သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, April 11, 2014

PostHeaderIcon ခေါင်းဆောင် ဖြစ်ထိုက်သူများ

ကျောင်းတကျောင်း- အိမ်တအိမ်မှာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်း တခုခုမှာပဲဖြစ်ဖြစ် မည်သည့်
နေရာတွင် မဆို အသိုင်းအဝန်းတခုမှာ ဦးဆောင်၍ လုပ်ကိုင်တတ်သူ၊ အကြီးအကဲ၊
လမ်းညွှန်ပေးသူကို နာယက- ဟုခေါ်လို့ ရပါသည်။ ရှေးဆောင်လမ်းပြ ပြုလုပ်တတ်သူ
(ခေါင်းဆောင်) လို့ အဓိပ္ပာယ် မှတ်ယူရပါလိမ့်မယ်။
၎င်း ဦးဆောင်မည့်သူ၊ ခေါင်းဆောင်မည့်သူတို့ လက်ကိုင်ထားရှိကြရမည့်တရား, လိုက်နာ
ကျင့်သုံးကြရမည့် အင်္ဂါရပ်များနှင့် ပြည့်စုံနေမှသာ နာယကဖြစ်ထိုက်,ခေါင်းဆောင်ဖြစ်ထိုက်
သူလို့ အသိအမှတ် ပြုနိုင်ကြရမည်ဖြစ်သည်။
၎င်း အင်္ဂါရပ်များမှာ...

ထကြွ နိုးကြား၊ သနား သည်းခံ၊
ဝေဘန် ထောက်ရှု၊ ဤခြောက်ခု၊
ကြီးသူ့ ကျင့်အပ်ရာ။
**********
လို့ မှတ်သားဖူးကြလိမ့်မည်။
 
ဥဋ္ဌာန= ထကြွ လုံ့လ ဝီရိယရှိရခြင်း။ လက်အောက်ငယ်သားတို့ကို အစီအစဉ် စနစ်တကျ
ညွန်ကြားနိုင်တဲ့ အသိဥာဏ်ပညာနဲ့ လုပ်ငန်းပိုင်းဆိုင်ရာတို့၌ တတ်သိ နားလည် ကျွမ်းကျင်
တဲ့ ပညာတို့ဖြင့် အမြဲတမ်း တက်ကြွနေရခြင်း ဆိုတဲ့ လုံ့လဝီရိယ ရှိနေရမည်။

ဇာဂရိယ= အသွားအလာ အနေအထိုင် အပြောအဆိုတို့၌၎င်း၊ လုပ်ငန်းပိုင်းဆိုင်ရာတို့၌ လမ်း
ညွှန်မှု ပြုရာတွင်၎င်း၊ အမှားအယွင်း မရှိရလေအောင် နိုးနိုးကြားကြား သတိထားနိုင်ရမည်။
ခေါင်းဆောင်သူက လေးလံပြီး ပျင်းနေမယ်၊ ဇိမ်ယစ်နေမယ်၊ အိပ်နေမယ်၊ ဇိမ်နဲ့ ထိုင်နေပြီး
တပည့်ငယ်သားများကိုပဲ အတင်းခိုင်းနေတာမျိုး မလုပ်သင့်ပေ။ ခေါင်းဆောင်သူက တက်ကြွ
နိုးကြားစွာနဲ့ ရှေ့ကနေ ပါဝင်လုပ်ကိုင်ပြီး ဦးဆောင်မှုပေးနိုင်မှသာ ငယ်သားများက
အားတတ်တရော လုပ်ကြမည်ဖြစ်သည်။
ငယ်သားများကိုပဲ ဖိခိုင်းကာ ကိုယ်တိုင်က ဇိမ်နဲ့နေပြီး မျက်ကွယ်ပြုနေမည်ဆိုလျှင် မျှတမှုမရှိ
တဲ့အတွက် ပုန်ကန်မှု အလုပ်ထွက်မှုများ၊ ဆုတ်ယုတ်မှုများနဲ့ ကြုံတွေ့ရနိုင်ပေသည်။ ငယ်သားများကိုလည်း နိုးကြားနေအောင် ပညာပါပါ ညင်သာစွာနဲ့ လှုံ့ဆော်ပေးနိုင်ရမည်။

ဒယာ= ကိုယ်ချင်းစာနာတဲ့စိတ်ဖြင့် ငယ်သားများ၏ အကျိုးကို လိုလားတဲ့ မေတ္တာနဲ့ ယှဉ်ပြီး ငယ်သားများအပေါ် တွင် သနားငဲ့ညှာခြင်း ကရုဏာလဲ ထားရှိရမည်။ အောက်လက်ငယ်သား
များကို ကျွန်လို သဘောမထားရပေ။ တန်းတူ ပြောဆိုဆက်ဆံပြီး ငယ်သားတို့ အကျိုးမဲ့စေမယ့်
လုပ်ရပ်များကို ရှောင်ကြဉ်ရပေမည်။

ခမာ= သည်းခံနိုင်စိတ် ရှိရမည်။ သတိပေးထားပါလျှက်နဲ့ ငယ်သားများ၏ အထိုက်အလျောက်
ချွတ်ချော် မှားယွင်းမှုနဲ့ လူအများနဲ့ ဆက်ဆံရာတို့တွင် စိတ်ရှည်ရှည်ဖြင့် သည်းခံစိတ်ရှိရမည်။
အောက်လက်ငယ်သားများအပေါ်တွင်လဲ လုပ်ငန်း အရည်အသွေး မပြည့်ဝသေးလို့ပဲ ဆိုတဲ့
ညှာတာစာနာစိတ်ဖြင့် သဘောထားကြီးကြီးနဲ့ သည်းခံခွင့်လွှတ်နိုင်တဲ့စိတ်၊ ဖြည့်တွေးပေးနိုင်
တဲ့ စိတ်မျိုး မွေးမြူနိုင်ရမည်။

သံဝိဘာဂ= ခွဲခြား ဝေဘန် ပိုင်းခြားတတ်တဲ့ စိတ်ရှိရမည်ဖြစ်သလို အောက်လက်ငယ်သားများ အပေါ်တွင် ကောင်း၏ ဆိုး၏ စသည်များကို ဝေဘန်ခွဲခြားပေးခြင်း။ အမှားအမှန် ဟုတ်မဟုတ်
စသည်များ ခွဲခြားနိုင်အောင် ပြသပေးနိုင်ရမည်။ ကိုယ်တိုင်ကလည်း အကြောင်းအကျိုး၊ အ
ကောင်း အဆိုး၊ အမှားအမှန်၊ တရားမျှတမှု ရှိမရှိကို ခွဲခြမ်းစိပ်ဖြာ စဉ်းစားဝေဘန် ပိုင်းခြား
နိုင်တဲ့ အသိဥာဏ် ရှိနေရမည်။ ငွေကြေးစတဲ့ အထောက်အပံ့ပစ္စည်းများကိုလည်း မျှတ
မှန်ကန်စွာ ခွဲခြမ်း ပေးကမ်းတတ်ရမည်။ ငယ်သားများ မျက်နှာမငယ်ရအောင် ပြုလုပ်နိုင်
စွမ်းရမည်။ ခေါင်းဆောင်က ခမ်းနားစွာ ဇိမ်နဲ့နေပြီး အောက်လက်ငယ်သားများက စုတ်ပြတ်
နေတာမျိုး မဖြစ်စေရပေ။

ဣက္ခဏ =  အောက်လက်ငယ်များနှင့် အများသူငါတို့၏ အကျိုးကို အမြဲ ငဲ့ကြည့်နေရမည်။
ငယ်သားများ၏ ကျန်းမာရေး စားဝတ်နေရေး၊ လုပ်ငန်းအဆင်ပြေ မပြေ၊ တိုးတက်မှု ရှိမရှိ၊
စသည်များနှင့် ငယ်သားတို့၏ အခက်အခဲကြုံလာပါက လိုအပ်ချက်များကို ဖြည့်ဆီးပေးခြင်း၊
မေတ္တာကရုဏာဖြင့် မျှဝေခံစားခြင်းဖြင့်  ကြည့်ရှုစောင့်ရှောက်ပေးရမည်။ ငယ်သားများနဲ့
လုပ်ငန်းအရပ်ရပ်၌၎င်း၊ မိမိဆက်ဆံရာ ဝန်းကျင်တို့နှင့် မိမိကိုယ်ကို၎င်း တိုးတက်မှု ကျဆင်းမှု၊
အောင်မြင်မှု၊ ဆုံးရှုံးမှု စသည်များကို အမြဲမပြတ် လေ့လာ စောင့်ကြည့်နေပြီး ပြုပြင်သင့်သည်
ကို ပြုပြင်၊ ပြောင်းလဲသင့်သည်များကို ပြောင်းလဲခြင်းစတဲ့ လှုပ်ရှားမှုများကို လုပ်ဆောင်နေ
ရမည်ဖြစ်သည်။

ဤကဲ့သို့ အင်္ဂါ ၆-ရပ်နဲ့ ပြည့်စုံနေတဲ့ လူမျိုးကို ဦးစီးဦးဆောင် ခေါင်းဆောင်အဖြစ်၊ နာယက
အဖြစ် တင်မြှောက်သင့်ပေသည်လို့ သိင်္ဂါလောဝါဒသုတ်မှာ မြတ်ဗုဒ္ဓက လမ်းညွှန်ခဲ့ပေသည်။
ကိုယ်တိုင် အကြီးအကဲ ဦးဆောင်ရသူ နေရာကို ရောက်လာလျှင် ကိုယ်တိုင်လည်း ကျင့်သုံးနိုင်
ပြီး အများအတွက်ကိုလည်း ဒီလိုအင်္ဂါရပ်များနဲ့ ပြည့်ဝတဲ့ ခေါင်းဆောင်နိုင်သူများကို မှန်ကန်စွာ
ရွေးချယ်နိုင်ကြပါစေဟု ဆန္ဒပြုချင်ပါသည်။

(နွေနှင်းမိုး)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...