သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, April 12, 2014

PostHeaderIcon သူတွေးခဲ့တဲ့ သူ့စကား



စာရေးဆရာကြီး ပီမိုးနင်းသည် ခရစ်ယာန်ဘာသာမှ ဗုဒ္စဘာသာသို့ ကူးပြောင်းရောက်ရှိ
ခဲ့ရာ သူဘာကြောင့် ခရစ်ယန်ဝါဒကို လက်မခံနိုင်တော့ကြောင်း ရှင်းလင်းပြောပြချက်နဲ့
တွေးဆပုံကို ကြိုက်နှစ်သက်သဖြင့် Myanmar dailynet မှာ  ပြန်လည်ဖော်ပြမှုကို
မျှဝေပါသည်။

( ဆရာပီမိုးနင်းသည် သာမန်ခရစ်ယာန် မဟုတ်၊ ပြင်သစ်ပြည် ပါရီမြို့တော်ကြီးမှ တဆင့်
ခွဲထားသော ပီနန်မြို့General Collage တွင် ခရစ်ယန်ဘုန်းတော်ကြီးဖြစ် သင်တန်းကျောင်း
ကို တက်ခဲ့သူဖြစ်သည်။)
အောက်ပါစာမှာ ဆရာပီမိုးနင်း ရေးခဲ့သော စာဖြစ်သည်။

ကျွန်ုပ် ဗုဒ္ဓဘာသာဖြစ်လာရခြင်း၏ အကြောင်းရင်းမှာ…
ထာဝရဘုရားသခင်၏ တင်းမာမှုကြောင့်ပင် ဖြစ်ကြောင်း၊ အထက်က ရေးသားခဲ့လေပြီ။
ကျွန်ုပ် ဤဘဝသို့ မလာမီ (ဝါ) လူ မဖြစ်မီက ခရစ်ယာန်ဘာသာ၏ အဆိုအရ ကျွန်ုပ် ဘယ်မှာမျှ
ဘယ်ဘဝမှာမျှ မရှိ။ ဘယ်ဘဝမှာမျှ မနေခဲ့ဖူးချေ။ ယခုလို မရှိရာ ဘဝမှာ လူဖြစ်လာရအောင်
ကျွန်ုပ်အား ဘုရားသခင်သည် ဖန်ဆင်းလိုက်၏။ သို့မရှိရာ ဘဝမှ ရှိအောင် ဖန်ဆင်းပြီးမှ ကျွန်ုပ်ကို
ကျွန်ုပ်၏ အမိဝမ်းထဲသို့ ထည့်လိုက်လေသလား။
သို့တည်းမဟုတ် အမိဝမ်း၌ပင် ကျွန်ုပ်ရှိအောင် ဖန်ဆင်းလိုက်လေသလား မသိရပေ။
ကျွန်ုပ် ဘယ်ဘဝမှာမျှ မရှိစဉ်အခါ ထာဝရဘုရားနှင့် အသိမိတ်ဆွေလည်း မဖြစ်ခဲ့ပေ။
ထာဝရဘုရားထံသို့ ချဉ်းကပ်ကာ ကျွန်တော့်ကို လူဖြစ်အောင် ဖန်ဆင်း၍ပေးပါ၊ ခင်ဗျားကို
မသေမချင်း ကိုးကွယ်ပါမည်။ အပြစ်ပြုလျှင်လည်း ထာဝရ ငရဲအိုးကြီးထဲသို့ ချပါ။ လူ့ဘဝ
ရအောင်သာ ဖန်ဆင်း၍ ပေးတော်မူပါဟူ၍လည်း ၎င်းထာဝရဘုရားကို ကျွန်ုပ် မတောင်းပန်
မလျှောက်ထားခဲ့ပေ။
တောင်းပန်လိုငြားအံ့၊ ကျွန်ုပ်မရှိသေးသောအခါ၌ အဘယ်နည်းဖြင့် ကျွန်ုပ် တောင်းပန်နိုင်
ပါမည်နည်း။ ဘုရားသခင် မဖန်ဆင်းမီက ကျွန်ုပ်တို့ အဘယ်မှာမျှ မရှိဟု ခရစ်ယာန်ဘာသာ၌
ဆို၍ ဖြစ်ပေသည်။
 
ကျွန်ုပ်၏ စိတ်၌ ဤအတွေးမျိုးကား မကြာခဏ ဖြစ်ပေါ်လာ၏။
ထာဝရဘုရားသည် လူကို မတောင်းပန်ပဲနှင့် ဖန်ဆင်းပြီးမှ သေးငယ်သော အပြစ်ကလေး
တခုကြောင့် မလွတ်နိုင်သော ထာဝရငရဲကြီးသို့ ပို့စေသည်ဆိုလျှင် မဟာကရုဏာဆိုသော
စကားသည် အဘယ်မှာ ရှိနိုင်ပါတော့မည်နည်း။
ထိုအပြစ်ကလေးများ ပြုဖို့ရန် လူတွင် လက်နက် ကရိယာတို့ကို တပ်ဆင်၍ ပေးလိုက်လေရာ
ထိုသို့ တပ်ဆင်၍ပေးသဖြင့် အပြစ်ပြုမိချေက အပြစ်နှင့် မမျှသော ထာဝရ ဒဏ်ကြီးကို
ပေးသည်မှာ တရားပါ၏လော…ဟူသော အတွေးများသည်
မကြာမကြာ ကျွန်ုပ်စိတ်၌ ပေါ်ခဲ့လေသည်။

xx xx xx မရှိလျင် အေး၏။ ရှိသောကြောင့် ပူ၏။
ဤရှိခြင်းတည်းဟူသော အပူနှင့် ညှဉ်းပန်း၍ အားမရသဖြင့် ငရဲသို့ ချချေက နည်းလမ်းကျပါ
မည်လား။
ကျွန်ုပ်ကိုယ်တိုင် ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့ရခြင်း၏ အကြောင်းဖြစ်ကာ ချေလွှာစကား
ဖြစ်၏။ ထိုစကားဖြင့် ထာဝရကို ချေခဲ့၏။ သို့ချေသည့်အတိုင်း ကြေပြီ။
ထာဝရဘုရား မရှိတော့ပြီဟု ကျွန်ုပ် ယုံကြည်၏။

(ပီမိုးနင်း၏ ပီမိုးနင်း-မှ)

စာမျက်နှာ ၃၅ / ၃၆
(စဉ်းစား တွေးခေါ် သုံးသပ် ဆင်ခြင်နိုင်ရန်သာ) 

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...