သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, November 18, 2013

PostHeaderIcon သွေးဆုံးချိန်မှာ ဖြစ်တတ်သော အမျိုးသမီး ကျန်းမာရေး


 သွေးဆုံးချိန်မှာ ဖြစ်တတ်သော အမျိုးသမီး ကျန်းမာရေး
**************************************
သွေးဆုံးချိန်နဲ့ သွေးဆုံး အကြိုကာလဟာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးအပေါ် သက်
ရောက်မှု ရှိပါတယ်။ သွေးဆုံးချိန်မှာ သင့်ခန္ဓာကိုယ်အပေါ် ဘယ်လို သက်ရောက်မှုတွေ
ရှိသလဲဆိုတာ သိနားလည်ထားမှ သွေးဆုံးပြီးချိန်မှာ ကျန်းမာရေးကောင်းမွန်အောင်
ထိန်းသိမ်းရမယ့် နည်းတွေကို သဘောပေါက်မှာ ဖြစ်ပါတယ်။
 
*သွေးဆုံးချိန် လက္ခဏာများ
သွးဆုံးချိန် လက္ခဏာတွေက အမျိုးသမီးတိုင်းမှာ မတူညီတတ်ပါဘူး။ အမျိုးသမီး
ကျန်းမာရေး စင်တာရဲ့ လေ့လာမှုအရ သွေးဆုံးချိန်မှာ ဖြစ်ပေါ်တတ်တဲ့ လက္ခဏာ
တွေကတော့
- ညဘက် ချွေးထွက်တာ၊
- ပူစပ်ပူလောင်ဖြစ်ပြီး ချမ်းတုန်တာ၊
- ဝမ်းနည်းပြီး စိတ်ထိခိုက်လွယ်တာ၊ စိတ်မသက်မသာဖြစ်တာ စတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ ဖြစ်တာ၊
- ည ည အိပ်မောကျဖို့ ခက်ခဲတာ၊ - မိန်းမကိုယ် ခြောက်သွေ့တာ၊
- ရာသီလာတဲ့ ဖြစ်စဉ် အပြောင်းအလဲ၊
- အာရုံစူးစိုက်နိုင်စွမ်း ခက်ခဲတာ၊ အရာရာကို သတိရဖို့ ခက်ခဲတာ၊
- ဆံပင်ကျွတ်တာ (တခါတရံ မျက်နှာမှာ အမွေးအမှင်တွေ ထူလာတတ်ပါတယ်)
*
သွေးဆုံးချိန်နှင့် အရိုးထုထည် ဆုံးရှုံးမှု
ဆက်စပ်နေတဲ့ ဟော်မုန်းတမျိုးပါ။ သွေးဆုံးချိန်အတောအတွင်း အီစထရိုဂျင်အဆင့်
လျော့ကျသွားတာကြောင့် သွေးဆုံးပြီးချိန်မှာ အမျိုးသမီးအများစုဟာ အရိုး ထုထည်
ဆုံးရှုံးနေတတ်ပါတယ်။ အရိုးတွေ ပိုမို အားနည်းလေလေ၊ ကျိုးဖို့ ပိုလွယ်လေလေပါပဲ။
အရိုး သိပ်သည်းဆ ဆုံးရှုံးပြီး အလွန်အားနည်းတာကို အရိုးပါးရောဂါလို့ ခေါ်ပါတယ်။ ဒါကြောင့် သွေးဆုံးအကြို အမျိုးသမီးတွေနဲ့ အသက် ၆၅ နှစ်နဲ့ အထက် အမျိုးသမီး
အားလုံး အရိုး သိပ်သည်းဆ စစ်ဆေးမှု ခံယူသင့်တယ်လို့ အမျိုးသား အရိုးပါး ရောဂါ
ဖောင်ဒေးရှင်းက အကြံပြုထားပါတယ်။
 
*အရွယ်မတိုင်မီ သွေးဆုံးခြင်း
အရွယ်မတိုင်ခင် သွေးဆုံးတာနဲ့ ငယ်ငယ်ရွယ်ရွယ် သွေးဆုံးတာတွေဟာ ပုံမှန် သွေးဆုံး
တာထက် ကျန်းမာရေးအပေါ် ပိုပြီး ထိခိုက်စေနိုင်ပါတယ်။ အရွယ်မတိုင်ခင် သွေးဆုံးတယ်
ဆိုတာ အသက် ၄၀ မပြည့်မီ သွေးဆုံးတာကို ခေါ်တာဖြစ်ပြီး လက္ခဏာတွေကတော့ ပုံမှန်
သွေးဆုံးတာနဲ့ ဆင်တူပေမယ့် ပိုပြီး ပြင်းထန်တတ်ပါတယ်။ ငယ်ရွယ်ချိန် သွေးဆုံးတဲ့ အမျိုး
သမီးတွေဟာ အရိုးထုထည် ဆုံးရှုံးမှုနဲ့ အရိုးပါး ရောဂါဖြစ်နိုင်ခြေ အန္တရာယ် ပိုမိုမြင့်တက်နေ
ပါတယ်။
သွေးဆုံးချိန်နှင့် နှလုံးရောဂါ စထရိုဂျင်အဆင့် လျော့ကျသွားတာကြောင့် နှလုံးရောဂါ ဖြစ်
နိုင်ခြေ ပိုမိုမြင့် တက်နေပါတယ်။ သွေးဆုံးပြီးချိန်မှာ အမျိုးသမီးတွေအနေနဲ့ နှလုံးရောဂါ
ဖြစ်နိုင်ခြေရှိ၊ မရှိ သိအောင် သွေးဖိအား တိုင်းတာမှု၊ သွေးတွင်း ထရိုင်ဂလစ်စရိုက် အဆီ၊
သွေးတွင်း ဂလူးကို့စ်နဲ့ ကိုလက်စထရော စစ်ဆေးမှုတို့ကို ခံယူသင့်ပါတယ်။
 
*သွေးဆုံးချိန်နှင့် စိတ်ကျန်းမာရေး
မက်ဆာချူးဆက် အထွေထွေဆေးရုံရဲ့ လေ့လာမှုအရ တချို့အမျိုးသမီးတွေဟာ သွေး
ဆုံးချိန်ရောက်လာတဲ့အခါ စိတ်ဓာတ်ကျတဲ့ အန္တရာယ် မြင့်တက်နေပါတယ်။ ဒါက
ဟော်မုန်း အပြောင်းအလဲကြောင့် ဖြစ်နိုင်သလို ညည အိပ်မပျော်တာနဲ့ တခြား သွေးဆုံး
ချိန် ဖြစ်တတ်တဲ့ လက္ခဏာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးဆုံးချိန်မှာ စိတ်ဖိစီး
မှုလည်း ဖြစ်တတ်ပါတယ်။ ဒီအချိန်မှာ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျဝေဒနာ မရအောင် နေ
ထိုင်ဖို့ လိုအပ်သလို စိတ်ခံစားမှု အပြောင်းအလဲတွေ ဖြစ်ပေါ်လာရင် ဆရာဝန်နဲ့
ဆွေးနွေးပြီး ကုသသင့်တာ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
By ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...