သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, November 30, 2013

PostHeaderIcon နှစ်ကိုယ်တွေ့မှ ပို၍ ရွာပါ

 ဆိုင်းငံ့ပေးပါ မိုးဒေဝါ
**************
ကိုးရပ်ခွင် ဟိတ်ခတ်လို့
ဖိတ်မတတ် ပတ်လည်
ကိတ္တပတ် လျှပ်ခြည်
နတ်စည်တော်ဆော်လို့
ကပ္ပာပြု ဝလာကို သာအောင်
ရွာမဟာပဲ ထင်ကရို့။

ဖော်မဲ့လို့ အခွင့်ပန်တယ်
မတင့်ပြန်သမို့။
အကျင့်တန် မလို့ဖြင့်
ညို့တို့တို့ မြရည်။
သဘောတူ နှစ်မိတ်တွဲခါမှ
မတိတ်ပဲ ရွာသင့်ပါသည်။

ထိတ်ကနဲ သာခွင့်ကြည်အောင်
ခါလင့်မည် မခြိမ်းဖြင့်
မခြိမ်းနှင့် လန့်လှပါ၊
ဆိုင်းငံ့၍ရွာ။

နီးတော့ဖြင့် ဆွေဝလာရယ်
စွေကပ္ပာ ပတ်လုံးပလေး။
(အချုပ်တန်း ဆရာဖေ)

နှစ်ကိုယ်တွေ့မှ ပို၍ ရွာပါ 
*******************
အမ္ဗုန္ဓာ ဝဠာဟ ရယ်က၊
အာဏာပြ ပြင်းထန်၊
ငါသာပ တင်းပြန်တယ်
မင်းဆန်တဲ့(မင်းဆန်ဆန်) ရွှေမိုး။
ကိုးခွင်ပိတ် ပြာမှုန်တယ်
ရာဇဂုဏ် ခြိမ်းသံနှင့် ကြိုး(နှိုး)။

မကြည်သူ့ တကိုယ်ရေကို
အိုသေစေ မူပျိုး၊
ဆိုလေလေ သူတိုးလို့
ဆိုးပါနှင့် နတ်ဆွေ၊
မစုံသူဖေါ်(နှင့်)ဝေးခိုက်မို့
မျှော်တွေးလို့ ဆိုင်းငံ့ပါလေ။

ပန်းသ,တဲ့ သဉ်ညောင်ဗွေမှာ
ခင်မောင်မေ နှစ်ကိုယ်တွေ့ခါမှ
ပိုသရွေ့ ရက်ပြန်တရာ၊
ချုန်းသွန်လို့ရွာ။
မုန်းပါဘူး မိုးဝဠာရယ်၊
ကိုးကမ္ဘာ စွေအုန်းတော့လေး။

(ဦးပုည) (မိုးဖွဲ့) (ဆို-မူမူခင်)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...