သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, November 23, 2013

PostHeaderIcon ဗိုလ်ချုပ်အောင်ဆန်း၏ ဘာသာရေးအသိ တစွန်းတစ



 ဗိုလ်ချုပ်အောင်ဆန်း၏ ပညာရေးနှင့် ဆက်စပ်၍ ဘာသာရေး အသိကိုပါ
အစထုတ်၍ အစွမ်းပြ ရေးခဲ့ပုံ...  
*************************
အမှန်အားဖြင့် သမာဓိဆိုသောစကားကို နက်နက်နဲနဲ ဆင်ခြင်လျှင် လောကရှိ
လူအပေါင်းတို့အား သမာဓိ လက်ကိုင်ကြသူ ရှားပေသည်။

သမာဓိဆိုသည်မှာ လောက၏ အကောင်းအဆိုး၊ အကျိုးအပြစ်၊ အပျက်သနစ်စုံတို့ကို ပိုင်းခြား
ထင်ထင် သိမြင်၍ ဆင်းရဲလည်း ဝမ်းမနည်း၊ ချမ်းသာလည်း ဝမ်းမသာ၊ ပကတိစိတ်ထား
ဉာဏ်အမြင်အရ လူချီးမွမ်း၊ လူကဲ့ရဲ့မှု၊ ဘေးဒုက္ခအန္တရာယ်ကို မထိတ်မလန့် တသမတ်တည်း တည်ငြိမ်စွာရှိခြင်းကို ဆိုလေသည်။
ဘုရားအစရှိသော သူတော်ကောင်းတို့၏ စိတ်တည်နေပုံမျိုးတည်း။
သို့ဖြစ်ရာ သာမန် ကိုယ်ကျင့်အမူအရာ အပြောအဆို ဗန်းပြ တည်ငြိမ်မှုကို လူအပေါင်းတို့က
သမာဓိဟု သာမည ပြောစမှတ်ပြုကြလေသည်။

အမှန်စင်စစ်ကား ထိုဗန်းပြ တည်ငြိမ်မှုတွင် မည်မျှ အတွင်း ဖာက်လွဲဖာက်ပြန်မှုများ

တိုးပွား များပြားသည်ကို လူအပေါင်းတို့ မစဉ်းစားမိကြချေ။ ကျွန်တော်သည် ဣနြေ္ဒကြီး၍
မျက်နှာထား အလွန် တည်သူ တယောက်ဟု အသိအမှတ်ပြုခဲ့ရလေသည်။ ကျွန်တော်၏
ကိုယ်အမူအရာ စိတ်ထား သရုပ်တို့သည် ဖောက်လွဲဖာကပြန်သဘောကို မပြပေ။
သို့သော် တကယ်ပင် ကျွန်တော်သည် သမာဓိရှိ၏။
မည်မျှ သမာဓိတရားကို ပိုင်ဆိုင်ပေသနည်း။ ကျွန်တော်သာလျှင် ကျွန်တော်၏
အတွင်းလှုပ်ရှားမှုတို့ကို ဤစာအုပ်ဖတ်ရင်း တွေ့မြင်ရလိမ့်မည်။

အသိဆုံးဖြစ်ပေသည့် ကျွန်တော်၏ အတွင်းလှုပ်ရှားမှုများကား သမာဓိတရားကို
လုံးဝ မပိုင်ဆိုင်သေးခြင်း၏ အမှတ်လက္ခဏာပင်တည်း။ ယခုလည်း ကျွန်တော်
သမာဓိတရားကို ပိုင်ပြီလား။ လုံးဝ မပိုင်သေးပေ။ ထို့ကြောင့် လူတိုင်း ပိုင်ဆိုင်ခြင်း
မရှိသေးသော သမာဓိတရားကို စကားလုပ်၍ မဆိုကြပါနှင့်ဦး။

လူတယောက်၏ ဉာဏ်အမြင် လှုပ်ရှား ပြောင်းလဲမှု၊ ဝါဒပြောင်းလဲမှုကို သမာဓိ
မတည်ဟု တံဆိပ်အရိုက် မစောသင့်ကြပေ။
ဥပမာအားဖြင့် လွန်ခဲ့သောနှစ်များက အရှင်အာဒိစ္စဝံသဆိုသော ကိုယ်တော်အား
သာသနာတော်တွင် ဘိက္ခုနီမများ ရှိသင့်သည်ဟု စာအုပ်တအုပ် ရေးသားမှုကြောင့်
ဝိုင်းပယ်ကြ၏။ သပိတ်မှောက်ကြ၏။ အမှန်ကား သူ၏ ပြောင်းလဲမှုသည်
မှားချင်လည်း မှားပေမည်။ သို့သော်လည်း ပုထုဇဉ်တို့၏ ဂတိအလားဖြင့် အမှားမရှိသူ
မရှိ၊ အမှားသိမှ အမှန်မြင်လေသည်။ အမှားတခု လုပ်မိလျှင် အမှားနှစ်ခါ လုပ်မိသော
အခါ မှန်လာပေလိမ့်မည်။

သို့သော်လည်း မှားပင် မှားစေကာမူ မိမိ ဉာဏ်အမြင် အလျောက် ပြောင်းလဲမှုများ ရှိအပ် သည်သာတည်း။ လှေနံဓားထစ် ဆိုသော အလုပ်၊ အပြော၊ အတွေး တို့မှာ
ပညာ၏ အဓိပ္ပာယ် ဆန့်ကျင်ဘက်ပေတည်း။

ဗုဒ္ဓဂေါတမသည် သဗ္ဗညုတရွှေဉာဏ်တော်ကို ခြောက်နှစ်တိုင်တိုင် အမှားအမျိုးမျိုးကို

ကျော်ကာ ရှာဖွေတွ့ရှိခဲ့လေသည်။ ထိုဉာဏ်တော်ကို ရှာဖွေရန် စိတ်ပိုင်းဖြတ်သော
အစ၌ သိဒ္ဓတ္ထမင်းသားသည် မိမိဉာဏ်အမြင်အရ အနုမာန မျက်ရမ်းဆ၍ ပြောင်းလဲမှု
ရှိလာလသည်။

အလှယ်လှယ် အပြောင်းပြောင်း အသောင်းမကသေး၊ မောင်းမမိဿံ ခြွေရံ ပရိသတ်တို့နှင့်တကွ နန်းသုံးဆောင်ဝယ် မင်းစည်းစိမ်ကို စွန့်ပယ်၍ သောင်မမြင်၊ ကမ်းမမြင် ရသေ့ ရဟန်း

အသွင် လျော်တေ သင်္ကန်းကို ဝတ်ဆင်၍ “ဘိက္ခနသီလော ယာစနသီလောတိ ဘိက္ခု”
ဟူသည်နှင့်အညီ သူတောင်းစား ဘဝမျိုးသို့ ပြောင်းလဲမှုသည် သာမန် ပကတိမျက်စိအားဖြင့်
ကြည့်လျှင် ရူးသည်၊ မိုက်သည်ဟု ဆိုရပေမည်။

မိမိ၏ မင်းစိတ်၊ မင်းဝါဒကို ဆန့်ကျင်သော လောဘစိတ်၊ လောကဝါဒအား
ဤသို့ ပြောင်းလွှဲခဲ့လေသည်။
 (ဗိုလ်ချုပ် ကိုယ်တိုင်ရေးမှ ထုတ်နုတ်ချက်- ဆောင်းပါးကဏ္ဍတွင် ရှိသည်။)
(Nwehninmoe)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...