သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, November 28, 2013

PostHeaderIcon ဗုဒ္ဓတရားတော်နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နှစ်ခု

(သီတဂူဆရာတော်ရဲ့ဖတ်သင့်သော ဟောပြောမှု) 

မကြာခင်လေးက အိန္ဒိယပြည်ကြီးရဲ့မြောက်ဘက် ကက်ရှ်မီးယားရဲ့အရှေ့မြောက် လာဒက် က  ပြန်လာတယ်။ လာဒက်မှာ ဘုန်းကြီး တရားဟောတယ်။

Buddhist Centre ဆိုပြီးတော့ ဗုဒ္ဓဘာသာအဖွဲ့ရဲ့ဌာနချုပ် မြို့လယ်ခေါင်မှာ ဖွင့်ထားတယ်။

တမြို့လုံး ပိုစတာထောင်ပြီးတော့ ကြော်ငြာလိုက်တော့ ဗုဒ္ဓဘာသာဝင်ရော၊ ခရစ်ယာန်စတဲ့ အခြားဘာသာဝင်တွေရော အားလုံးလာပြီးတော့ နားထောင်ကြတယ်။ Tourist တွေကလည်း အရမ်းပေါတယ်။ သူတို့လည်း လာနားထောင်ကြတယ်။
ခေါင်းစဉ်က ဘုန်းကြီးပေးတဲ့ ခေါင်းစဉ်မဟုတ်ဘူး။ သူတို့ ပေးတဲ့ခေါင်းစဉ်။
Buddhist and World Peace ဗုဒ္ဓဘာသာတရားတော်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ဆိုတဲ့
ခေါင်းစဉ်ကို ဟောရမှာ။

ကမ္ဘာဆိုတာ ဘာလဲ ...
စင်ပေါ်ရောက်တော့ ဘုန်းကြီးက ဘာဟောသလဲဆိုရင် The World ကမ္ဘာဆိုတာ ဘာခေါ်

တာလဲ။ ဘုန်းကြီးက အဲဒီက စတာ။ ရေ မြေ၊ တော တောင်၊ နေ လ၊ နက္ခတ် တာရာ၊
ပင်လယ် သမုဒ္ဒရာ၊ အင်္ဂလိပ် အမေရိကန် ဂျပန် ကိုရီးယား မြန်မာ ဒါတွေ အကုန်လုံးကို
မင်းတို့က ကမ္ဘာလို့ ခေါ်ချင်သလား။ မင်းတို့ ခေါ်ချင်လည်းခေါ် ရပါတယ်။

တို့ ဗုဒ္ဓကတော့ ခြေဖျားမှ ဆံပင်ဖျား တိုင်အောင် တလံမျှရှိတဲ့ ခန္ဓာကိုယ်ကို “တကမ္ဘာ” လို့
သတ်မှတ်တယ်။ အဲဒီတော့ ကမ္ဘာက လူ့အပြင်ဘက်မှာ ရှိတဲ့ အပြင်ကမ္ဘာနှင့် လူသား
တယောက်ချင်း တယောက်ချင်းရဲ့အတွင်းကမ္ဘာ ဆိုပြီး ၂ မျိုးရှိတယ်။

ဘုန်းကြီးက သူတို့ကို “အပြင်ကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေးကို ခဏထားစမ်းပါအုံး။
အတွင်းကမ္ဘာ လို့ ခေါ်တဲ့ Individual World တယောက်စီ တယောက်စီနှင့် ဆိုင်တဲ့
ကမ္ဘာရဲ့ငြိမ်းချမ်းရေးကိုပဲ မင်းတို့ လုပ်ကြပါကွာ”လို့ ဘုန်းကြီးက ပြောလိုက်တယ်။

အာရှ အာဖရိက ဥရောပ အမေရိက ငြိမ်းချမ်းရေးတွေကို မင်းတို့ ခဏထား၊ မင်းတို့
တယောက်ချင်း တယောက်ချင်းရဲ့ငြိမ်းချမ်းရေး Individual Peace ကိုမှ မတည်ဆောက်
နိုင်ရင် ကမ္ဘာ့ငြိမ်းချမ်းရေးဆိုတာ အဓိပ္ပာယ်မရှိဘူး။
အဲဒီ ငြိမ်းချမ်းရေးမျိုးကိုလည်း ငါတော့ မယုံဘူး။

ကမ္ဘာစစ်၏ အစ ...
ဒီတော့“ကမ္ဘာစစ်ဆိုတာ ဘယ်က စသလဲ”ဆိုရင် အင်္ဂလိပ်က စတယ်။ အမေရိကန်က စတယ်။ ဟစ်တလာက စတယ်။ ကွန်မြူနစ်က စတယ်။ ဆိုရှယ်လစ်က စတယ် ဆိုတာတွေ ပြော
မနေပါနဲ့။ ဒါတွေ တခုမှ မဟုတ်ဘူး။

စစ်ကို ဘယ်က စသလဲ ဆိုရင် စိတ်က စတယ်။ လူတယောက်ချင်း တယောက်ချင်းရဲ့ စိတ်ဓာတ်ကနေပြီးတော့ စတာ။ အဲဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို မလုပ်သေးခင် ဘာကို
အရင်လုပ်မလဲ၊ တယောက်ချင်း တယောက်ချင်းရဲ့စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်
ရမယ်။

“တယောက်ချင်း တယောက်ချင်းရဲ့စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရခြင်းသည်
ဗုဒ္ဓဝါဒပဲ။ ဒါနဲ့ ပတ်သတ်လို့ မင်းတို့ စောဒက တက်စရာရှိရင် တက်ကြ။ မေးစရာရှိရင်
မေးကြ ”ပြောပြီး ကြားထဲမှာ ခဏလောက် တရားရပ်ထားတယ်။ ဘယ်သူမှ ဘာမှ
မမေးကြဘူး။ ငြိမ်နေကြတယ်။

“မင်းတို့ အဲဒီလောက် ငြိမ်ငြိမ်နေရင် ငြိမ်းချမ်းရေး ရပြီ”လို့ ပြောတော့ သူတို့ အားလုံး
ရယ်ကြတယ်။ ကမ္ဘာစစ်ဆိုတဲ့ စကားလုံးဟာ ပြောနေကြအတိုင်းသာ ပြောတာ။
တကယ်တော့ ကမ္ဘာက မစဘူး။   စိတ်က စပါတယ်။ ကမ္ဘာစစ်ကို စိတ်က စရင်
ကမ္ဘာ့ငြိမ်းချမ်းရေးကိုလည်း ဒီစိတ်ကပင် စတင် တည်ဆောက်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် စိတ်ရဲ့ငြိမ်းချမ်းရေးကို အမေရိကန်ထောင်သား နှစ်ယောက်နှင့် နေရူးတို့က
ဗုဒ္ဓရုပ်ပုံတော်တို့ကို ကြည့်ကြည့်ပြီးတော့ သူတို့ရဲ့စိတ်ဓာတ် ငြိမ်းချမ်းရေးကို ယူသွားကြ
တယ်။ ရလည်း ရသွားကြတယ်။

အမေရိကန်လူကြီးက ဓမ္မပဒစာအုပ်ကို မရရအောင် ရှာဖတ်ပြီးတော့ ထောင်ထဲမှာ အဲဒီ
ဓမ္မပဒတရားကို တခြားထောင်သားတွေကို ဟောပြတယ်။ ဟောရင်း ဟောရင်းနဲ့ သူ
ထောင်က လွတ်တော့ ခရစ်ယာန်ဘုန်းကြီး ဖြစ်တာပဲ။ ခရစ်ယာန်ဘုန်းကြီး ဘာနဲ့ ဖြစ်
သလဲဆိုရင် ဓမ္မပဒနဲ့ ဖြစ်တာ။

ဒီအကျဉ်းထောင်မှာ ဗုဒ္ဓ ဘာသာဝင်လည်း ရှိမှာပဲ။ ခရစ်ယာန် ဘာသာဝင်လည်း ရှိမှာပဲ။ အစ္စလာမ်ဘာသာဝင်လည်း ရှိမှာပဲ။ ဟိန္ဒူဘာသာဝင်လည်း ရှိမှာပဲ။ ဂျုးလည်း ရှိမှာပဲ။

ခရစ်ယာန်တွေရဲ့ကိုးကွယ်ရာက God၊ ဂျူးတို့ရဲ့ကိုးကွယ်ရာက ယေဟိုးဝါး၊ အစ္စလာမ်တို့ရဲ့
ကိုးကွယ်ရာက အလ္လာအရှင်မြတ်၊ ဒါတွေက ကိုးကွယ်စရာတွေ။ ဒီကိုးကွယ်စရာ အမျိုးမျိုးကို
ဘယ်လိုပင် ကိုးကွယ် ကိုးကွယ် ကိစ္စမရှိပါဘူး။ God ကို ရှိခိုးရင်လည်း ရှိခိုးပေါ့။ အလ္လာကို
လည်း ဦးတိုက်ချင် ဦးတိုက်ပေါ့။ အရေးမကြီးပါဘူး။

အရေးကြီးဆုံး အလုပ်နှစ်ခု ...
ကိုးကွယ်စရာက ပဓာန မဟုတ်ဘူး။ စိတ်ကို ပြင်ဖို့က ပဓာန။ ကိုးကွယ်စရာ ပေါင်းများစွာကို
အကုန်လုံး သိမ်းကျူံး ကိုးကွယ်နေစေကာမူ စိတ်ကို မပြင်နိုင်သေးသမျှ အဲဒီပုဂ္ဂိုလ်တွေရဲ့
စိတ်ဓာတ်ဟာ ငြိမ်းချမ်းရေး မရနိုင်ဘူး။
စိတ်ဓာတ်ငြိမ်းချမ်းရေး Mental Peace ( တနည်းပြောရရင် ) စိတ်ဓာတ် ယဉ်ကျေးမှု
Mental Culture...။

ဒီတော့ စိတ်ဓာတ် ငြိမ်းချမ်းရေးကို နောက်မှ လုပ်ပါ။ စိတ်ရဲ့ငြိမ်းချမ်းမှုကို ဘယ်က စ,လုပ်ရ
မလဲ။ စိတ်ဓာတ်ယဉ်ကျေးမှုနှင့် စတင်၍ တည်ဆောက်ရမယ်။ ဒီနှစ်ခုဟာ လူသားအားလုံးမှာ
အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဘယ်ဘာသာဝင်မဆို ဘယ်ဘုရားကိုပဲ ကိုးကွယ်၊ကိုးကွယ်
ဒီနှစ်ချက်ကို အဓိက ထားပြီးတော့ အားလုံး လုပ်ကြရမယ်။

စိတ်ဓာတ် ယဉ်ကျေးမှုနှင့် စိတ်ဓာတ်ငြိမ်းချမ်းမှု ဒီနှစ်ခု ပဓာန ထားပြီးတော့ အားလုံး လုပ်
ကြရမယ်။ ဒီတော့ စိတ်ဓာတ်ယဉ်ကျေးမှုနှင့် စိတ်ဓာတ် ငြိမ်းချမ်းမှုနှစ်ခုကို အပြည့်အဝ
ရအောင် လုပ်နိုင်တယ်ဆိုရင် စိတ်ထဲမှာ အားလုံး ပြည့်စုံသွားလိမ့်မည်။ စိတ်ဓာတ် မယဉ်
ကျေးသေး သမျှ အဲဒီပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာ ဘာမှ ပြည့်စုံမှာ မဟုတ်ဘူး။

အနောက်ဘက်က တိုင်းပြည်တွေကို ကြည့်လိုက်ရင် ရုပ်ပိုင်းဆိုင်ရာ ဝထ္ထုတွေ အားလုံး
ပြည့်စုံတယ်။ ဒါပေမယ့် စိတ်ထဲမှာ အမြဲတမ်း လိုနေတယ်။ သူတို့ကို မေးကြည့်လိုက်ရင်
ပြည့်စုံတယ်လို့ ဘယ်သောအခါမှ မပြောကြဘူး။ ဘုန်းကြီးတို့ အရှေ့ဘက် တိုင်းပြည်
တွေကတော့ ရုပ်ပိုင်းဆိုင်ရာမှာ လိုနေတာ မှန်တယ်။ သို့သော် စိတ်ပိုင်းဆိုင်ရာ ပြည့်စုံတဲ့
အခြေခံအားလုံး အလုံအလောက်ရှိတယ်။

အာရှမှာ အကုန်လုံး ပြည့်စုံတယ်...
သိသာအောင် ပြောရမယ်ဆိုရင် Jesus Christ ဘယ်မှာ မွေးလဲ။ အာရှမှာ မွေးတယ်။
သိဒ္ဓတ္ထဂေါတမ ဘယ်မှာ မွေးလဲ။ အာရှမှာ မွေးတယ်။ ဟိန္ဒူ ဘာသာကို တည်ထောင်ကြတဲ့ Brahim တွေလည်း အာရှမှာပဲ မွေးကြတယ်။ အစ္စလာမ်ဘာသာကို တည်ထောင်တဲ့
မိုဟာမက်လည်း အာရှမှာပဲ မွေးတယ်။

ဒါကြောင့် စိတ်ဓာတ်ကို ဖြည့်စွက်ဖို့ရန် Mental Fulfilment အတွက် Mental Culture ,
Mental Happiness နည်းစနစ်တွေ အာရှမှာ အကုန်လုံး အပြည့်အစုံရှိတယ်။ ဟို
အနောက်ဘက် တိုင်းပြည်တွေမှာတော့ မရှိဘူး။ ဒါကြောင့် ဥရောပ အမေရိကစတဲ့
အနောက်တိုင်းက လူတွေ အာရှဘက်ကိုပဲ ရှိခိုးနေရတယ်။

ဗုဒ္ဓကို ရှိခိုးချင်တယ်ဆိုရင် အနောက်က လူတွေ အရှေ့ကို လှမ်းရှိခိုးရတယ်။ Jesus Christ ကို
ရှိခိုးချင်တယ် ဆိုရင်လည်း အရှေ့ကိုပဲ လှမ်းရှိခိုးရတယ်။ ဘုန်းကြီးတို့ အရှေ့ဘက် တိုင်းပြည်က ဟိုအနောက်ဘက်က တိုင်းပြည်တွေထက် Civilize ယဉ်ကျေးမှု ပိုဖြစ်တယ်။

ဒါကို အရှေ့တိုင်းသားတွေက အားရဂုဏ်ယူ ဝင့်ကြွားပြီးတော့ ကိုယ့်ဆီမှာ ရှိနေတဲ့ စိတ်ဓာတ်
ယဉ်ကျေးမှု၊ စိတ်ဓာတ်ငြိမ်းချမ်းမှုတို့နှင့် ပတ်သက်တဲ့ နည်းစနစ်တွေကို အပြည့်အဝ အသုံး
မချနိုင်ဘူး ဆိုရင် အာရှတိုင်းသားတွေ အကြီးအကျယ် နစ်နာမယ်။

ဗုဒ္ဓတရားနှင့် ဆရာလုပ်နေတယ် ...
ဟိုဘက်က လူတွေက ဗုဒ္ဓတရားတော်တွေကို ခရစ်ယာန် Chruch ကျောင်းမှာ သုံးသွားတယ်။
ဗုဒ္ဓတရားနှင့် ဆရာလုပ်နေကြတယ်။ ဒါ ဝန်တိုစရာ မဟုတ်ဘူး။ သိပ် ဝမ်းသာစရာ
ကောင်းတယ်။

လူသား တယောက်ချင်း တယောက်ချင်းရဲ့စိတ်ဓာတ်ယဉ်ကျေးမှုနှင့် စိတ်ဓာတ် ငြိမ်းချမ်းရေး
ကို ဗုဒ္ဓတရားတော်ထဲက နေပြီးတော့ ယူသုံးနေကြတာဟာ ဓမ္မရဲ့တန်ဖိုးကို နားလည်ကြဖို့ပဲ။

ခရစ်ယာန်ဘုန်းကြီးက “ဗုဒ္ဓ တရားဟာ Common Religion လူသားအားလုံး ကိုးကွယ်ဖို့ ဘာသာတရားဖြစ်ပါတယ်”လို့ ပြောတယ်။ အလွန်မှတ်သားထိုက်တဲ့ စကား။ လေးစားမြတ်နိုး
စရာကောင်းတဲ့ စကားပဲ။

မှတ်ချက် ။ သီတဂူ ဆရာတော်ဒေါက်တာ အရှင်ဉာဏိဿရ
ဓမ္မရိပ်မဂ္ဂဇင်းမှ ပြန်လည်ရေးသားတင်ပြပါသည်။ မောင်သိန်းထိုက်

ဗုဒ္ဓကမ္ဘာ၏ စာမျက်နှာမှ ဓမ္မဒါနပြုပါသည်။

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...