တောအုပ်လယ်၌၊ 
ရှစ်နယ်ပတ်ကုံး၊ အပြည့်ဖုံးသည်၊ 
မိုဃ်းလုံး တိမ်တိုက်၊ လျှပ်မကြိုက်သား၊
 အမိုက်အပြား၊ အင်လေးပါးထက်၊ 
နင်ကား ရာထောင်၊ မကမှောင်၏။ 
လူ့ဘောင် လူ့ရွာ၊ သာသနာ၌၊ ကြမ္မာတော်၍၊ ယခုတွေ့လည်း၊ 
အလေ့ မလွဲ၊ အများနဲလျှင်၊ 
မိုက်မြဲနှင်နှင်၊ မိုက်စရွှင်၏။ 
မျက်မြင်လောက၊ ဤဘဝကား၊ ဒုက္ခစင်းစင်း၊ ချမ်းသာကင်း၏။
သေမင်း အစာ၊ နင့်ခန္ဓာကို၊ 
တဏှာဘီလူး၊ အမှောင့်ပူး၍၊ 
အရူးပြင်ပြင်၊ နင့်ကိုယ်ထင်၏။ 
နင်နှင့်မဆိုင်၊ နင်ပိုင် မဟုတ်၊ 
နင့်ရုပ် နင့်နာမ်၊ နင့်သန္တာန်ကို၊ နင့်ဉာဏ်မစူး၊ အပေါ်ဖြူး၍၊ 
မူးမူးမေ့မေ့၊ အများလေ့ဖြင့်၊ နေ့ရက်အပုံ၊ လွန်ခဲ့တုံပြီ၊ 
အာရုံ ၀တ္ထု၊ မီးစာစုကို၊ 
မှုမှုရရ၊ နင်အားကျလည်း၊ 
ထားပြသေမင်း၊ သူ့တပ်နင်းက၊
မငြင်းဆန်သာ၊ နင့်ခန္ဓာသည်၊
ပြာပုံအပြီး၊ ဖြစ်လုနီးပြီ၊ 
ယီးတီး ယားတား၊ သေ၍သွားလည်း၊ 
တရားမကြွယ်၊ အထုပ်ငယ်လျက်၊ အပါယ်စခန်း၊ သွားမြဲလမ်း၌၊ 
တပန်းဟိုက်ဟိုက်၊ တရှိုက် ငင်ငင်၊ တငြင်ငြိုငြို၊ ဆင်းရဲပိုလျက်၊ 
ထိုထိုဘဝ၊ အနန္တလျှင်၊ အစမဆုံး၊ အများထုံးတည့်၊ 
အနှုန်းမပျက်၊ အောက်နရက်ဝယ်၊ 
တသက်နွယ်နွယ်၊ အမြစ်တွယ်သို့၊ 
အပါယ်ထိုထို၊ ဥဒဟိုသည်။ 
       နင့်လို လူမိုက် သွားလမ်းတည်း … ။

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...