သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, November 19, 2013

PostHeaderIcon မြန်မာလူမျိုးတွေ ဘာ့ကြောင့် မချမ်းသာကြသလဲ..


 မြန်မာလူမျိုးတွေ ဘာ့ကြောင့် မချမ်းသာကြသလဲ..
***************************
မေတ္တာရှင်၊ ငါ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓ
ဘာသာ လူငယ်တွေက-
မြန်မာတမျိုးသားလုံး သိသင့်တဲ့ မေးခွန်းတခု မေးတယ်။ အဲဒီမေးခွန်းက
"မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်
လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ ကမ္ဘာမှာ
အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမဲ့ ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်လို
အကြောင်းတွေကြောင့်လဲ"တဲ့။
*** ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲဘုရား။
မေတ္တာရှင်၊ အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို နားမထောင်ကြလို့
ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။
*** အဲဒီလောက် ကျဉ်းလွန်း အားကြီးတော့လည်း ဘယ်နားလည်ပါ့မလဲဘုရား။ နည်း
နည်းအကျယ်ချဲ့ဖြေဦးမှပေါ့ဘုရား။
မေတ္တာရှင်၊ ၊ မြန်မာအများစု မကြီးပွားခြင်းအကြောင်း ၁၁ ချက်ကို တွေ့ရတယ်။ အဲဒီ ၁၁
ချက်ကို ပြင်လိုက်ရင်တော့ ကြီးပွားချမ်းသာလာကြမှာ။ အဲဒီ ၁၁ ချက်က -

တကယ် လိုအပ်သော နေရာတို့တွင် မလှူပဲ နာမည်ကြီးမယ့် နေရတွင်သာ စုပြုံလှူကြခြင်း။
ဥပမာအားဖြင့် စာသင်တိုက် တတိုက်မှာ ကုဋီ(အိမ်သာ) လိုနေတယ်။ ဒါပေမယ့် လှူမယ့်သူ
မရှိဘူး။ ဘာကျတော့ လှူသလဲဆိုတော့ ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တဆူ ရှိပြီးဖြစ်လျက်
နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း
စံနေတော်မူကြရတယ်။ ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ဘုရားအမသာ အမည်ခံချင်
ကြတာ။ အိမ်သာဒကာ၊ အိမ်သာအမ အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက်
မဟုတ်ပါဘူး။ အလှူခံအတွက်ပါ။ ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်
တယ်။ ကိုယ်လှူချင်တာကို ရမ်းပြီး မလှူသင့်ဘူး။

၂။ မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇာဏုသောဏိသုတ်မှာ သမ္ပဒါလေးပါးနဲ့ ပြည့်စုံရင်
ကြီးပွါးချမ်း သာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာအများစုဟာ တပါးမှ မပြည့်စုံဘူး။
၃။ ဘာသာရေးအပေါ်မှာ ထားတဲ့ မေတ္တာစေတနာမျိုးကို စီးပွားရေးအပေါ်မှာ မထားကြ
လို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။
၎။ ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်း ကုသိုလ်လို့ အထင်မှား ကျင့်သုံးနေတဲ့
အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွားကြဘူး။

၅။ အတ္တသမ္မာပဏိဓိ မင်္ဂလာချို့တဲ့လို့ တနည်းအားဖြင့် မိမိကိုယ် မိမိ ကောင်းတဲ့
အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း မြန်မာအများစုဟာ ကြီးပွားသင့်
သလောက် မကြီးပွားကြဘူး။
၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွားသင့်သလောက် မကြီးပွါးကြဘူး။
အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊ ကုသိုလ်တရားကို ရခြင်း၊ ပညာ
ဗဟုသုတကိုရခြင်း အမျိုးမျိုးနဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတယ်။ အချိန်တန်ဖိုး မသိတဲ့
သူများကတော့ မြူးတူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန် စကားများခြင်း အချိန်ကို
တန်ဖိုးမဲ့စွာ အသုံးချတယ်။

၇။ ကိုယ့်ထက်သာရင် မနာလိုဖြစ်ပြီး သူတပါးအကျိုး ပျက်စီးအောင် ဖျက်ဆီးတတ်
ကြတယ်။
ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့ အကြောင်းတခုပဲ။ ကိုယ့်ထက်
သာလို့ ဝမ်းသာရင် မုဒိတာလို့ခေါ်တဲ့ ကုသိုလ်တရား ဖြစ်တယ်။ ကိုယ့်ထက်သာလို့
မနာလိုဖြစ်ရင် ဣဿာဆိုတဲ့ အကုသိုလ်တရား ဖြစ်တယ်။ ပညာရှိ ပညာမဲ့ဆိုတာ
ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့ လူကိုတွေ့ရင် ဝမ်းမြောက်
ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့က ကိုယ့်ထက်သာတဲ့သူကို
တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။ ဒေါက်တာဘွဲ့ကြီးရထား
ပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ မတတ်ရင် နေပါစေ၊
ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။ ဣဿာဖြစ်နေသလား၊
မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော် အစီရင်ခံပါလိမ့်မယ်။

တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းစကားပြောရင် သူ့သန္တာန်မှာ မုဒိ
တာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။ မချီးမွမ်းပဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့
အားနည်းချက်ကို ထောက်ပြပြီး အပြစ်ပြောနေခြင်းဟာ သူ့သန္တာန်မှာ ဣဿာဖြစ်တယ်လို့
ပြတာပါပဲ။ ပညာမဲ့က သူ့သန္တာန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတပါးရဲ့ အပြစ်
ကို အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှားပြတယ်။
ပညာတတ်သူတွေကျတော့ သူတို့သန္တာန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။
မသိမသာပဲ ပြတယ်။ ပညာတတ်က သူတို့သန္တာန်မှာ ဣဿာဖြစ်နေတာကို သူတပါး သိသွား
မှာကို လည်း စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့ လူတယောက်ရဲ့မပြော
ပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး အမှတ်ယူတတ်တယ်။ အပေါ်ယံ
ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊ သူ့နောက်လိုက် တပည့်တွေကိုပါ မှားမှာစိုးလို့
သတိပေးတဲ့ ပုံစံမျိုးပေါ့။ အမှန်က မိမိရဲ့ဣဿာကို သူတပါး မသိအောင် ခပ်ပါးပါး
လှစ်ပြတာပါပဲ။

၈။ မြန်မာအများစု မကြီးပွားခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ မရှိ
တာပါပဲ။
၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့် စာပေ
ဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တနှစ်တကြိမ် ဒေသန္တရ ဗဟုသုတခရီးကို
သွားသင့်ပါတယ်။

၁၀။ နံပါတ်တဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ ကောင်းတဲ့
အလုပ်ဆိုရင် မခိုင်းပဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး အခွင့်အရေးကို နည်းနည်း
ယူတာတွေဟာ ခေါင်းဆောင် စိတ်ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။
အလုပ်ကို နည်းနည်းလုပ်ပြီး အခွင့်အရေး အများကြီး ယူတာဟာ နောက်လိုက်စိတ် ခေါ်
ကျွန်စိတ်ပါပဲ။*

၁၁။ မြန်မာအများစု မကြီးပွားခြင်းရဲ့၁၁.ခုမြောက် အကြောင်းကတော့ ကိုယ့်အားကိုယ်
ကိုးလိုစိတ် နည်းပါးတာပါပဲ။
အနောက်နိုင်ငံ အများစုက အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေ
ရခြင်းရဲ့အဓိကအကြောင်းဟာ ၁၈ နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွားရေး
အလုပ်လုပ်ကြလို့ပဲ။
အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့ သတ်မှတ်ပြီး စီး
ပွားရေးလုပ်ငန်း၊ တနည်း ငွေဝင်တဲ့ လုပ်ငန်းတခုခုကို မဖြစ်မနေ လုပ်ကြတော့တာပဲ။
မြန်မာအမျိုးသမီးတဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။ တနေ့
ကိစ္စတခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။ ကားမောင်းသမားလေးက အသက် ငယ်ရွယ်
သူလေး ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ ဆေးတက္ကသိုလ်
နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေတယ်။ မြန်မာအမျိုးသမီးဆိုတော့ မြန်မာပြည်ရဲ့
အလေ့အထအတိုင်း မိဘက မတတ်နိုင်လို့ တက္ကစီမောင်းနေရတာလို့ ထင်သွားတာပေါ့။

*** အဲဒီအတိုင်း ဟုတ်ပါသလားဘုရား။
မေတ္တာရှင်၊ ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့ ကျွန်
တော်တို့နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈ နှစ် ပြည့်ပြီး
တာနဲ့ မိဘကိုအားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း တခုခုလုပ်ပြီးငွေရှာပါတယ်။
အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ် ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။
လူကြီးဘဝ ရောက်နေပြီ ဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်း
တက်ရမှာကို အင်မတန် ရှက်ကြပါတယ်။ ၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့
အခါ ဘယ်အလုပ် လုပ်သလဲလို့ မေးမြန်းနှုတ်ဆက် တတ်ပါတယ်။
၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွားရေး အလုပ် တခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့
သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း မလုပ်ကြပါဘူးလို့ အားရပါးရပြန်ပြောတယ်။

*** တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာဘုရား။
ဒီမှာတော့ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး ဝိုင်း
အထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ ကျောင်းတက်နိုင်
သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။
မေတ္တာရှင်၊ အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး ဂုဏ်
ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွားသင့်သလောက် မကြီးပွားကြတာပဲ။

  {အကျိုးဖြစ်စေမယ်ထင်တဲ့အတွက် ထပ်တင်လိုက်သည်။ (တိုးတိုး}

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...