သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, November 14, 2013

PostHeaderIcon အဆင်းလမ်း



 
 အဆင်းလမ်း

လူသည် ကိုယ့်သမိုင်း ကိုယ်ရေးကြသည်သာ ဖြစ်၏။
စီရင်ခွင့် ခန့်ခွဲခွင့်နှင့် အာဏာ တစုံတရာ ရှိလာသူအဖို့ မိမိ၏ အဆင်းလမ်းကို ကြိုတင
မျှော်ကြည့်ထားရန် လိုမည် ဖြစ်ပါသည်။ မြေတကွက်ပေါ်တွင် စီမံခန့်ခွဲခွင့် ရလိုက်သည် ဆိုပါစို့၊ မြေကွက်ပေါ်တွင် ရှိနှင့်ပြီးသော သစ်ပင်များကို ထိန်းသိမ်းနိုင်သည်။ အသစ်
ထပ်စိုက်နိုင်သည်။ အဟောင်းကို ခုတ်တန်ခုတ်ရင်း အသစ်များဖြင့် အစားထိုးကာ
မြေပြင်၏ အလှကို ကာကွယ်နိုင်သည်။ သို့တည်းမဟုတ် ရှိသမျှ သစ်ပင်ကို ကိုယ်ကျိုး
အတွက် ခုတ်လှဲယူပြီး သစ်တောကို ဖုန်းဆိုးကုန်း ဖြစ်သွားအောင် 
အသွင်ပြောင်းနိုင်သည်။

လူတယောက် တောင်ကုန်းပေါ်မှ ဆင်းလာနေသည်။ သူဘယ်လို တက်ခဲ့သည်ကို ပရိသတ်က အားလုံးမြင်နေခဲ့ရ၏။ ထို့အတူ သူဘယ်လို ဆင်းလာနေသည် ဆိုသည်ကိုလည်း ပရိသတ်က ထင်ထင်ကြီး မြင်နေရ၏။ အရှိကို အရှိအတိုင်း မြင်နေရသော ပရိသတ်သည် မြင်နေရသမျှကို

မြင်ခဲ့ရသည့်အတိုင်း မှတ်တမ်းတင်ကြသည်။
ယင်းကို သမိုင်းဟုခေါ်၏။ လူထုက ရေးသော သမိုင်းပင်ဖြစ်သည်။

ထိုသို့အားဖြင့် မြန်မာနိုင်ငံ တိုးတက်ရေး ခရီးကြမ်းကြီးတွင် သမိုင်းများ ပေါ်ထွက်လာခဲ့

သည်။ လူထုသမိုင်း သို့မဟုတ် ပြည်သူ့သမိုင်းဟု ခေါ်ရမည့် ထိုသမိုင်းအမျိုးအစားသည်
တိုင်းပြည်နှင့် လူမျိုးကို ကိုယ်စားပြုပါသည်။ ဗိုလ်ချုပ်အောင်ဆန်းမှ အစ သခင်တင်အထိ
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ကိုယ်ကျိုး လုံးဝ မဖက်ခဲ့ကြသော ခေါင်းဆောင်များ၏ အဆင်းလမ်းကို ပြည်သူက ဘယ်လို ကမ္ဗည်းတင်သနည်း။ တိုင်းပြည်နှင့်လူမျိုးအပေါ်
သစ္စာ လုံးဝမရှိသော သူများ၏ အဆင်းလမ်းကို ပြည်သူက ဘယ်လို ကမ္ဗည်းတင်သနည်း။

လူတိုင်း ကိုယ်စီ အမြင့်ကို တက်လှမ်းလိုကြသည်။
အထက်ပါ စာစုအရ ရိုးသားစွာ ဝိရိယရှိရှိ ကြိုးစားပြီး အမြင့်ကို မှန်မှန်ကန်ကန် တက်ကြဖို့ တိုက်တွန်းထားခြင်းဖြစ်သည်။ အချိန်တန် ပြန်ဆင်းလျှင် အဆင်းလမ်းမှာ ပြေပြေလျော
လျောလေး ဆင်းနိုင်မည်။ မိမိလုပ်ပိုင်ခွင့် ရလာတဲ့အခါ မမောက်မာဖို့၊ အများအကျိုး ကြည့်ဖို့
မိမိ သမိုင်းကြောင်း ကောင်းစေဖို့ ဝေမျှရခြင်းဖြစ်ပါသည်။

အတွေးအမြင် စာအုပ်မှ-
fb...

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...