သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, October 23, 2013

PostHeaderIcon ဖျက်စု နှစ်ဆယ်... လောကနယ်...



 ၁။ စေတီမှန်းထား၊ မြတ်ဘုရား၊ တည်ထားကောင်းလျက်၊ ညောင်ပင်ဖျက်သည်။
၂။ မြစ်မရေနက်၊ သောင်ပြင်ဖျက်သည်။
၃။ မင်းကောင်းပါလျက်၊ မင်းမြှောင်ဖျက်သည်၊
၎။ လက်စုံတူစား၊ မယားကောင်လျက်၊ အမြှောင်ဖျက်သည်။
၅။ မောင်းသွင်းခူနင်း၊ရလျှင်သွင်း၊ပျိုးခင်းကောင်းလျက်၊မြှောင်တောင်ဖျက်သည်။
၆။ လက်ဆက်တံကူ၊ လှေမူခိုင်လျက်၊ စီးပိုးဖျက်သည်။
၇။ လက်တီးကြမ်းပြင်၊ ဆင်ဝင်ကောင်းလျက်၊ ဝဲလင်းဖျက်သည်။
၈။ တ္ထိယမူ၊ ရူပါကောင်းလျက်၊ ဆံထုံးဖျက်သည်။


၉။ ဓမ္မသတ်တရား၊ ရှိပါငြားလည်း၊ တိမ်းပါးငဲ့ကွက်၊ လက်ဆောင်ဖျက်သည်၊
၁၀။ ရဟန်းတရား၊ ကျင့်ပါများလျက်၊ အစားဖျက်သည်။
၁၁။ သီလငါးပါး၊ ကျင့်သူအားကို၊ စီးပွားမရက်၊ လောဘဖျက်သည်။
၁၂။ သုခမိန်ဟု၊ ကျော်ရှိန်နှံ့သိ၊ ပညာရှိ၊ ကြီးဘိ အမျက်၊ ဒေါသဖျက်သည်။
၁၃။ တိုက်နှင့် ကျီကြ၊ ထုပ်လျောက် စသည်၊ ခိုင်လှပေလျက်၊ ပေါင်းကွပ်ဖျက်
     သည်။
၁၄။ ပြည်ရွာတိုင်းကား၊ စည်ပင်ငြားလည်း၊ ခေါင်းပါးခေါင်လျက်၊ စပါးဖျက်သည်။
၁၅။ ပဉ္စ္စင်တူရိယာ၊ နှဲခရာ၊ သာယာပေလျက်၊ လင်းကွင်းဖျက်သည်။
၁၆။ လက်သင်လှော်ကား၊ လှော်ပေငြားလည်း၊ အသွားကောင်းလျက်၊ လှေပဲ့ဖျက်
     သည်။
၁၇။ ဘောဇဉ်ငါးပါး၊ ပျားအရသာ၊ ကောင်းပါပေလျက်၊ ဆားငံဖျက်သည်။
၁၈။ ဆီမီးတန်ဆောင်၊ ဝင်းပြောင်ပေလျက်၊ လေဆိုးဖျက်သည်။
၁၉။ တ္ထိယမူ၊ ရူပလက္ခဏာ၊ ကောင်းပါပေလျက်၊ ရောဂါနှိပ်စက်၊ အနာဖျက်
     သည်။
၂၀။ သူကောင်းဖြစ်ငြား၊ မူထားကောင်းလျက်၊ အပေါင်းဖျက်သည်။
(တောင်ဖီလာ ဆရာတော်)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...