သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, November 18, 2013

PostHeaderIcon ဆီးချိုရောဂါ ကာကွယ်နည်းများ


 ဆီးချိုရောဂါ ကာကွယ်နည်းများ
++++++++++++++++
ဆီးချိုသွေးချိုရောဂါမှာ
(၁) ဆီးချိုသွေးချိုရောဂါအမျိုးအစား
(၂) ဆီးချိုသွေးချိုရောဂါ ဆိုပြီးရှိပါတယ်။

ဆီးချိုရောဂါသည် ၁၀၀မှာ ၉၉%က အမျိုးအစား(၂)ဆီးချိုရောဂါသည်တွေဖြစ်ကြပါတယ်။ အခုဖြေကြားမယ့် အကြောင်းတွေက အမျိုးအစား(၂) ဆီးချိုရောဂါအကြောင်း ဖြစ်ပါတယ်။

ဆီးချိုရောဂါဟာ ကာကွယ်လို့ရပါတယ်။ ဆီးချိုရောဂါဟာ မျိုးရိုးဗီဇရယ်၊ ပတ်ဝန်းကျင်ရယ်
ပေါင်းပြီးမှ ဖြစ်လာတာပါ။ မျိုးရိုးဗီဇမှာ ဆီးချိုရောဂါ ပါလာပေမယ့် ပတ်ဝန်းကျင်ကောင်း
ရင် မဖြစ်ပါဘူး။ ပတ်ဝန်းကျင်ဆိုတာကတော့ နေထိုင်မှုနဲ့ စားသောက်မှုတွေပဲဖြစ်ပါတယ်။

မှန်ကန်တဲ့ လူနေမှု စားသောက်ပုံတွေနဲ့ ဆီးချိုရောဂါကို ကာကွယ်လို့ရပါတယ်။ ချိုလွန်းတဲ့ အဆီများလွန်းတဲ့၊ငန်လွန်းတဲ့ အစားအသောက်တွေကို မစားရပါဘူး။ နောက်တချက်က ဟင်းသီးဟင်းရွက်တွေကို များများစားရပါမယ်။ ရေများများသောက်ရပါမယ်။ ကိုယ်အလေး
ချိန် တက်မလာအောင် ထိန်းသိမ်းရပါမယ်။ ဆေးလိပ်နဲ့ အရက်သောက်တာကို ရှောင်ရပါ
မယ်။ စိတ်ဖိစီးမှု (Stress)တွေ များရင်လည်း ဆီးချိုရောဂါဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် စိတ်ဖိစီးမှုကို လျှော့ချရပါမယ်။

လေ့ကျင့်ခန်းအနေနဲ့ တနေ့ကို နာရီဝက်လောက် လမ်းလျှောက်သင့်ပါတယ်။ တပတ်မှာ
ငါးရက်လောက် လမ်းလျှောက်ရပါမယ်။ မောအောင်၊ အသက်ရှူမြန်လာအောင်၊ ချွေးထွက်
အောင် လေ့ကျင့်ခန်းလုပ်ရပါမယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် ဆီးချိုရောဂါကို ၅၈%
ကာကွယ်နိုင်ပါတယ်။ မျိုးရိုးရှိတဲ့သူ၊ အဝလွန်တဲ့သူ၊ သွေးတိုးရှိတဲ့သူနဲ့ နှလုံးသွေးကြော
ကျဉ်းရှိတဲ့သူတွေမှာ ဆီးချိုရောဂါ မဖြစ်အောင် ပိုပြီး ကာကွယ်သင့်ပါတယ်။

အခုနောက်ပိုင်း ဆရာဝန်တွေက ဝတဲ့ လူနာနဲ့ ခါးတုတ်တဲ့ လူနာဆိုရင် ခါးတုတ်တဲ့ လူနာ
ကို ပိုပြီး သတိထားရပါတယ်။ အဆီမှာ ကိုယ်တွင်း အဆီများတာနဲ့ ပြင်ပ အဆီများတာ
ဆိုပြီးရှိပါတယ်။ တခါတလေမှာ လူက ဝတယ်။ ဆီးချိုမဖြစ်အောင် အစားအသောက်
ဂရုစိုက်ထားတယ်။ ဆေးစစ်ချက် ပုံမှန်လုပ်တယ်ဆိုရင် ဆီးချို မရှိနိုင်ပါဘူး။ လူက ပိန်တယ်ဆိုပေမယ့် သွေးတွင်းအဆီ များပြီး နေထိုင်မှု ပုံမမှန်ရင် ဆီးချိုရောဂါ ဖြစ်နိုင်ပါ
တယ်။ နောက်တခုက ဆီးချိုရောဂါနဲ့ မှားတတ်တဲ့ ရောဂါလည်း ရှိပါတယ်။

ဆီးချိုရောဂါနဲ့ မှားယွင်းတတ်တဲ့ ရောဂါအနေနဲ့ကတော့ Stress ဖြစ်တဲ့အခါ အဲဒီစိတ်ဖိစီး
မှုကို ပြန် တိုက်ခိုက်ဖို့ Catechoamine ဆိုတဲ့ ဓာတ်တွေ ထွက်လာတယ်။ အဲဒီ
Catechoamine ဟာ အင်ဆူလင် တားနိုင်တဲ့ အစွမ်းရှိပါတယ်။ အဲဒီအခါ ဆီးချို တက်
လာပါတယ်။
လူတယောက်က လေဖြတ်ပြီး ဆေးရုံရောက်လာတယ်။ ဆေးရုံရောက်မှ သွေးစစ်လိုက်တဲ့
အခါမှာ ဆီးချိုက အရမ်းများနေပါတယ်။ ဒါက Stress ကြောင့်ဖြစ်တာလား၊ ဆီးချိုရောဂါ
ရှိနေတာကို မသိပဲဖြစ်သွားတာလား ဆိုတာသိဖို့ အင်မတန် ခက်ခဲပါတယ်။ အကြမ်းအားဖြင့် ကုပေးလိုက်ပြီး ရောဂါသက်သာလာတယ်။ Stress မရှိတော့တာနဲ့ သွေးတွင်းသကြားဓာတ်
ကျသွားတယ် ဆိုရင်တော့ အဲဒီ Stress ကြောင့် ဖြစ်တာလို့ ယူဆလို့ရပါတယ်။ ဆီးချိုကုသဆေးတွေလည်း ပေးနေတယ်။ ဒါပေမယ့် တော်တော်နဲ့ ဆီးချိုမကျဘူးဆိုရင်
တော့ နဂိုကတည်းက ဖြစ်နေတာကို မသိတာလည်းဖြစ်နိုင်ပါတယ်။
နောက်တခုကတော့ စပ်ဆေးတွေ စားတာကြောင့်လည်းဖြစ်တတ်ပါတယ်။

တွဲဖက်ပါမောက္ခ ဒေါက်တာဦးကိုကို
ထွေထွေရောဂါအထူးကုဆရာဝန်ကြီး

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...