သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, October 20, 2013

PostHeaderIcon ချစ်သူ အတုနဲ့ ကတဲ့ ည

 ချစ်သူ အတုနဲ့ ကတဲ့ ည
*****************
အချစ်တု
မေတ္တာ အတု
ကရုဏာ အတု
စာနာမှု အတုတွေနဲ့ မြိုကြီး တမြိုရဲ့

ကောင်းကင် အတု အောက်မှာ
အစာ အတုတွကို လုစား

ဘာသာရေး အတု
နိုင်ငံရေး အတု
စီးပွားရေး အတုတွနဲ့

ဇာတ်ကား အတုတွေကို ရိုက်ကူး တင်ဆက်နေလိုက်ကြတာ.....
တင်ပါး အတုနဲ့ ကောင်မလေး ချော်လဲတဲ့ သတင်းက
ဘောင်းဘီ အတု ရောင်းတဲ့ ကောင်လေးရဲ့ ဖေ့စ်ဘုတ်မှာ
ပရိုဖိုင်း အတုနဲ့ တခမ်းတနားကို ဖော်ပြထားလိုက်တာ
နိုင်ငံတော် သီချင်း အတုကို
ပါးစပ် အတုနဲ့ သီဆိုနေရသလိုကို ဖြစ်လို့...။

တော်ပါပြီ တန်ပါပြီ
အတုတွေ အတုတွေ
အစစ်တွေအတွက် လမ်းဖယ်ပေးပါ၊
အစစ် အစစ်တွေအတွက် နေရာပးပါ၊
အတုနဲ့ အစစ် လဲတဲ့ ဇာတ်ဝင်ခန်းတွေကို
သရီးဒီ စာတမ်း ထိုးပြမယ်။

တော်ပါတော့ တန်ပါတော့
ကရုဏာ သစ်ပင် အတုတွေ
မေတ္တာတေး သစ်သီး အတုတွေ
စာနာခြင်း သစ်ရွက် အတုတွေ
နားပါတော့ နားတော့...။

လမ်းစစ်စစ်ကို ခင်းရမယ့် အစား
လမ်းအတုတွေမှာ မှား မှား လျှောက်နေသလိုမျိုး...

ဟာဗျူဟာ နည်းဗျူဟာတွေ ပျောက်ဆုံး
လေတလုံး မိုးတလုံးနဲ့...။

ခရီးသွားရင်း
ခရီးပျောက်သလိုမျိုး...

ရေမဆုံး မိုးမဆုံးနဲ့
ငါ့ ချစ်သူတွေ ဆုံးရှုံးရမယ့် အရေး
ငါ ဆက် မတွေးချင်တော့...။

သမိုင်း အတုတွေနဲ့
အရိုင်းတစုရဲ့ နေရာလုပွဲမှာ...၊

ချိုးငှက်တွေ သေပွဲ ဝင်နေလိုက်ကြတာ...၊

ငါ့မှာ
မျက်ရည်ပေါက်ပေါက်ကျ
ချစ်သူ အတုနဲ့ က နေရသလို ညမျိုးတွေကိုပဲ
ဖြတ်သန်းဆဲပါ....။
******
(ဘုန်းသစ်) ၂၀၁၃
အောက်တိုဘာ

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...