ကိုယ်ရေးရာဇဝင်

- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Saturday, November 30, 2013
မြန်မာမျိုးဘွဲ့
မြန်မာမျိုးဘွဲ့- လေးချိုး
*****************
ကြွလျှမ်းထိန်
တိမ်နဘန် အဇဋာစွန်းဆီက
လစန်းအိမ်
ထိန်လျှံဖြာလို့ ထွန်းချိန်မို့
ညချမ်းချိန်
အိမ်ဝရန်တာ ကွန်းမှာဖြင့်
တလိမ်လိမ်
မခံသာအောင်
လွမ်းပါဘိ
ငယ်ချစ်ကို။
ယမန် အတိတ်ဆီက
လျှံဖိတ်စွာ
စန်းယုန်သာတော့
ပန်းခုံမှာ
နှစ်ဖြာယှဉ်၍
ကညာခင်
မှတ်စေဖို့ သဘောတွေနဲ့
မဟာဝင်
ဇာတ်တွေ ပြောကာပ
ရာဇဝင်
ထပ်ထွေလို့ နှောစဉ်က
မနော၌
အစဉ်ချိုပါတယ်နော်ဗျာ
ချောတဲ့
ခင်ပျို။
ခုများမှာ
ဒဂုန်ရောက်ပြီမို့
ရှုစားကာ
ပုံမထောက်ပြီဘု
နုထွားကညာရယ်
တဂုဏ်မြောက်ကာပ
လူ့ငနွား
အချာ ငနုံ တယောက်ကိုတော့
ဝသုန်
တလျှောက်မှာဖြင့် မတွေ့ဘူး သလို
မေ့တဦးက
ကြွားမာန်ပျိုး။
ပျိုလေးခင်
မြို့သွေး
တခါဝင်လို့
ဘာမကြင်
တောမူကို မမုန်းလိုက်ပါနဲ့
စန်းသာသာ
ကွမ်းရွာ တုန်းဆီက
ယောထမီ
ပင်နီ သုံးပါလို့
အရပ်က
အသင်း ထိုထိုမှာ
ပရမတ္ထ
သဂြုင်္ိဟ်နဲ့ ပြုံးခဲ့တာကြောင့်
မာမီ အန်တီ
ဟန်ချီတဲ့ အလုံးတွေနဲ့
ဖုန်း
နှမ တသာကီရယ် ထင်ရာ မဆိုးထိုက်ပါဘူး
အဆုံးကျတော့
ကျုပ်တို့မှာ မြန်မာပြည်က မြန်မာအမျိုး။
(မင်းသုဝဏ်)
(၈.၄.၁၉၂၇)
(၈.၄.၁၉၂၇)
ဆီကြော်မုန့်နှင့် ဆီးကျိတ် ကင်ဆာ
ဆီကြော်မုန့်များ စားသုံးပါက ဆီးကျိတ်ကင်ဆာ ပိုမို ဖြစ်ပွားနိုင်သည်ကို
လေ့လာတွေ့ရှိ
အာလူးချောင်း ကြော်များ၊ ကြက်ကြော်များနှင့် ဒိုးနတ်မုန့်များ အစရှိသည့် ဆီကြော်မုန့်များ
ကို ပုံမှန် စားသုံးပါက ဆီးကျိတ်ကင်ဆာ ပိုမို ဖြစ်ပွားနိုင်ကြောင်း လေ့လာတွေ့ရှိချက် အသစ်တခုတွင် ဖော်ပြထားသည်။
အဆိုပါ လေ့လာ တွေ့ရှိချက် အသစ်ကို ဆီးကျိတ်ကင်ဆာ ဝေဒနာ ခံစားနေရသော
အမျိုးသား ၁၅၄၉ ဦးနှင့် ကျန်းမာသည့်လူ ၁၄၉၄ ဦးကို လေ့လာ ဆန်းစစ်မှု ပြုခဲ့ရာမှ
တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဝါရှင်တန်ပြည်နယ် ဆီယက်တဲလ် မြို့ရှိ Fred Hutchinson
ကင်ဆာ သုတေသနဌာနက ထုတ်ဖော် ပြောကြားခဲ့သည်။
သုတေသန ပြုရာတွင် ပါဝင်ခဲ့သူများမှာ အသက် ၃၅ နှစ်မှ ၇၄ နှစ်အတွင်း ဒေသခံများ
ဖြစ်ပြီး ကော့ကေး ဆပ်စ် နွယ်ဖွားများနှင့် အာဖရိက- အမေရိကန် နွယ်ဖွား ဆီယက်တဲလ်
မြို့သူ မြို့သားများ ဖြစ်ကြောင်း သိရသည်။ ၎င်းတို့၏ ပုံမှန် စားသောက်ပုံစံတွင် ဆီကြော်
အစာများ မည်မျှ ပါဝင်သည်ကို သုတေသီများက လေ့လာခဲ့ကြသည်။
ထိုကဲ့သို့ လေ့လာရာတွင် သီတင်းပတ် တပတ်အတွင်း အာလူးချောင်းကြော်များ၊ ကြက်
ကြော်များ၊ ငါးကြော်များနှင့် ဒိုးနတ်မုန့်များကို စားသုံးသူများသည် ဆီးကျိတ်ကင်ဆာ
ဝေဒနာ ဖြစ်ပွားမှုနှုန်း ၃ဝ ရာခိုင်နှုန်းမှ ၃၇ ရာခိုင်နှုန်း ပိုများသည်ကို တွေ့ရသည်။ ပုံမှန်
ဆီကြော်မုန့်များကို စားသုံးသူများသည် ဆီးကျိတ်ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှု အန္တရာယ်
ပိုမို ကြီးမားကြောင်း တွေ့ရသည်။
သုတေသီများက ဆီကြော်မုန့်များ စားခြင်းနှင့် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု အကြား ဆက်စပ်
မှုကို ချင့်တွက်ရာတွင် အသက်၊ မိသားစုအတွင်း ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု မျိုးရိုး ရှိ၊ မရှိ၊
အရပ်နှင့် ကိုယ်ခန္ဓာ အလေးချိန် ကိုက်ညီမှု ရှိ၊ မရှိ၊ လူမျိုး၊ PSA စမ်းသပ်မှုများကိုလည်း
ထည့်သွင်း စဉ်းစားခဲ့ကြသည်။
ဆီကြော် အစာများတွင် ကင်ဆာဖြစ်စေနိုင်သော ဒြပ်ပေါင်း ပါဝင်ကြောင်း သုတေသီများက ထုတ်ဖော် ပြောကြားထားသည်။ အစား အစာများကို ဆီဖြင့် ကြော်လှော်ရာတွင် အပူရှိန်
ကြောင့် ဆီများဆက် ပြောင်းလဲသွားပြီး ကြွပ်အောင် ကြော်ထားသည့် အစားအစာများတွင် ကင်ဆာ ဖြစ်စေနိုင်သည့် ကာစီနိုဂျင် ဒြပ်ပေါင်းအဖြစ် ဖြစ်လာသည်ကို တွေ့ရသည်။
ကာစီနိုဂျင်များကို အာလူးချောင်း ကြော်များကဲ့သို့ ကာဗိုဟိုက်ဒြိတ် ပါသော အစားအစာများ တွင် တွေ့ရသော acrylamide အပူချိန် မြင့်၍ ချက်သော အစားအစာများတွင် တွေ့ရသည့် ဓာတုပစ္စည်းများ ဖြစ်သည့် ဒြပ်ပေါင်းများ၊
ရေမွှေးများ ပါဝင်သည့် အော်ဂဲနစ် ပစ္စည်းမှာ ပေါင်းသတ် ဆေးများတွင် တွေ့ရသည့်
ဓာတုဗေဒ တမျိုး ဖြစ်သည့် acrylamide ဒြပ်များ ပါဝင်သည်။
ယင်း အဆိပ်ဖြစ်စေသော ဒြပ်ပေါင်းများသည် ဆီများ ထပ်ခါထပ်ခါ ပြန်သုံးခြင်းနှင့်
အကြော်ခံဆီတို့ကို ထပ်ခါထပ်ခါ ပြန်သုံးပါက ပို၍ အဆိပ်အတောက် ဖြစ်စေကြောင်း
သုတေသီများက ပြောကြားခဲ့သည်။ ။
Source:- မြဝတီ

နှစ်ကိုယ်တွေ့မှ ပို၍ ရွာပါ
ဆိုင်းငံ့ပေးပါ မိုးဒေဝါ
**************
ကိုးရပ်ခွင်
ဟိတ်ခတ်လို့
ဖိတ်မတတ်
ပတ်လည်
ကိတ္တပတ်
လျှပ်ခြည်
နတ်စည်တော်ဆော်လို့
ကပ္ပာပြု
ဝလာကို သာအောင်
ရွာမဟာပဲ
ထင်ကရို့။
ဖော်မဲ့လို့
အခွင့်ပန်တယ်
မတင့်ပြန်သမို့။
အကျင့်တန်
မလို့ဖြင့်
ညို့တို့တို့
မြရည်။
သဘောတူ
နှစ်မိတ်တွဲခါမှ
မတိတ်ပဲ
ရွာသင့်ပါသည်။
ထိတ်ကနဲ
သာခွင့်ကြည်အောင်
ခါလင့်မည်
မခြိမ်းဖြင့်
မခြိမ်းနှင့်
လန့်လှပါ၊
ဆိုင်းငံ့၍ရွာ။
နီးတော့ဖြင့်
ဆွေဝလာရယ်
စွေကပ္ပာ
ပတ်လုံးပလေး။
(အချုပ်တန်း
ဆရာဖေ)
နှစ်ကိုယ်တွေ့မှ ပို၍
ရွာပါ
*******************
အမ္ဗုန္ဓာ
ဝဠာဟ ရယ်က၊
အာဏာပြ
ပြင်းထန်၊
ငါသာပ
တင်းပြန်တယ်
မင်းဆန်တဲ့(မင်းဆန်ဆန်)
ရွှေမိုး။
ကိုးခွင်ပိတ်
ပြာမှုန်တယ်
ရာဇဂုဏ်
ခြိမ်းသံနှင့် ကြိုး(နှိုး)။
မကြည်သူ့
တကိုယ်ရေကို
အိုသေစေ
မူပျိုး၊
ဆိုလေလေ
သူတိုးလို့
ဆိုးပါနှင့်
နတ်ဆွေ၊
မစုံသူဖေါ်(နှင့်)ဝေးခိုက်မို့
မျှော်တွေးလို့
ဆိုင်းငံ့ပါလေ။
ပန်းသ,တဲ့
သဉ်ညောင်ဗွေမှာ
ခင်မောင်မေ
နှစ်ကိုယ်တွေ့ခါမှ
ပိုသရွေ့
ရက်ပြန်တရာ၊
ချုန်းသွန်လို့ရွာ။
မုန်းပါဘူး
မိုးဝဠာရယ်၊
ကိုးကမ္ဘာ
စွေအုန်းတော့လေး။
(ဦးပုည) (မိုးဖွဲ့) (ဆို-မူမူခင်)
Thursday, November 28, 2013
ဗုဒ္ဓတရားတော်နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နှစ်ခု
(သီတဂူဆရာတော်ရဲ့ဖတ်သင့်သော ဟောပြောမှု)
မကြာခင်လေးက အိန္ဒိယပြည်ကြီးရဲ့မြောက်ဘက် ကက်ရှ်မီးယားရဲ့အရှေ့မြောက် လာဒက် က ပြန်လာတယ်။ လာဒက်မှာ ဘုန်းကြီး တရားဟောတယ်။
Buddhist Centre ဆိုပြီးတော့ ဗုဒ္ဓဘာသာအဖွဲ့ရဲ့ဌာနချုပ် မြို့လယ်ခေါင်မှာ ဖွင့်ထားတယ်။
တမြို့လုံး ပိုစတာထောင်ပြီးတော့ ကြော်ငြာလိုက်တော့ ဗုဒ္ဓဘာသာဝင်ရော၊ ခရစ်ယာန်စတဲ့ အခြားဘာသာဝင်တွေရော အားလုံးလာပြီးတော့ နားထောင်ကြတယ်။ Tourist တွေကလည်း အရမ်းပေါတယ်။ သူတို့လည်း လာနားထောင်ကြတယ်။
ခေါင်းစဉ်က ဘုန်းကြီးပေးတဲ့ ခေါင်းစဉ်မဟုတ်ဘူး။ သူတို့ ပေးတဲ့ခေါင်းစဉ်။
Buddhist and World Peace ဗုဒ္ဓဘာသာတရားတော်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ဆိုတဲ့
ခေါင်းစဉ်ကို ဟောရမှာ။
ကမ္ဘာဆိုတာ ဘာလဲ ...
စင်ပေါ်ရောက်တော့ ဘုန်းကြီးက ဘာဟောသလဲဆိုရင် The World ကမ္ဘာဆိုတာ ဘာခေါ်
တာလဲ။ ဘုန်းကြီးက အဲဒီက စတာ။ ရေ မြေ၊ တော တောင်၊ နေ လ၊ နက္ခတ် တာရာ၊
ပင်လယ် သမုဒ္ဒရာ၊ အင်္ဂလိပ် အမေရိကန် ဂျပန် ကိုရီးယား မြန်မာ ဒါတွေ အကုန်လုံးကို
မင်းတို့က ကမ္ဘာလို့ ခေါ်ချင်သလား။ မင်းတို့ ခေါ်ချင်လည်းခေါ် ရပါတယ်။
တို့ ဗုဒ္ဓကတော့ ခြေဖျားမှ ဆံပင်ဖျား တိုင်အောင် တလံမျှရှိတဲ့ ခန္ဓာကိုယ်ကို “တကမ္ဘာ” လို့
သတ်မှတ်တယ်။ အဲဒီတော့ ကမ္ဘာက လူ့အပြင်ဘက်မှာ ရှိတဲ့ အပြင်ကမ္ဘာနှင့် လူသား
တယောက်ချင်း တယောက်ချင်းရဲ့အတွင်းကမ္ဘာ ဆိုပြီး ၂ မျိုးရှိတယ်။
ဘုန်းကြီးက သူတို့ကို “အပြင်ကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေးကို ခဏထားစမ်းပါအုံး။
အတွင်းကမ္ဘာ လို့ ခေါ်တဲ့ Individual World တယောက်စီ တယောက်စီနှင့် ဆိုင်တဲ့
ကမ္ဘာရဲ့ငြိမ်းချမ်းရေးကိုပဲ မင်းတို့ လုပ်ကြပါကွာ”လို့ ဘုန်းကြီးက ပြောလိုက်တယ်။
အာရှ အာဖရိက ဥရောပ အမေရိက ငြိမ်းချမ်းရေးတွေကို မင်းတို့ ခဏထား၊ မင်းတို့
တယောက်ချင်း တယောက်ချင်းရဲ့ငြိမ်းချမ်းရေး Individual Peace ကိုမှ မတည်ဆောက်
နိုင်ရင် ကမ္ဘာ့ငြိမ်းချမ်းရေးဆိုတာ အဓိပ္ပာယ်မရှိဘူး။
အဲဒီ ငြိမ်းချမ်းရေးမျိုးကိုလည်း ငါတော့ မယုံဘူး။
ကမ္ဘာစစ်၏ အစ ...
ဒီတော့“ကမ္ဘာစစ်ဆိုတာ ဘယ်က စသလဲ”ဆိုရင် အင်္ဂလိပ်က စတယ်။ အမေရိကန်က စတယ်။ ဟစ်တလာက စတယ်။ ကွန်မြူနစ်က စတယ်။ ဆိုရှယ်လစ်က စတယ် ဆိုတာတွေ ပြော
မနေပါနဲ့။ ဒါတွေ တခုမှ မဟုတ်ဘူး။
စစ်ကို ဘယ်က စသလဲ ဆိုရင် စိတ်က စတယ်။ လူတယောက်ချင်း တယောက်ချင်းရဲ့ စိတ်ဓာတ်ကနေပြီးတော့ စတာ။ အဲဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို မလုပ်သေးခင် ဘာကို
အရင်လုပ်မလဲ၊ တယောက်ချင်း တယောက်ချင်းရဲ့စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်
ရမယ်။
“တယောက်ချင်း တယောက်ချင်းရဲ့စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရခြင်းသည်
ဒါကြောင့် စိတ်ရဲ့ငြိမ်းချမ်းရေးကို အမေရိကန်ထောင်သား နှစ်ယောက်နှင့် နေရူးတို့က
ဗုဒ္ဓရုပ်ပုံတော်တို့ကို ကြည့်ကြည့်ပြီးတော့ သူတို့ရဲ့စိတ်ဓာတ် ငြိမ်းချမ်းရေးကို ယူသွားကြ
တယ်။ ရလည်း ရသွားကြတယ်။
အမေရိကန်လူကြီးက ဓမ္မပဒစာအုပ်ကို မရရအောင် ရှာဖတ်ပြီးတော့ ထောင်ထဲမှာ အဲဒီ
ဓမ္မပဒတရားကို တခြားထောင်သားတွေကို ဟောပြတယ်။ ဟောရင်း ဟောရင်းနဲ့ သူ
ထောင်က လွတ်တော့ ခရစ်ယာန်ဘုန်းကြီး ဖြစ်တာပဲ။ ခရစ်ယာန်ဘုန်းကြီး ဘာနဲ့ ဖြစ်
သလဲဆိုရင် ဓမ္မပဒနဲ့ ဖြစ်တာ။
ဒီအကျဉ်းထောင်မှာ ဗုဒ္ဓ ဘာသာဝင်လည်း ရှိမှာပဲ။ ခရစ်ယာန် ဘာသာဝင်လည်း ရှိမှာပဲ။ အစ္စလာမ်ဘာသာဝင်လည်း ရှိမှာပဲ။ ဟိန္ဒူဘာသာဝင်လည်း ရှိမှာပဲ။ ဂျုးလည်း ရှိမှာပဲ။
ခရစ်ယာန်တွေရဲ့ကိုးကွယ်ရာက God၊ ဂျူးတို့ရဲ့ကိုးကွယ်ရာက ယေဟိုးဝါး၊ အစ္စလာမ်တို့ရဲ့
ကိုးကွယ်ရာက အလ္လာအရှင်မြတ်၊ ဒါတွေက ကိုးကွယ်စရာတွေ။ ဒီကိုးကွယ်စရာ အမျိုးမျိုးကို
ဘယ်လိုပင် ကိုးကွယ် ကိုးကွယ် ကိစ္စမရှိပါဘူး။ God ကို ရှိခိုးရင်လည်း ရှိခိုးပေါ့။ အလ္လာကို
လည်း ဦးတိုက်ချင် ဦးတိုက်ပေါ့။ အရေးမကြီးပါဘူး။
အရေးကြီးဆုံး အလုပ်နှစ်ခု ...
ကိုးကွယ်စရာက ပဓာန မဟုတ်ဘူး။ စိတ်ကို ပြင်ဖို့က ပဓာန။ ကိုးကွယ်စရာ ပေါင်းများစွာကို
အကုန်လုံး သိမ်းကျူံး ကိုးကွယ်နေစေကာမူ စိတ်ကို မပြင်နိုင်သေးသမျှ အဲဒီပုဂ္ဂိုလ်တွေရဲ့
စိတ်ဓာတ်ဟာ ငြိမ်းချမ်းရေး မရနိုင်ဘူး။
ဒီတော့ စိတ်ဓာတ် ငြိမ်းချမ်းရေးကို နောက်မှ လုပ်ပါ။ စိတ်ရဲ့ငြိမ်းချမ်းမှုကို ဘယ်က စ,လုပ်ရ
မလဲ။ စိတ်ဓာတ်ယဉ်ကျေးမှုနှင့် စတင်၍ တည်ဆောက်ရမယ်။ ဒီနှစ်ခုဟာ လူသားအားလုံးမှာ
အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဘယ်ဘာသာဝင်မဆို ဘယ်ဘုရားကိုပဲ ကိုးကွယ်၊ကိုးကွယ်
ဒီနှစ်ချက်ကို အဓိက ထားပြီးတော့ အားလုံး လုပ်ကြရမယ်။
စိတ်ဓာတ် ယဉ်ကျေးမှုနှင့် စိတ်ဓာတ်ငြိမ်းချမ်းမှု ဒီနှစ်ခု ပဓာန ထားပြီးတော့ အားလုံး လုပ်
ကြရမယ်။ ဒီတော့ စိတ်ဓာတ်ယဉ်ကျေးမှုနှင့် စိတ်ဓာတ် ငြိမ်းချမ်းမှုနှစ်ခု ကို အပြည့်အဝ
ရအောင် လုပ်နိုင်တယ်ဆိုရင် စိတ်ထဲမှာ အားလုံး ပြည့်စုံသွားလိမ့်မည်။ စိတ်ဓာတ် မယဉ်
ကျေးသေး သမျှ အဲဒီပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာ ဘာမှ ပြည့်စုံမှာ မဟုတ်ဘူး။
အနောက်ဘက်က တိုင်းပြည်တွေကို ကြည့်လိုက်ရင် ရုပ်ပိုင်းဆိုင်ရာ ဝထ္ထုတွေ အားလုံး
ပြည့်စုံတယ်။ ဒါပေမယ့် စိတ်ထဲမှာ အမြဲတမ်း လိုနေတယ်။ သူတို့ကို မေးကြည့်လိုက်ရင်
ပြည့်စုံတယ်လို့ ဘယ်သောအခါမှ မပြောကြဘူး။ ဘုန်းကြီးတို့ အရှေ့ဘက် တိုင်းပြည်
တွေကတော့ ရုပ်ပိုင်းဆိုင်ရာမှာ လိုနေတာ မှန်တယ်။ သို့သော် စိတ်ပိုင်းဆိုင်ရာ ပြည့်စုံတဲ့
အခြေခံအားလုံး အလုံအလောက်ရှိတယ်။
အာရှမှာ အကုန်လုံး ပြည့်စုံတယ်...
သိသာအောင် ပြောရမယ်ဆိုရင် Jesus Christ ဘယ်မှာ မွေးလဲ။ အာရှမှာ မွေးတယ်။
သိဒ္ဓတ္ထဂေါတမ ဘယ်မှာ မွေးလဲ။ အာရှမှာ မွေးတယ်။ ဟိန္ဒူ ဘာသာကို တည်ထောင်ကြတဲ့ Brahim တွေလည်း အာရှမှာပဲ မွေးကြတယ်။ အစ္စလာမ်ဘာသာကို တည်ထောင်တဲ့
မိုဟာမက်လည်း အာရှမှာပဲ မွေးတယ်။
ဒါကြောင့် စိတ်ဓာတ်ကို ဖြည့်စွက်ဖို့ရန် Mental Fulfilment အတွက် Mental Culture ,
Mental Happiness နည်းစနစ်တွေ အာရှမှာ အကုန်လုံး အပြည့်အစုံရှိတယ်။ ဟို
အနောက်ဘက် တိုင်းပြည်တွေမှာတော့ မရှိဘူး။ ဒါကြောင့် ဥရောပ အမေရိကစတဲ့
အနောက်တိုင်းက လူတွေ အာရှဘက်ကိုပဲ ရှိခိုးနေရတယ်။
ဗုဒ္ဓကို ရှိခိုးချင်တယ်ဆိုရင် အနောက်က လူတွေ အရှေ့ကို လှမ်းရှိခိုးရတယ်။ Jesus Christ ကို
ရှိခိုးချင်တယ် ဆိုရင်လည်း အရှေ့ကိုပဲ လှမ်းရှိခိုးရတယ်။ ဘုန်းကြီးတို့ အရှေ့ဘက် တိုင်းပြည်က ဟိုအနောက်ဘက်က တိုင်းပြည်တွေထက် Civilize ယဉ်ကျေးမှု ပိုဖြစ်တယ်။
ဒါကို အရှေ့တိုင်းသားတွေက အားရဂုဏ်ယူ ဝင့်ကြွားပြီးတော့ ကိုယ့်ဆီမှာ ရှိနေတဲ့ စိတ်ဓာတ်
ယဉ်ကျေးမှု၊ စိတ်ဓာတ်ငြိမ်းချမ်းမှုတို့နှင့် ပတ်သက်တဲ့ နည်းစနစ်တွေကို အပြည့်အဝ အသုံး
မချနိုင်ဘူး ဆိုရင် အာရှတိုင်းသားတွေ အကြီးအကျယ် နစ်နာမယ်။
ဗုဒ္ဓတရားနှင့် ဆရာလုပ်နေတယ် ...
ဟိုဘက်က လူတွေက ဗုဒ္ဓတရားတော်တွေကို ခရစ်ယာန် Chruch ကျောင်းမှာ သုံးသွားတယ်။
ဗုဒ္ဓတရားနှင့် ဆရာလုပ်နေကြတယ်။ ဒါ ဝန်တိုစရာ မဟုတ်ဘူး။ သိပ် ဝမ်းသာစရာ
ကောင်းတယ်။
လူသား တယောက်ချင်း တယောက်ချင်းရဲ့စိတ်ဓာတ်ယဉ်ကျေးမှုနှင့် စိတ်ဓာတ် ငြိမ်းချမ်းရေး
ကို ဗုဒ္ဓတရားတော်ထဲက နေပြီးတော့ ယူသုံးနေကြတာဟာ ဓမ္မရဲ့တန်ဖိုးကို နားလည်ကြဖို့ပဲ။
ခရစ်ယာန်ဘုန်းကြီးက “ဗုဒ္ဓ တရားဟာ Common Religion လူသားအားလုံး ကိုးကွယ်ဖို့ ဘာသာတရားဖြစ်ပါတယ်”လို့ ပြောတယ်။ အလွန်မှတ်သားထိုက်တဲ့ စကား။ လေးစားမြတ်နိုး
စရာကောင်းတဲ့ စကားပဲ။
မှတ်ချက် ။ သီတဂူ ဆရာတော်ဒေါက်တာ အရှင်ဉာဏိဿရ
ဓမ္မရိပ်မဂ္ဂဇင်းမှ ပြန်လည်ရေးသားတ င်ပြပါသည်။ မောင်သိန်းထိုက်
ဗုဒ္ဓကမ္ဘာ၏ စာမျက်နှာမှ ဓမ္မဒါနပြုပါ သည်။

ဗုဒ္ဓဝါဒပဲ။ ဒါနဲ့ ပတ်သတ်လို့ မင်းတို့ စောဒက
တက်စရာရှိရင် တက်ကြ။ မေးစရာရှိရင်
မေးကြ ”ပြောပြီး ကြားထဲမှာ ခဏလောက်
တရားရပ်ထားတယ်။ ဘယ်သူမှ ဘာမှ
မမေးကြဘူး။ ငြိမ်နေကြတယ်။
“မင်းတို့ အဲဒီလောက် ငြိမ်ငြိမ်နေရင် ငြိမ်းချမ်းရေး ရပြီ”လို့ ပြောတော့ သူတို့ အားလုံး
ရယ်ကြတယ်။ ကမ္ဘာစစ်ဆိုတဲ့ စကားလုံးဟာ ပြောနေကြအတိုင်းသာ ပြောတာ။
တကယ်တော့ ကမ္ဘာက မစဘူး။ စိတ်က စပါတယ်။ ကမ္ဘာစစ်ကို စိတ်က စရင်
ကမ္ဘာ့ငြိမ်းချမ်းရေးကိုလည်း ဒီစိတ်ကပင် စတင် တည်ဆောက်ရမှာ ဖြစ်ပါတယ်။
“မင်းတို့ အဲဒီလောက် ငြိမ်ငြိမ်နေရင် ငြိမ်းချမ်းရေး ရပြီ”လို့ ပြောတော့ သူတို့ အားလုံး
ရယ်ကြတယ်။ ကမ္ဘာစစ်ဆိုတဲ့ စကားလုံးဟာ ပြောနေကြအတိုင်းသာ ပြောတာ။
တကယ်တော့ ကမ္ဘာက မစဘူး။ စိတ်က စပါတယ်။ ကမ္ဘာစစ်ကို စိတ်က စရင်
ကမ္ဘာ့ငြိမ်းချမ်းရေးကိုလည်း ဒီစိတ်ကပင် စတင် တည်ဆောက်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် စိတ်ရဲ့ငြိမ်းချမ်းရေးကို အမေရိကန်ထောင်သား နှစ်ယောက်နှင့် နေရူးတို့က
ဗုဒ္ဓရုပ်ပုံတော်တို့ကို ကြည့်ကြည့်ပြီးတော့ သူတို့ရဲ့စိတ်ဓာတ် ငြိမ်းချမ်းရေးကို ယူသွားကြ
တယ်။ ရလည်း ရသွားကြတယ်။
အမေရိကန်လူကြီးက ဓမ္မပဒစာအုပ်ကို မရရအောင် ရှာဖတ်ပြီးတော့ ထောင်ထဲမှာ အဲဒီ
ဓမ္မပဒတရားကို တခြားထောင်သားတွေကို ဟောပြတယ်။ ဟောရင်း ဟောရင်းနဲ့ သူ
ထောင်က လွတ်တော့ ခရစ်ယာန်ဘုန်းကြီး ဖြစ်တာပဲ။ ခရစ်ယာန်ဘုန်းကြီး ဘာနဲ့ ဖြစ်
သလဲဆိုရင် ဓမ္မပဒနဲ့ ဖြစ်တာ။
ဒီအကျဉ်းထောင်မှာ ဗုဒ္ဓ ဘာသာဝင်လည်း ရှိမှာပဲ။ ခရစ်ယာန် ဘာသာဝင်လည်း ရှိမှာပဲ။ အစ္စလာမ်ဘာသာဝင်လည်း ရှိမှာပဲ။ ဟိန္ဒူဘာသာဝင်လည်း ရှိမှာပဲ။ ဂျုးလည်း ရှိမှာပဲ။
ခရစ်ယာန်တွေရဲ့ကိုးကွယ်ရာက God၊ ဂျူးတို့ရဲ့ကိုးကွယ်ရာက ယေဟိုးဝါး၊ အစ္စလာမ်တို့ရဲ့
ကိုးကွယ်ရာက အလ္လာအရှင်မြတ်၊ ဒါတွေက ကိုးကွယ်စရာတွေ။ ဒီကိုးကွယ်စရာ အမျိုးမျိုးကို
ဘယ်လိုပင် ကိုးကွယ် ကိုးကွယ် ကိစ္စမရှိပါဘူး။ God ကို ရှိခိုးရင်လည်း ရှိခိုးပေါ့။ အလ္လာကို
လည်း ဦးတိုက်ချင် ဦးတိုက်ပေါ့။ အရေးမကြီးပါဘူး။
အရေးကြီးဆုံး အလုပ်နှစ်ခု ...
ကိုးကွယ်စရာက ပဓာန မဟုတ်ဘူး။ စိတ်ကို ပြင်ဖို့က ပဓာန။ ကိုးကွယ်စရာ ပေါင်းများစွာကို
အကုန်လုံး သိမ်းကျူံး ကိုးကွယ်နေစေကာမူ စိတ်ကို မပြင်နိုင်သေးသမျှ အဲဒီပုဂ္ဂိုလ်တွေရဲ့
စိတ်ဓာတ်ဟာ ငြိမ်းချမ်းရေး မရနိုင်ဘူး။
စိတ်ဓာတ်ငြိမ်းချမ်းရေး Mental Peace ( တနည်းပြောရရင် )
စိတ်ဓာတ် ယဉ်ကျေးမှု
Mental Culture...။
Mental Culture...။
ဒီတော့ စိတ်ဓာတ် ငြိမ်းချမ်းရေးကို နောက်မှ လုပ်ပါ။ စိတ်ရဲ့ငြိမ်းချမ်းမှုကို ဘယ်က စ,လုပ်ရ
မလဲ။ စိတ်ဓာတ်ယဉ်ကျေးမှုနှင့် စတင်၍ တည်ဆောက်ရမယ်။ ဒီနှစ်ခုဟာ လူသားအားလုံးမှာ
အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဘယ်ဘာသာဝင်မဆို ဘယ်ဘုရားကိုပဲ ကိုးကွယ်၊ကိုးကွယ်
ဒီနှစ်ချက်ကို အဓိက ထားပြီးတော့ အားလုံး လုပ်ကြရမယ်။
စိတ်ဓာတ် ယဉ်ကျေးမှုနှင့် စိတ်ဓာတ်ငြိမ်းချမ်းမှု ဒီနှစ်ခု ပဓာန ထားပြီးတော့ အားလုံး လုပ်
ကြရမယ်။ ဒီတော့ စိတ်ဓာတ်ယဉ်ကျေးမှုနှင့် စိတ်ဓာတ် ငြိမ်းချမ်းမှုနှစ်ခု
ရအောင် လုပ်နိုင်တယ်ဆိုရင် စိတ်ထဲမှာ အားလုံး ပြည့်စုံသွားလိမ့်မည်။ စိတ်ဓာတ် မယဉ်
ကျေးသေး သမျှ အဲဒီပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာ ဘာမှ ပြည့်စုံမှာ မဟုတ်ဘူး။
အနောက်ဘက်က တိုင်းပြည်တွေကို ကြည့်လိုက်ရင် ရုပ်ပိုင်းဆိုင်ရာ ဝထ္ထုတွေ အားလုံး
ပြည့်စုံတယ်။ ဒါပေမယ့် စိတ်ထဲမှာ အမြဲတမ်း လိုနေတယ်။ သူတို့ကို မေးကြည့်လိုက်ရင်
ပြည့်စုံတယ်လို့ ဘယ်သောအခါမှ မပြောကြဘူး။ ဘုန်းကြီးတို့ အရှေ့ဘက် တိုင်းပြည်
တွေကတော့ ရုပ်ပိုင်းဆိုင်ရာမှာ လိုနေတာ မှန်တယ်။ သို့သော် စိတ်ပိုင်းဆိုင်ရာ ပြည့်စုံတဲ့
အခြေခံအားလုံး အလုံအလောက်ရှိတယ်။
အာရှမှာ အကုန်လုံး ပြည့်စုံတယ်...
သိသာအောင် ပြောရမယ်ဆိုရင် Jesus Christ ဘယ်မှာ မွေးလဲ။ အာရှမှာ မွေးတယ်။
သိဒ္ဓတ္ထဂေါတမ ဘယ်မှာ မွေးလဲ။ အာရှမှာ မွေးတယ်။ ဟိန္ဒူ ဘာသာကို တည်ထောင်ကြတဲ့ Brahim တွေလည်း အာရှမှာပဲ မွေးကြတယ်။ အစ္စလာမ်ဘာသာကို တည်ထောင်တဲ့
မိုဟာမက်လည်း အာရှမှာပဲ မွေးတယ်။
ဒါကြောင့် စိတ်ဓာတ်ကို ဖြည့်စွက်ဖို့ရန် Mental Fulfilment အတွက် Mental Culture ,
Mental Happiness နည်းစနစ်တွေ အာရှမှာ အကုန်လုံး အပြည့်အစုံရှိတယ်။ ဟို
အနောက်ဘက် တိုင်းပြည်တွေမှာတော့ မရှိဘူး။ ဒါကြောင့် ဥရောပ အမေရိကစတဲ့
အနောက်တိုင်းက လူတွေ အာရှဘက်ကိုပဲ ရှိခိုးနေရတယ်။
ဗုဒ္ဓကို ရှိခိုးချင်တယ်ဆိုရင် အနောက်က လူတွေ အရှေ့ကို လှမ်းရှိခိုးရတယ်။ Jesus Christ ကို
ရှိခိုးချင်တယ် ဆိုရင်လည်း အရှေ့ကိုပဲ လှမ်းရှိခိုးရတယ်။ ဘုန်းကြီးတို့ အရှေ့ဘက် တိုင်းပြည်က ဟိုအနောက်ဘက်က တိုင်းပြည်တွေထက် Civilize ယဉ်ကျေးမှု ပိုဖြစ်တယ်။
ဒါကို အရှေ့တိုင်းသားတွေက အားရဂုဏ်ယူ ဝင့်ကြွားပြီးတော့ ကိုယ့်ဆီမှာ ရှိနေတဲ့ စိတ်ဓာတ်
ယဉ်ကျေးမှု၊ စိတ်ဓာတ်ငြိမ်းချမ်းမှုတို့နှင့် ပတ်သက်တဲ့ နည်းစနစ်တွေကို အပြည့်အဝ အသုံး
မချနိုင်ဘူး ဆိုရင် အာရှတိုင်းသားတွေ အကြီးအကျယ် နစ်နာမယ်။
ဗုဒ္ဓတရားနှင့် ဆရာလုပ်နေတယ် ...
ဟိုဘက်က လူတွေက ဗုဒ္ဓတရားတော်တွေကို ခရစ်ယာန် Chruch ကျောင်းမှာ သုံးသွားတယ်။
ဗုဒ္ဓတရားနှင့် ဆရာလုပ်နေကြတယ်။ ဒါ ဝန်တိုစရာ မဟုတ်ဘူး။ သိပ် ဝမ်းသာစရာ
ကောင်းတယ်။
လူသား တယောက်ချင်း တယောက်ချင်းရဲ့စိတ်ဓာတ်ယဉ်ကျေးမှုနှင့် စိတ်ဓာတ် ငြိမ်းချမ်းရေး
ကို ဗုဒ္ဓတရားတော်ထဲက နေပြီးတော့ ယူသုံးနေကြတာဟာ ဓမ္မရဲ့တန်ဖိုးကို နားလည်ကြဖို့ပဲ။
ခရစ်ယာန်ဘုန်းကြီးက “ဗုဒ္ဓ တရားဟာ Common Religion လူသားအားလုံး ကိုးကွယ်ဖို့ ဘာသာတရားဖြစ်ပါတယ်”လို့ ပြောတယ်။ အလွန်မှတ်သားထိုက်တဲ့ စကား။ လေးစားမြတ်နိုး
စရာကောင်းတဲ့ စကားပဲ။
မှတ်ချက် ။ သီတဂူ ဆရာတော်ဒေါက်တာ အရှင်ဉာဏိဿရ
ဓမ္မရိပ်မဂ္ဂဇင်းမှ ပြန်လည်ရေးသားတ
ဗုဒ္ဓကမ္ဘာ၏ စာမျက်နှာမှ ဓမ္မဒါနပြုပါ
ဘယ်တော့များမှ တူဆုံမယ်
ဘယ်တော့များမှ
တူဆုံမယ်
*******************
ဟေမန္တာ လေသွေးတော့
တအေးအေး စိမ့်တုန်
မယ့်ရင်ဝ သည်းအုံမှာ
တခုန်ခုန် မနား။
ဖဲပိုးညွှန့် ထပ်ကာခြုံတယ်
မလုံနိုင် အေးလိုက်တာများ။
ဖူးအရင့် ကေခိုင်ရယ်
နေနိုင်တော် နေအား၊
ရင်ငွေ့တော် တူနှစ်ပါး
လှည့်ငြားလို့ ခိုလှုံ။
သဉ္စာလီ ဘုံကြွ
သည်လိုမှ နွေးလိမ့်တပုံ။
ဘယ်တော့များ တူဆုံမယ်
ရွှေရင်အုံ လေခတ်တော့
သေမတတ် ခန်းကြာညောင်၊
တ, မိ ဘုန်းခေါင်။
ဘယ်ကာလ ဗွေဆောင်မှာ
မယ်နဲ့မောင် နီးမယ်ပလေး။
(မြင်စိုင်းမင်းသမီး)
သစ္စာတိုင်
သစ္စာတိုင်
********
ပစ်မခွါ
နှစ်တရာ ရှည်မြင့်အောင်ပ၊
တည်ခွင့်ပါဗျ။
နှစ်တရာ ရှည်မြင့်အောင်ပ၊
တည်ခွင့်ပါဗျ။
မေတ္တာငယ်လှိုင်
သစ္စာတိုင် ယိုင်မကျိုးပါနဲ့
ရိုးမြေပြာကျ။
သစ္စာတိုင် ယိုင်မကျိုးပါနဲ့
ရိုးမြေပြာကျ။
(အချုပ်တန်း ဆရာဖေ)
Subscribe to:
Posts (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)
Blog Archive
-
▼
2013
(671)
-
▼
November
(48)
- မြန်မာမျိုးဘွဲ့
- ဆီကြော်မုန့်နှင့် ဆီးကျိတ် ကင်ဆာ
- နှစ်ကိုယ်တွေ့မှ ပို၍ ရွာပါ
- ဗုဒ္ဓတရားတော်နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နှစ်ခု
- ဘယ်တော့များမှ တူဆုံမယ်
- သစ္စာတိုင်
- လက်တန်းဉာဏ် (မောင်ဘွဲ့)
- အဝိဇ္ဇာ မကုန်ကြသေးတော့ (မယ်ဘွဲ့)
- ကာလဆိုး
- မာန်
- ဘာတွေလဲကွယ်...
- ငွေမျက်နှာ
- “မျက်ဖြေ လင်္ကာ”
- ခင် ထွေးဖက်မှ မှေးစက်နိုင်မယ်ထင်
- ဆောင်းဘွဲ့ တေးထပ်
- အာဇာနည် စိတ်ဓာတ် ဆိုတာ
- ဗိုလ်ချုပ်အောင်ဆန်း၏ ဘာသာရေးအသိ တစွန်းတစ
- ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်စဉ်ထဲက ပညာရေးအပေါ် သိမြင် ဆ...
- အခက်ကြီး လေးပါး
- ပထမ မစိုးရိမ်ဆရာတော်ကြီး၏ အဆုံးအမ
- ဂျာမန် စကားပုံ
- မြန်မာလူမျိုးတွေ ဘာ့ကြောင့် မချမ်းသာကြသလဲ..
- အဆုံးအမ
- အဆုံးအမ
- ဆီးချိုရောဂါ ကာကွယ်နည်းများ
- သွေးဆုံးချိန်မှာ ဖြစ်တတ်သော အမျိုးသမီး ကျန်းမာရေး
- အမျိုးသမီးတိုင်း မဖြစ်မနေ ရှာဖွေ စစ်ဆေး သင့်သော ရေ...
- “တန်ဆောင်မုန်းလဘွဲ့
- "လတန်ဆောင်"
- ဘဝတောင်တန်း
- စိတ်တခုကို နိုင်ရင် အားလုံး အောင်မြင်နိုင်တယ်။
- ဆင်ခြင် သတိ ရှိကြစေချင်
- မုန်းစိတ်မကူး
- မိခင်က သား မောင်ရွှေအောင် ထံ ပေးသည့် သြဝါဒ မေတ္တာစာ
- “ မိုးတော မောင်ဘွဲ့ ”
- ပန်းချီ မနိုင်
- မကြောက်ဆေး
- ပညာရေးဟူသည်
- ရှေးဆရာတော်တို့၏ အတို ဆုံးမပုံ
- သံဝေဂ ယူတော့မယ်
- အဆင်းလမ်း
- မှတ်သားဖွယ် အဆုံးအမများ
- မှတ်သားခဲ့ဖူးသော အဆုံးအများ
- ဖတ်ခဲ့ဖူးသော ဒဿနများ
- မှတ်သားမိသော စကားလုံးများ
- ရှေး အဆုံးအမ
- မိဘကျေးဇူး (သို့) လောကကို မြင်စေသူ,ညွှန်ပြသူ
- ဆောင်းဘွဲ့
-
▼
November
(48)