သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, April 13, 2014

PostHeaderIcon သတို့သားသတို့သမီး (အိမ်ထောင်ရှင်)များအတွက် အဆုံးအမ ဆယ်ချက်



မိဂါရသူဌေးရဲ့သား ပုဏ္ဏဝဍ္ဎန သတို့သားနှင့် ဓနဉ္စယသူဌေးရဲ့ သမီး ဝိသာခါ သတို့သမီးတို့
စုလျားရစ်ပတ် လက်ထပ်ထိမ်းမြား မင်္ဂလာပွဲ ကျင်းပပြီး လင်ယောက်ျားနောက် လိုက်ပါ
ရတော့မယ့် ဝိသာခါကို ဖခင်ဖြစ်တဲ့ ဓနဉ္စယသူဌေးက ဆုံးမပြောဆိုတဲ့ သြဝါဒ(၁၀)ချက်ပဲ
ဖြစ်ပါတယ်။ သတို့သားသတို့သမီးတိုင်း အိမ်ထောင်ရေး သာယာချမ်းမြေ့မှုရှိရအောင်
လိုက်နာသင့်သည့် အချက်များပင်ဖြစ်ပါသည်။

၁။ အန္တော အဂ္ဂိ ဗဟိ န နိဟရိတဗ္ဗော။
အန္တောအဂ္ဂိ- အတွင်းမီးကို။ ဗဟိ- အပြင်သို့၊ န နိဟရိတဗ္ဗော- မထုတ်ဆောင်အပ်ဘူးတဲ့။
အတွင်းမီးကို အပြင်မထုတ်ဆောင်ရဘူးဆိုတာ မိမိတို့ရဲ့ အိမ်တွင်းရေးပြဿနာ၊ အိမ်တွင်းရေး

စကားများကို အပြင်သူစိမ်း ပုဂ္ဂိုလ်များအား မပြောကြားရပါ။ ပြောကြားမိလျှင် မိမိတို့ရဲ့
မိသားစုမှာ အပြင်လူပယောဂကြောင့် ပြဿနာမပြေလည်တဲ့ အပြင် ပိုပြီးရှုပ်ထွေးသွား
တတ်ပါတယ်။ ဒါကြောင့် အတွင်းစကား အပြင် မပြောရ။ အတွင်းထရံ အပြင်မကာရဟု
သြဝါဒပေးခြင်းဖြစ်ပါတယ်။

၂။ ဗဟိ အဂ္ဂိ အန္တော န ပဝေသေတဗ္ဗော။
ဗဟိ အဂ္ဂိ- အပြင်မီးကို၊ အန္တော-အတွင်းသို့၊ န ပဝေသေတဗ္ဗော- မသွင်းရဘူးတဲ့။
အပြင်ကမီးကို မိမိအိမ်တွင်းသို့ မီးကူးယူခြင်းကို အပြင်မီး အတွင်းသို့ မသွင်းရဟု ဆို

လိုခြင်းမဟုတ်ပါ။ အမှန်မှာ အပြင်က ပြောလိုက်တဲ့ မိမိတို့မိသားစု စိတ်ဝမ်းကွဲစရာ
စကားများကို အိမ်တွင်းသို့ သယ်ဆောင်ခြင်းမပြုဟု ဆိုလိုခြင်းဖြစ်ပါတယ်။
ပတ်ဝန်းကျင်ရှိ ဘေးလူဆိုတာ လိုတမျိုး မလိုတမျိုး၊ မိမိရဲ့ ယောက္ခမအကြောင်း လင်
အကြောင်း မကောင်းစကားပြောကြားလာလျှင် မိမိက လက်ခံပြီးသယ်ဆောင်ခြင်း
မပြုပါနှင့်။ ကိုယ့်မိသားချင်းသာ ဆွေးနွေးတိုင်ပင် မေးမြန်ဖြေရှင်းပါ။ ဘေးစကားမယုံရ။
ဘေးစကားယုံရင် အပြင်ထရံကို အတွင်းမှာ ကာမိပြီလို့မှတ်ပါ။
ထို့ကြောင့်ပင် လူသာ လာပါ။ ပြဿနာ ခေါ်မလာပါနဲ့လို့ ဆိုနေကြခြင်းဖြစ်သည်။
 
(ဒီ အတွင်းမီး အပြင်မထုတ်နဲ့ အပြင်မီးကို အထဲကို ယူမလာနဲ့ ဆိုတဲ့ အချက်များဟာ အိမ်
ထောင်ရေးတွင်သာမက လူမှုအဖွဲ့အစည်းအသီးသီးတို့၌ပါ လက်တွေ့ ကျင့်သုံးနိုင်လျှင် လွန်
စွာ အသုံးဝင်ပြီး စည်းလုံးညီညွတ်မှုနဲ့ ဖွဲ့ဖြိုးတိုးတက်နိုင်ဖို့အတွက် အင်မတန် အကျိုးကြီးမား
လှပါတယ်။)

၃။ ဒဒန္တေဿဝါတဗ္ဗံ= ပေးသူကိုသာ ပေးရမည်တဲ့။
ဆိုလိုတာက မိမိပိုင် ဥစ္စာငွေကြေးများကို မိမိအား အမှန်တကယ် ပြန်ဆပ်မည့်သူ၊ ပြန်ပေး

မည့်သူကိုသာ အတိုးအပွား ချေးငှားပေးကမ်းပါဟု ဆိုလိုပါတယ်။ ပေးသင့်ပေးထိုက်တဲ့သူ
ကိုသာ စဉ်းစားဆင်ခြင်၍ ပေးကမ်းရမည်ဟု ဆိုလိုသည်။

၎။ အဒဒန္တဿ န ဒါတဗ္ဗံ= မပေးအပ်သူကို မပေးရပါဘူးတဲ့။
မိမိပိုင် ဥစ္စာငွေကြေးများကို မိမိအား အမှန်တကယ် ပြန်မဆပ်သူများ၊ ပြန်ပေးလိမ့်မည်ဟု

မယုံကြည်ရသူများနှင့် ကတိမတည်သူများကို ဘယ်သောအခါမှ အတိုးအပွားနှင့်
ချေးငှားခြင်း မပြုပါနှင့်။

၅။ ဒဒန္တဿာပိ အဒဒန္တဿပိ ဒါတဗ္ဗံ=ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ပေးရမည်တဲ့။
မိမိရဲ့ ဆွေးမျိုး၊ လင်ရဲ့ဆွေးမျိုးများကိုတော့ ပြန်ပေးသည်ဖြစ်စေ၊ ပြန်မပေးသည်ဖြစ်စေ

နှစ်ဖက် မျှတမှုရှိအောင် ဆက်ဆံ၍ ဉာတိဓမ္မဖြည့်ကျင့်တဲ့အနေအားဖြင့် အထိုက်အ
လျောက် ပေးကမ်းချီးမြှင့်ပါဟု ဆိုလိုပါတယ်။ ဉာတကာနဉ္စ သင်္ဂဟော ဆိုတဲ့ မင်္ဂလာ
တရားအတိုင်း တတ်နိုင်သလောက်ကို မျှမျှတတ ပေးကမ်း ကျွေးမွေးခြင်းဖြင့် ပြုလုပ်
ရမည်ဟု ဆိုလိုပါတယ်။

၆။ သုခံ နိသီဒိတဗ္ဗံ= ချမ်းသာစွာနေထိုင်ရမယ်တဲ့။
ချမ်းသာစွာထိုင်ပါဆိုတာ ယောက္ခမများနှင့် လင်ယောက်ျားကို မြင်ပါလျှင် ထပေးရ

မည့်နေရာမျိုး၌ ထိုင်နေခြင်းမှာ မသင့်တော်သောကြောင့် အဲဒီလို နေရာ၌ မထိုင်ပဲ
အခြား သင့်တော်ရာနေရာ၌ ထိုင်ပါဟု ဆိုလိုခြင်းဖြစ်ပါတယ်။

၇။ သုခံ ဘုဉ္စိတဗ္ဗံ= ချမ်းသာစွာ စားသောက်ပါတဲ့။
ချမ်းသာစွာ စားသောက်ပါဆိုတာ ယောက္ခမနှင့်လင်ယောက်ျားတို့ကို ပြင်ဆင် ပြုစု

လုပ်ကျွေးပြီးမှ အားလုံးအတွက် လောက်ငှသည်။ မလောက်ငှသည်ကို ချင့်ချိန်ပြီး
အေးချမ်းစွာနဲ့ စားသောက်ပါလို့ ဆိုလိုပါတယ်။ အိမ်သားများအတွက် လုံလောက်စွာ
စီစဉ်ထားပြီး တွက်ချက်ပြီးသားဆိုရင် ချမ်းသာစွာနဲ့ အတူစားသောက်နိုင်ပါတယ်။

၈။ သုခံ နိပဇ္ဇိတဗ္ဗံ= ချမ်းသာစွာအိပ်စက်ပါတဲ့။
ချမ်းသာစွာ အိပ်စက်ပါဆိုတာသည်ကား ယောက္ခမနှင့် လင်ယောက်ျားတို့ အရင် အိပ်

ယာပေါ်၌ တက်မအိပ်သေးပဲ ယောက္ခမနှင့်လင်ယောက်ျားတို့အား ပြုသင့်ပြုထိုက်သော
ဝတ္တရားများကို ကျေပွန်အောင် ပြုလုပ်ပေးပြီးမှ စိတ်ချလက်ချ အိပ်ပါဟု ဆိုလိုပါတယ်။

၉။ အဂ္ဂိပရိ စရိတဗ္ဗော= မီးကို လုပ်ကျွေးပါတဲ့။
မီးကို လုပ်ကျွေးပါဆိုတာ ယောက္ခမနှင့်လင်ယောက်ျားတို့ကို လောင်မြိုက်စေတတ်သော

မီးပုံကြီးကဲ့သို့လည်းကောင်း၊ ကိုက်ခဲတတ်သော မြွေနဂါးမင်းကဲ့သို့လည်းကောင်း၊ ရှုမြင်၍ ယောက္ခမနှင့်ပတ်သတ်၍ လောဘမီး၊ ဒေါသမီး၊ မောဟမီး မာနမီး အလောင်
မခံရအောင်၊ လင်ယောက်ျားရဲ့ ဝတ္တရားများ ပျက်ကွက်ရင်လဲ မီးတမျိုး၊ ကုသိုလ်များကို
မေ့ထားလျှင်လည်း မီးတမျိးပဲဟု ဟောထားသဖြင့် ပြုစုလုပ်ကျွေးပါဟု ဆိုလိုပါတယ်။

၁၀။ အန္တောဒေဝတာ နမဿိတဗ္ဗော= အိမ်တွင်းနတ်တို့ကို ရှိခိုးပါတဲ့။
အိမ်တွင်းနတ်ဆိုသည်မှာ ယောက္ခမနှစ်ဦးနှင့် လင်ယောက်ျားတို့ပင်ဖြစ်သည်။ သက်ကြီး

ဝါကြီး ယောက္ခမနှစ်ဦးတို့ကို ရှိခိုးရခြင်းသည် ရိုသေလေးစားရာရောက်သဖြင့် ယောက္ခ
မနှစ်ဦးတို့က ချစ်ခင်ခြင်း၊ ကုသိုလ်လဲရခြင်း၊ အိမ်ထောင်ရေး သာယာခြင်းစတဲ့ အကျိုးများ
ကို ပေးတတ်ပါတယ်။ လင်ယောက်ျားကို ရှိခိုးခြင်းသည် မိမိရဲ့ ထမင်းရှင်၊ ဟင်းရှင်၊ကျေးဇူး
ရှင်ဖြစ်သဖြင့် သူ့ကျေးဇူးကို သိတတ်ခြင်း၊ ကျေးဇူးတရားကို တုံ့ပြန်ပေးဆပ်ရာရောက်ခြင်း
နတ်များချစ်ခင်ခြင်း၊ လင်ချစ်ခင်ခြင်း၊ မိမိလင်- ယောက်ျားကို မြှင့်တင်ရာရောက်ခြင်း
စတဲ့ အကျိုးတရားဖြစ်ပေါ်တတ်ပါသည်။

ဝိသာခါသည် ဖခင်မှာလိုက်တဲ့ သြဝါဒစကား(၁၀)ချက်ကို ဦးထိပ်ရွက် ပန်ဆင်၍ လင်အိမ်သို့

လိုက်ကာ နေထိုင်ပြီး ဝတ္တရားများကို ကျေပွန်သည့်အပြင် အယူမှန်တဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်
အောင် စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပါတယ်။ ဝိသာခါဟာ ဝါဒမတူတဲ့ လင်ယောက်ျားနဲ့ ယောက္ခမ
ကို အမြင်မှန်ရအောင် စည်းရုံးချင်တဲ့ စိတ်နဲ့ လက်ခံပေါင်းသင်းခဲ့ခြင်းပဲဖြစ်ပါတယ်။
 
ဝိသာခါရဲ့ စည်းရုံးသိမ်းသွင်းမှုကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ မိဂါရသူဌေးကြီးသည်

ယခုမှ ချွေးမကောင်း ရလို့ ဘုရားစစ် ဘုရားမှန်၊ တရားစစ် တရားမှန် သံဃာစစ်သံဃာမှန်ကို
ကိုးကွယ်ကြည်ညို ပူဇော်ရလေသည်။ ဝိသာခါသည် အသက်ငယ်ပေမယ့် အလိမ္မာရည်
ပြည့်ဝသူ၊ တရားရည်ပြည့်ဝသူ၊ ငါရဲ့ ကယ်တင်ရှင် ဖြစ်ပေသည်။
 
ဝိသာခါသည် သမီးချွေးမဖြစ်ပေမယ့် ငါရဲ့ ကျေးဇူးရှင်ဖြစ်ခြင်းကြောင့် မိခင်အရာ၌ ထား

ထိုက်ပေသည်ဟု နှလုံးသွင်းဆုံးဖြတ်ကာ ချွေးမအလိမ္မာ ဝိသာခါကို မိဂါရသူဌေးကြီးက
မိခင်အရာ၌ ထားခဲ့ဖူးလေသည်။ ဒါကြောင့် ဝိသာခါကို မိဂါရမာတာဟု မော်ကွန်းတင်
ဂုဏ်ပြုခံရပေသည်။

တအိုးတအိမ်ထောင် ထူထောင်ကြမည့် သတို့သား သတို့သမီးအားလုံးတို့သည်လည်
ပုဏ္ဏဝဍ္ဎန၊ ဝိသာခါတို့ ပုံစံကို အတုယူ၍ သြဝါဒ(၁၀)ချက်ကို မပျက်မကွက် လိုက်နာကျင့်
သုံးပြီး အေးချမ်းသာယာစွာနဲ့ ဘဝခရီးကို လျှောက်နိုင်ကြကာ လောကသာသနာ နှစ်ဖြာ
အကျိုး သယ်ပိုးဆောင်ရွက်၍ ဝါဒမတူသူများနဲ့ ပေါင်းဆုံမိပါကလည်း အမှန်တရားလမ်းသို့
ရောက်အောင် ညွှန်ပြ ကူညီနိုင်ကြပါစေ။

(Nwehninmoe)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...