သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, March 20, 2013

PostHeaderIcon မြေပြင် မိသားစုကြီး

မင်းတို့နိုင်ငံက ရှင်းရှင်းပြောမယ်
လူကြီးရော လူငယ်ရော အူခြောင်ခြောင်တွေများတယ်၊
တယောက်ပါတီထောင်တယ်ဆိုရင်
အဟုတ်မှတ်ပြီး ပါတီထောင်၊ အဲသလို ကိုက များနေတယ်၊   အဲဒါ မှတ်ထား...
ဥဒါရစရိတာနံ တု ဝသုဓေဝ ကုဋုမ္ဗကံ ...
ဥဒါရစရိတာနံ - မြင့်မြတ်တဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တွေကတော့-
ဝသုဓာ - မြေတပြင်လုံးမှာ ရှိ
တဲ့ လူသား အားလုံးသည်။ကုဋုမ္ဗကံ ကုဋုမ္ဗကံဧဝ။ ငါတို့ရဲ့မိသားစုကြီး တခုတည်းသာတည်း။ 
(ဝါ) ငါတို့ရဲ့ အိမ်ထောင်စုကြီး တခုသာတည်း လို့ မြင့်မြတ်တဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တွေက 
အဲသလို စိတ်ထားရှိတယ်တဲ့။

သူ့ပါတီ ငါ့ပါတီလို့ မခွဲခြားဘူး၊ အဲသလို မခွဲခြားတဲ့ နိုင်ငံတွေ
ကမ္ဘာမှာ ကြည့် မင်းတို့ တိုး
တက်တာပဲ။ မင်းတို့က ပြောမှာပေါ့ကွ။ ဟာ ဆရာတော်နှယ် အမေရိကန်လဲ Republicam,
Democratic တို့ ရှိတာပဲ၊ အင်္ဂလန်လဲ Labour (labor),Conservative ဆိုတာ ရှိတာပဲ။ 
ဟုတ်တယ်။သူတို့က ပါတီနှစ်ခု သုံးခု အများဆုံးရှိ အဲသလောက်ပဲ။ 

သူတို့ ပါတီချင်း ရန်မဖြစ်ဖူးလားဆိုတော့ လွှတ်တော်ထဲမှာ ရန်ဖြစ်ပါတယ်။ လက်သီး
လက်မောင်း တန်းပြီး ငြင်းတာတွေ ခုန်တာတွေ လုပ်တာပဲ။ ဒါပေမဲ့ တိုင်းပြည် အကျိုးရှိ
မယ့် လုပ်ငန်း မှန်သမျှတွေကို သူတို့က အမြဲတမ်းလက်တွဲပြီးတော့ လုပ်လေ့ရှိတယ်ဗျ။ 
အဲသလို လက်တွဲလုပ်တဲ့အတွက် အဲဒီနိုင်ငံတွေ မင်းတို့ တိုးတက်တယ်။

ဟိုတုန်းက ပြင်သစ်မှာ ဒုတိယကမ္ဘာစစ်ပြီးတော့ အစိုးရမတည်ငြိမ်ဘူး၊
(၇)ရက်နဲ့ အစိုးရ
ပြုတ်ကျ၊ (၁၅)ရက်နဲ့ ပြုတ်ကျ၊ တလနဲ့ ပြုတ်ကျ၊ အစိုးရ အပြောင်းအလဲ ခဏခဏဖြစ်
တယ် ပြင်သစ်မှာ။ နာက် ဒီဂေါ တက်လာတယ်။ ဒီဂေါ တက်လာတော့ ပြင်သစ်နိုင်ငံ 
ဒီလို သူတလူ ငါတမင်း လုပ်ရင် ဘယ်တော့မှ ကြီးမြတ်တဲ့နိုင်ငံ မဖြစ်ဘူး။ နိုင်ငံကြီးစာ
ရင်းမှာ မဝင်နိုင်ဘူး၊ ဒီတော့ ညီညီညွတ်ညွတ် လုပ်ကြမှ ဖြစ်မယ်ဆိုတဲ့ ယူဆချက်နဲ့ 
သူက ညီညီညွတ်နဲ့ လုပ်တဲ့အတွက် ဒီဂေါတို့ လက်ထက်ကျမှ ပြင်သစ်က တိုးတက် 
လာတာ၊ အဲဒါ မှတ်ထား။

ဒို့ဗမာနိုင်ငံမှာလဲ ခုနက ဥဒါရစရိတာနံ တု ဝသုဓေဝ ကုဋုမ္ဗကံ ဆိုတဲ့အတိုင်းပဲ ဝသုဓာ မြေတ

ပြင် လုံးမှာရှိတဲ့ မြန်မာပြည် တပြည်လုံးမှာ ရှိတဲ့ လူသားအားလုံးသည်။ကုဋုမ္ဗကံ ကုဋုမ္ဗကံ
ဧဝ၊ ငါတို့ရဲ့ မိသားစုကြီးတခုတည်းသာတည်း၊ ငါတို့ရဲ့ အိမ်ထောင်စုကြီး တခုတည်းသာ
တည်း-လို့ စိတ်ထားပြီးတော့ ငြိမ်းချမ်းရေး တရားဟောကြဖို့ တိုက်တွန်းရင်း ငါ့ရဲ့ သြ၀ါဒ
ကထာကို နိဂုံးချုပ်ပါတယ်၊

(၁၃၇၀-ခုနှစ် အာစရိယပူဇော်ပွဲ သြ၀ါဒခံယူပွဲ )

မစိုးရိမ်တိုက်သစ်ကြီးများ၏  ပဓာနမဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...