သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, April 11, 2014

PostHeaderIcon ခေါင်းဆောင် မတင်ထိုက်သူများ

 ခေါင်းဆောင် မတင်ထိုက်သူများ 
**********************
“ဂဏန်း၊ ပုတ်သင်၊ ကိုင်းပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊
ဤခြောက်ဝ၊ နာယက မတင်ထိုက်။”

၁။ ဂဏန်း = လက်မထောင်ခြင်း၊

၂။ ပုတ်သင် = ပြောသမျှ ခေါင်းငြိမ့်ခြင်း၊

၃။ ကိုင်းပင် = လေသင့်ရာ၊ လေလာရာ ယိမ်းတတ်ခြင်း၊

၎။ လိပ်မျိုး = မိမိဘက်သို့ ယက်တတ်ခြင်း။

၅။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်ခြင်း၊

၆။ ခွေးအ = ကောက်ကျစ် စဉ်းလဲခြင်း ၊
ဤခြောက်ဝ မှတ်ပါ အနာယက။


၁။ ဂဏန်းနဲ့ တူတဲ့ လူစားမျိုးတဲ့။ ဂဏန်းဆိုတဲ့ အကောင်ဟာ အမြဲတမ်း လက်မ တထောင်
ထောင်နဲ့ ရှိတတ်ပါတယ်။ ငါမှတတ်တာ သိတာ၊ မင်းတို့က ဘာမှ သိတာမဟုတ်ဘူး။
ငါ့ကို ဆရာလာမလုပ်နဲ့ ဆိုတဲ့ နေရာတကာ လူတွင်ကျယ် လုပ်တတ်တဲ့ လူစားမျိုးပါ။
နည်းနည်း လုပ်ပြီး လူကြားကောင်းအောင် များများလျှောက်ပြောနေတတ်တဲ့ သူမျိုး။
မပြောပလောက်တဲ့ ဂုဏ်ကို လူအထင်ကြီးအောင် ရွာရိုးကိုးပေါက် လေသံပစ်၍
ပြောတတ်တဲ့ လူစားမျိုး။
အနှစ်မပါတဲ့ စပါးနှံလိုပဲ အသိဥာဏ်ဆိုတဲ့ အနှစ် မရှိတဲ့အတွက် တထောင်ထောင်နဲ့ 
ကြွားဝါလိုစိတ် များတဲ့သူမျိုး။ ကြီးနိုင် ငယ်ညှင်း စိတ်ဓာတ် ဝင်နေတတ်ပြီး
အောက်လက်ငယ်သားကို ကျွန်လို ဆက်ဆံတတ်တဲ့ သူမျိုးကို ဆရာမတင်ထိုက်ဘူး။

၂။ ပုတ်သင်လို လူစားမျိုးတဲ့။ ဒီလူမျိုးကတော့ ကိုယ်ပိုင်အရည်အချင်း ဘာမှ မရှိပါဘူး။
သူများပြောတိုင်း လုပ်တိုင်း ခေါင်းပဲညိတ်တတ်တယ်၊ ဘယ်သူက ပြောလိုက်ပြောလိုက်
“ ဟာ ဒါ မှန်တာပေါ့ ဆိုတာချည်းပဲ”။ ကိုယ်ပိုင် စဉ်းစားပြီး ဆုံးဖြတ် လုပ်ကိုင်နိုင်တဲ့
အသိဥာဏ် မရှိတဲ့ လူစားမျိုး။ အဲဒီလို လူမျိုး ဆရာတင်မိပြန်၊ ခေါင်းဆောင်တင်မိပြန်ရင်လဲ
ငါးပါး မကဘူး။ သံဃာစင်ပါ မှောက်ရော။

၃။ ကိုင်းပင်လို လူစားမျိုးတဲ့။ ဒီလူကလဲ ခပ်ညံ့ညံ့ လူစားမျိုး၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်မရှိဘူး။
ကိုယ်ပိုင်ရပ်တည်မှု မရှိဘူး၊ နေရာတကာ ရေလိုက် ငါးလိုက်ဆိုတဲ့ လူစားမျိုး၊ မဲဆွယ်
ကောင်းရင် ပါသွားတာချည်းပဲ၊ ကောင်းတာဆိုလဲ အဆွယ်ကောင်းရင် လုပ်တယ်။
မကောင်းတာဆိုလဲ မက်လုံးကောင်းရင် လုပ်တယ်။ သူ့မှာလဲ ကိုယ်ပိုင် စဉ်းစား ဆုံးဖြတ်ပြီး
လုပ်တတ်တဲ့ အသိဥာဏ် မရှိဘူး။ ပျော့ညံ့တဲ့ လူစားမျိုး၊ စိတ်မတည်ငြိမ်ဘူး။ ကတိမတည် တတ်ဘူး။ ဖြောင့်မတ်တည်ကြည်တဲ့စိတ် မရှိဘူး။ မဲဆွယ်ရာ အကုန် လိုက်ပါတတ်တာပဲ။
ဘယ်အရာကိုမှ မှန်ကန်ပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို မချနိုင်ဘူး။  ဒီလို လူစားမျိုးကိုလဲ အကြီးအကဲတဦး၊ ခေါင်းဆောင်တဦးအနေနဲ့ အားမကိုးထိုက်ဘူး။

၎။ နွားသိုးနဲ့ တူတဲ့ လူမျိုး။ ဒီလိုလူကတော့ ဘာမဆို အမှားအမှန် မဝေခွဲဘူး။ နေရာတကာ
ရှူးရှုးဒိုင်းဒိုင်းနဲ့ စွတ်လုပ်တတ်တယ်။ ထစ်ခနဲ့ရှိ ဒေါသထွက်တတ်တယ်။ နေရာတိုင်းမှာ ဒေါသ
ရှေ့ထားပြီး ဖြေရှင်းတတ်တယ်။ စိတ်တိုလွယ်တတ်သဖြင့် အမှားအယွင်း များပြီး လက်လွန်
ခြေလွန် လုပ်တတ်တဲ့ လူမျိုး။ ခွဲခြမ်းစိတ်ဖြာ တွေးတော ဆင်ခြင်တတ်တဲ့ နှလုံးရည် အား
နည်းပြီး၊ လက်ရုံးရည်ကိုပဲ အားကိုးတတ်ကာ အသိနဲ့ ဆင်ခြင်ဥာဏ်မဲ့တဲ့ လူစားမျိုးပေါ့။
ဒီလိုလူမျိုးကို ဆရာအဖြစ်၊ ခေါင်းဆောင်အဖြစ် တင်မိပြန်ရင်လဲ အားလုံး ပျက်စီးဖို့
များသွားပါပြီ။

၅။ လိပ်နဲ့ တူတဲ့ လူစား။ ဒီလူမျိုးကတော့ အတ္တကြီးတဲ့ လူစား၊ ကိုယ်ကျိုးသမားပေါ့။
ဘာမဆို သူ့အတွက်ပဲ သူသိတယ်။ “ငါလူကြီး၊ ငါပေးမှ မင်းတို့ရမယ်၊ ငါပြီးမှ ပြီးမယ်”
ဆိုတဲ့ လူစားမျိုး၊ ကိုယ်ကျိုးစီးပွားပဲ သိတယ်။ အများအတွက် ထည့်မတွက်ပဲ ငါ့ဆွေ ငါ့အမျိုး,
ငါ့မိသားစုကိုပဲ ဦးစားပေးတတ်တဲ့ လူစားမျိုး။ တခါတလေ ညီအကိုမောင်နှမကိုပင် မျှဝေ
မပေးတတ်ပဲ ငါ့အတွက်ပဲဆိုတဲ့... ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ ကိုယ့်ဘက်
ကိုယ်ယက်တတ်တဲ့ လူစားမျိုး။ (ပရဟိတကို စိတ်မ၀င်စားတဲ့ လူစားမျိုး) ဒီလူမျိုးကိုလဲ
အကြီးအကဲအဖြစ် ခေါင်းဆောင်အဖြစ် ထားခဲ့ရင် နစ်နာကြဦးမှာပဲ။

၆။ ခွေးအနဲ့ တူတဲ့ လူမျိုး။ ဒီလူစားကတော့ ကောက်ကျစ်တယ်။ ဘယ်နေရာ မဆို နည်းမှန်၊
လမ်းမှန်က မသွားတတ်ဘူး။ ဘယ်သူ့ကို မဆို လှည့်စားလိုက်ရမှ စားဝင် အိပ်ပျော်တဲ့လူမျိုး။ ကိုယ့်လက်အောက်ငယ်သားကို ကိုယ့်လက် ခုတ်ထဲက ရေလို၊ ကိုယ်လိုတဲ့ နေရာမှာပဲ
အသုံးချတတ်တယ်။ မကောင်းတာ လုပ်တဲ့ နေရာနဲ့ ကောက်ကျစ်တဲ့ ဥာဏ်ကတော့ သူများတွေ
ထက် သာတတ်တယ်။ ကလိမ်ကကျစ်ဥာဏ် ရှိတယ်။ ကောက်ကျစ် လိမ်လည်၍ ရသမျှ သော
မသဒ္ဓါရေစာ အဓမ္မယူထားတဲ့ စည်းစိမ်တွေနဲ့ ဇိမ်ရစ်ပြီး နေတတ်တယ်။
အောက်ခြေနဲ့ ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်တော့ဘူး။ ကုန်ခမ်းသွားရင်လဲ ကောက်ကျစ်တဲ့
နည်းနဲ့ပဲ ရယူနိုင်ဖို့ ကြိုးစားပြန်တယ်။ ရရင် ဇိမ်ယစ်မယ်။ အများအတွက်ဆိုတာကို ထည့်၍
မစဉ်းစားတတ်တဲ့ လူစားမျိုး။ ဒီလိုမျိုးကို အကြီးအကဲနဲ့၊ ခေါင်းဆောင်နေရာ ထားမယ် ဆိုရင်လဲ
အားလုံး ပျက်စီးဖို့ သေချာနေမည်ဖြစ်သည်။

စဉ်းစားကြည့်ပါ၊ ငါဘယ်အမျိုးအစားထဲမှာ ပါနေလည်းဆိုတာ၊ ဘယ်ထဲမှာမှ
မပါဘူးဆိုရင်တော့ လူကောင်းဖြစ်ဖို့ များနေပါပြီ၊


(သိင်္ဂါလောဝါဒသုတ်)
ဂဏန်းနှင့်ပုတ်သင်
ကိုင်းပင်နှင့် နွားသိုး
လိပ်မျိုးနှင့်ခွေးအ,ပါ
ဤခြောက်ဖြာ ပုဂ္ဂိုလ်စုကိုကွယ်
ခေါင်းဆောင်ဟု တင်ကြနဲ့လေး...။

(NweHninMoe)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...