သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, November 18, 2013

PostHeaderIcon အမျိုးသမီးတိုင်း မဖြစ်မနေ ရှာဖွေ စစ်ဆေး သင့်သော ရောဂါ (၅)မျိုး


 အမျိုးသမီးတိုင်း မဖြစ်မနေ ရှာဖွေ စစ်ဆေး သင့်သော ရောဂါ (၅)မျိုး
********************************************************
အမျိုးသမီးတွေအနေနဲ့ အသက်အရွယ်အလိုက် ရှာဖွေ စစ်ဆေးသင့်တဲ့ ရောဂါတွေ ရှိနေပါ တယ်။ ရောဂါတစ်ခုဖြစ်လာရင် အစောဆုံး သိရှိပါက ကုသပျောက်ကင်းဖို့ အခွင့်အလမ်း

များပါတယ်။
သင့်အနေနဲ့ ရောဂါရှိ၊ မရှိကို ရှာဖွေ စစ်ဆေးမှု ပြုလုပ်မှသာ သိရှိနိုင်ပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါတွေဟာ အသိနောက်ကျပါက အသက်ရှင်သန်နိုင်တဲ့ အချိန်အတိုင်းအတာ

ကို ခြိမ်းခြောက်နိုင်ပါတယ်။ နာတာရှည်ရောဂါတွေကိုလည်း စောစောစီးစီး သိရှိပြီး ကုသ
နိုင်ပါက နောက်ဆက်တွဲ ရောဂါတွေ ဆင့်ပွား ဖြစ်ပွားမှုကနေ ကာကွယ်နိုင်ပါတယ်။
သင့်အနေနဲ့ ရှာဖွေသင့်တဲ့ ရောဂါတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁) ရင်သားကင်ဆာ
ရင်သားကင်ဆာရောဂါကို စောစောစီးစီး ရှာဖွေတွေ့ရှိလို့ ကုသနိုင်ပါက ရောဂါပျောက်ကင်း

ဖို့ ရာခိုင်နှုန်းအတော်များပါတယ်။ ကင်ဆာဖြစ်တဲ့ အစိတ်အပိုင်း နည်းလေလေ ရောဂါ
ပျောက်ကင်းမှု များလေလေ ဖြစ်တာကြောင့်ပါ။ ဒါ့အပြင် လင့်အကျိတ်တွေ၊ အဆုတ်နဲ့
ဦးနှောက်ဆီ ကင်ဆာပျံ့နှံ့နိုင်ခြေလည်း နည်းပါတယ်။ သင်က အသက်၂၀-၃၀ နှစ်
အရွယ် မိန်းကလေးတယောက်ဖြစ်ပြီး ရင်သားကင်ဆာဖြစ်ပွားနိုင်တဲ့ အချက်တွေကို
မသိရှိပါက သုံးနှစ်တကြိမ် ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။

-ဘယ်လို ရှာဖွေမလဲ
အမျိုးသမီးတွေက ကိုယ့်ရင်သားမှာ အဖုအကျိတ်ရှိ၊ မရှိ ကိုယ်တိုင် စမ်းသပ် ကြည့်ရှုပြီး
သိရှိနိုင်ပါတယ်။ လိုအပ်ပါက ရင်သားဓာတ်မှန် ရိုက်ပြီးလည်း စစ်ဆေး ကြည့်နိုင်ပါတယ်။
အမေရိကန် ကင်ဆာရောဂါအဖွဲ့က အသက် ၄၀ နှစ်က စလို့ အမျိုးသမီးတိုင်း ရင်သားကို
ရောဂါရှာဖွေ စစ်ဆေးမှု ပြုလုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။ အသက် ၅၀နှစ်ကနေ ၇၄ နှစ်ကြားမှာ နှစ်နှစ်ခြား တစ်ကြိမ် ရင်သား ပုံရိပ်ဖော် ဓာတ်မှန် (Mammogramy)
ရိုက်သင့်ပါတယ်။

၂) သားအိမ်ခေါင်းကင်ဆာ
သားအိမ်ခေါင်း ကင်ဆာက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါတစ်ခုပါ။

ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်တဲ့ Human Papilloma Virus (HPV)က သားအိမ်ခေါင်း
ကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ ပုံမှန် ရှာဖွေ စစ်ဆေးမှု ပြုလုပ်ပါက
ရောဂါရှိ၊ မရှိ အစောဆုံး သိရှိနိုင်ပြီး ရောဂါရှိပါက ကုသမှုမှာ အကျိုးများစေပါတယ်။
သားအိမ်ခေါင်း အဝမှာ ကင်ဆာဖြစ်ချင်နေတဲ့ ဆဲလ်တွေ့ရှိပါက ကင်ဆာရောဂါအဖြစ်
ပြောင်းလဲ မသွားခင်မှာပဲ ကုသမှုကို စတင်ပါက ကင်ဆာဆဲလ်တွေကို ဖယ်ရှားပစ်
နိုင်ပါတယ်။

-ဘယ်လို ရှာဖွေမလဲ
ဆရာဝန်က သားအိမ်ခေါင်း ကင်ဆာရှိ၊ မရှိ သိရှိနိုင်အောင် သားအိမ် အဝရှိ သားအိမ်
ခေါင်းမှ ဆဲလ်လေးတွေကို ခြစ်ယူပြီး စစ်ဆေးပေးပါတယ်။ Pap Test လို့ ခေါ်ပါတယ်။
စစ်ဆေးမှုကို အသက်၂၁ နှစ်အရွယ်ကစလို့ စစ်ဆေးသင့်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ
ကာကွယ်မှုနဲ့ စစ်ဆေးမှုက သားအိမ်ခေါင်း ကင်ဆာရောဂါ ကုသမှုမှာ ထိရောက်တဲ့ နည်းလမ်းကောင်းတွေပါ။
 
၃) အရိုးပါးခြင်း
အမျိုးသမီးတွေက သွေးဆုံးပြီးချိန်မှာ အရိုး ဆုံးရှုံးမှု များပြီး အရိုးပါးလာပါတယ်။
အရိုးတွေ ပါးလာတဲ့အခါ အနည်းငယ် ထိခိုက်မိရုံနဲ့ ကျိုးလွယ်လာပါတယ်။ အမေရိ
ကန်နိုင်ငံရဲ့ အသက် ၅၀နှစ်နဲ့ အထက်အရွယ်တွေရဲ့ ထက်ဝက်လောက်က အရိုးပါး
ရောဂါကို ခံစားနေရပါတယ်။ အရိုးပါးတာကို ကာကွယ်မှုနဲ့ ကုသမှုတွေကို ထိထိ
ရောက်ရောက် ပြုလုပ်နိုင်ပါက အရိုးကျိုးတဲ့ အဆင့်ကို မရောက်နိုင်ပါဘူး။
 

ဘယ်လို ရှာဖွေမလဲ
အရိုး သိပ်သည်းဆကို တိုင်းတာ စစ်ဆေးနိုင်ပါတယ်။ အရိုး သိပ်သည်းဆ တိုင်းတာ
ထားတာကြောင့် အရိုး မကျိုးခင်မှာ ကြိုတင် ကာကွယ်မှုတွေ ပြုလုပ်ထားနိုင်ပါတယ်။
အသက် ၆၅ နှစ်နဲ့အထက် အမျိုးသမီးတိုင်း အရိုးသိပ်သည်းဆကို တိုင်းတာသင့်ပါ
တယ်။ အသက် ၆၅ နှစ်အောက် အမျိုးသမီးတွေလည်း အရိုးပါးနိုင်ခြေ ရှိတာကြောင့်
အရိုး သိပ်သည်းဆကို တိုင်းတာဖို့ လိုပါတယ်။

၎) အရေပြားကင်ဆာ
အရေပြား ကင်ဆာထဲမှာ အန္တရာယ်ရှိတဲ့ Melanoma ရှိ၊ မရှိကို အမျိုးသားတွေမှာ
စစ်ဆေးသင့်သလို အမျိုးသမီးတွေမှာလည်း စစ်ဆေးသင့်ပါတယ်။ တချို့တွေက
မျိုးရိုးဗီဇအရ Melanoma ဖြစ်နိုင်တဲ့ အခွင့်အလန်း ပိုများပါတယ်။ နေရောင်ခြည်နဲ့
ထိတွေ့မှုများတာ၊ နေပူဆာလှုံတာတွေက အရေပြားကင်ဆာ ဖြစ်စေတဲ့အကြောင်း
တွေထဲက တစ်ခုပါ။ ရောဂါကို စောစောစီးစီး သိရှိပြီး ကုသမှု ခံယူနိုင်ပါက
အကျိုးများစေပါတယ်။

-ဘယ်လို ရှာဖွေမလဲ
အရေပြား ကင်ဆာရောဂါအတွက် ရှာဖွေနည်းက အရေပြားကို ဂရုတစိုက် နေ့စဉ်ကြည့်

ရှုတာပါပဲ။ မိမိကိုယ်တိုင်ပဲ အရေပြားမှာ ပြောင်းလဲမှုတွေ ရှိ၊မရှိ ကြည့်ရပါမယ်။ ဝေခွဲ
မရတဲ့ ပြောင်းလဲမှုမျိုး တစ်စုံတစ်ရာကို တွေ့ရှိပါက ဆရာဝန်နဲ့ ပြသ စစ်ဆေးပါ။

၅) အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ
အမေရိကန် လူဦးရေရဲ့ သုံးပုံတစ်ပုံက သူတို့မှာ ဆီးချိုသွေးချို ရောဂါ ရှိနေတာကို မသိရှိ

ကြပါဘူး။ ဆီးချိုသွေးချို ရောဂါရှိတာကို စောစောစီးစီး သိရှိပါက အစားအစာ၊ လေ့ကျင့်
ခန်းနဲ့ ကိုယ်အလေးချိန် လျှော့ချမှုတွေပြုလုပ်ပြီး သွေးတွင်း အချိုဓာတ်ကို လျှော့ချကာ
နောက်ဆက်တွဲ ရှုပ်ထွေးမှုတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

-ဘယ်လို ရှာဖွေမလဲ
သွေးတွင်း သကြားဓာတ်ကို တိုင်းတာ စစ်ဆေးပါ။ သင်ဟာ ကျန်းမာနေသူ တယောက်

ဖြစ်ရင်တော့ အမျိုးအစား၂ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနိုင်တဲ့ အခွင့်အလမ်း ရှိနေပါ
တယ်။ အသက် ၄၅ နှစ်က စလို့ သုံးနှစ်တကြိမ် ဆီးချို သွေးချိုရောဂါ ရှိ၊ မရှိ စစ်ဆေး
သင့်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...