သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, November 15, 2013

PostHeaderIcon “ မိုးတော မောင်ဘွဲ့ ”

 “ မိုးတော မောင်ဘွဲ့ (ရတု)
******************
နွေနှေနွေနှောင်းရက်လျင်၊ ကျွတ်ထွက်ခါပြီး၊ သန်သို့နီးက၊
လျှံညီးမစဲ၊ လျှပ်ပန်းကြဲလျက်၊ အဖွဲ့တဖြိုက်၊
အပြိုက်တတန်၊ အထန်တခါ၊ လမှာ နယုန်၊
ကဆုန်ရာသီ၊ မညီထွေလာ၊ နွေပင်သာသို့၊
ဒေဝါပဇ္ဖုန်၊ ကခုန်ရွှင်ပျော်၊ မြူးတုံသော်လည်း၊
နတ်ကျော်မာဃ၊ ကာလရှည်ဝေး၊ မတန်သေးဟု၊
ခေါ်ကြွေးသံညောင်း၊ မြစ်ပါကောင်း၏၊ ရှေးနှောင်းစဉ်ဆက်၊
ရွာသည်ထက်လည်း၊ နေ့ရက်မမှတ်၊ စောစောဆွတ်သည်၊
ခွေညွတ်မတည် ရွှမ်းဘိသည်။

လေညောင်းရွက်ဆင်၊ ဖြုတ်ချည်းပင်တည့်၊ ကောင်းကင်အလုံး၊
လွှမ်းဖုံးမည်းမို့၊ ပတ်ကုံးဆို့၍၊ ဗယ်သို့ညာလည်၊
လေပြေလေသာ၊ ကျစဉ်ခါကို၊ အာကာကလည်း၊
နတ်တင့်ရည်း၍၊ ပေါင်းစည်းသားမြေး၊ တဧဧတိ၊
သာလေညှင်းညှင်း၊ နတ်စောင်းငြင်းနှင့်၊ ကခြင်းသံညီ၊
မိုးဘွဲ့သီ၍၊ မယ်ဆီရွာလတ်၊ ရေချမ်းဆွတ်သော်၊
မယ့်မှတ်တမူ၊ အယူနှစ်ထွေ၊ ရှိလေစနိုး၊
လွမ်းစိုးဗျာပါ၊ နေ့စဉ်ခါကို၊ ဒေဝါမိုးမင်း၊
ဖန်ဆင်းမမြော်၊ ကွန့်မြူးဆော်သည်၊
ရွှင်ပျော်မတည် လွမ်းဘိသည်။

ခွေပျောင်းလျှက်ပင်၊ မပျော်ရွှင်တည့်၊ မိခင်ထိန်းရ၊
ညီမဆွေမျိုး၊ သိမန့်စိုး၍၊ မညှိုးရစေ၊
မနွမ်းစေအောင်၊ သာရုပ်ဆောင်၍၊ ကံ့ယောင်ချုပ်ဖြေ၊
နေစေခိုက်ဝယ်၊ မည်းမိုက်အုံပျ၊ မြောက်ရပ်ကလည်း၊
အစရိုက်ဆင့်၊ ကျူးလှာရင့်၍၊ လေနှင့်မိုးပါ၊
ရွာလှာထပ်လောင်း ၊ မီးလှောင်အုံးဝန်း ၊ ခြူးပန်းပုလဲ ၊
မစဲပြိုက်ကျ၊ ပြောင်းပျသည်းဆူ၊ စိတ်ကိုနူးသည်၊
ကိုယ်ထူးမတည် နွမ်းဘိသည်။

နတ်သျှင်နောင်

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...