သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, April 11, 2014

PostHeaderIcon ဗဟုသုတရဲ့ အကျိုး



 လူယုတ်မာ အုပ်ချုပ်တဲ့နိုင်ငံ ငါ မနေဘူးကွ
**************************
ဗဟုသုတရှိလေ ကောင်းလေ။ လောကီဗဟုသုတ၊ လောကုတ္တရာဗဟုသုတ အကုန်လုံး မင်းတို့

ဗဟုသုတရှိရင် ကောင်းတာပဲ။ အဲသလို ဗဟုသုတရှိတော့ ဘာအကျိုးခံစားခွင့်များ ရလဲ?
မတရားတာ လုပ်နေတာကို သိပြီးတော့ မတရားဘူးလို့ ပြောရဲဆိုရဲတဲ့ သတ္တိရှိလာတယ်၊ အဲဒါ
ဗဟုသုတ အကျိုးပဲကွ။
မင်းတို့ ပုဂံခေတ် နရပတိစည်သူ၊ သူက အဖေ( အလောင်းစည်သူ) ကိုလည်းပဲ သေခါနီး
အဖေကြီးကို ခေါင်းအုံးနဲ့ စောင်နဲ့ ဖိသတ်တယ်။
သူ့ရဲ့နောင်တော်ကြီး၊ အဲဒီ သူ့ရဲ့နောင်တော်ကြီးကလဲ ဒီကျောက်ဆည်နယ်မှာ လာနေတယ်။

အဲဒါကိုလဲ နောင်တော်ကြီးက လူစုပြီးတော့''ပုဂံထီးနန်းကို လုယူမယ်၊ ငါက နောင်တော်ကြီး၊
ငါသာ ထီးနန်း ရသင့်တယ်။ ညီငယ် ထီးနန်းမရသင့်ဘူး" ဆိုပြီး လူစုပြီးတော့ ထီးနန်းကို
လုယူမယ်လို့ လုပ်တယ်။
အဲဒီသတင်းကြားတော့ သူက ပံသကူ မထေရ်ကို ငြိမ်းချမ်းရေးတရား အဟောခိုင်းတယ်။

"တပည့်တော်ရဲ့ နောင်တော်ကြီး သွားပြီးတော့ တရားဟောပေးပါဘုရား၊ တပည့်တော်တို့
ညီအကိုအရင်းပဲ၊ ထီးနန်းကို စစ်နဲ့တိုက်ပြီးတော့ လုဖို့ မလိုပါဘူး။ တပည့်တော်က အငယ်ပဲ၊
တပည့်တော် သူ့ကို ထီးနန်း တင်မှာပါ။ နောင်တော်ကြီး စစ်တိုက်တယ်ဆိုတာ လူထုလဲပဲ
အင်မတန် ပင်ပန်းပါတယ်၊ အဲဒီစစ်တိုက်တဲ့ အလုပ်မလုပ်ပါနဲ့။
အဲသလို ငြိမ်းချမ်းရေးတရား ဟောပေးပါ ဆိုတော့ ပံသကူမထေရ်က သူ့ရဲ့စကားကို
ယုံကြည်ပြီးတော့ နောင်တော်ကြီးကို ငြိမ်းချမ်းရေးတရား ဟောတယ်။

မင်းရှင်စောပေါ့ကွာ၊
"မင်းကွာ ညီအကို အရင်းပဲ၊ စစ်တိုက်မနေပါနဲ့၊ စစ်မက်ကိစ္စဆိုတာ တိုင်းပြည်အင်မတန် နာ

ပါတယ်၊ ဒီတော့ စစ်မတိုက်ပဲနဲ့ မင်းညီကလဲပဲ အသာတကြည် နန်းတင်ပါ့မယ်လို့ ပြောပါ
တယ်၊ အဲဒီတော့ လူသူ စုရုံးပြီး စစ်မတိုက်ပါနဲ့"။ ဆရာတော်ကြီး ကိုယ်တိုင် ငြိမ်းချမ်းရေး
တရားဟောတော့ နောင်တော်ကြီးကလဲ ယုံကြည်သွားတယ်။
ဟို ညီငယ် နရပတိစည်သူကလဲ ဘယ်လောက်ထိအောင် ယုတ္တိရှိအောင် လုပ်သလဲဆိုရင်

နောင်တော်ကြီးက ဧရာဝတီမြစ်ကနေ လှေနဲ့ စုန်ဆင်းလာတယ်။ အဲဒီ ညီငယ်က မြစ်ထဲ
ရေထဲအထိ ဆင်းပြီးတော့ ကြိုဆိုတယ်။ ပြီးတော့ နန်းတင်ပေးလိုက်တယ်။
မနက် နန်းတင်ပေးပြီးတော့ ညနေကျတော့ ပွဲတော်စာထဲမှာ အဆိပ်ခတ်ပြီး သတ်လိုက်တယ်။
အဲ နောင်တော်ကြီး မင်းရှင်စော သေရော။
 

သူ့အဖေကိုလဲ လောလောလတ်လတ် သေခါနီးဆဲဆဲ အဲဒီမှာ ဘုရားလိုဏ်ဂူထဲ သွားထား။
အသက်ထွက်တာ နှေးတယ်ဆိုပြီး စောင်နဲ့ ခေါင်းအုန်းနဲ့ ဖိပြီးတော့ သတ်လိုက်တယ်။ အဖေ
ကို သတ်ပြီးတော့ နောင်တော်ကြီးကိုလဲ အဆိပ်ခတ် သတ်လိုက်တယ်။
အဲဒါကို သိတော့ ပံသုကူမထေရ်က လက်ညှိုးနဲ့ ငေါက်ငေါက်ထိုပြီးတော့ ဆိုတယ်။
"နင် ရရှိထားတဲ့ ထီးနန်းစည်းစိမ်ကြောင့် မသေဘူးများ ထင်နေသလား၊ ကိုယ့်အဖေကိုလဲ
သတ်တယ်။ နင် နောင်တော်ကြီးကိုလဲ သတ်တယ်။ နင်လို လူယုတ်မာ အုပ်ချုပ်တဲ့နိုင်ငံ
ငါ မနေဘူးကွ"ဆိုပြီးတော့ ပံသုကူမထေရ်က သီဟိုဠ်ကို ထွက်သွားတာကွ။
အဲဒါ သတ္တိရှိတာ ခေါ်တယ်၊ မှတ်ထား၊ မတရားရင် မတရားတဲ့အကြောင်း ပြောရဲရတယ်။

အဲဒါ ဗဟုသုတရဲ့အကျိုးလို့ မှတ်ထား။

ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
မစိုးရိမ်တိုက်သစ်၊ မန္တလေးတိုင်းဒေသကြီး။

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...