သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, October 30, 2013

PostHeaderIcon ဗိုလ်ချုပ်အောင်ဆန်း၏ ဘာသာရေးနှင့် နိုင်ငံရေး အမြင်



 ဗိုလ်ချုပ်အောင်ဆန်း၏ ဘာသာရေးနှင့် နိုင်ငံရေး အမြင်
***************************************

လူနေမှုဘဝ အဆင့်အတန်းတွေနဲ့ ဒီကနေ့ ထိပ်တိုက် ရင်ဆိုင်နေရတဲ့ ပြဿနာတွေက

တင်းတင်း ကြပ်ကြပ် လွန်းတင်ယက်လုပ်ထားတဲ့ ပိုးချည်ထည်တွေလိုပါပဲ။ နိုင်ငံတကာဝါဒနဲ့
အမျိုးသားဝါဒ၊ စီးပွားရေးနဲ့ နိုင်ငံရေး၊ နိုင်ငံရေးနဲ့ လူမှုရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု၊
ဘာသာရေး၊ လူမျိုးရေးနဲ့ ယဉ်ကျေးမှု-
ဒါတွေက ဖြစ်စဉ် တခုတည်းရဲ့ အစိတ်အပိုင်းတွေပါပဲ။

နိုင်ငံရေးဆိုတာ သူ့ရဲ့ သဘာဝအစစ်အမှန်ကတော့ ဘဝထဲကို ထိုးဖောက်စိမ့်ဝင်နေခြင်းပါပဲ။
ဒါပေမယ့် တချို့တွေ အခုထိ ပြောနေကြဆဲကတော့"နိုင်ငံရေးဆိုတာ ညစ်ပတ်တဲ့ အရာ"ပါ
ပဲတဲ့။ ဒါမှန်ပါသလား၊ သေချာတာကတော့ မမှန်ပါဘူး၊ နိုင်ငံရေးဆိုတာ မညစ်ပတ်ပါ၊ သူ့ကို
ညစ်ပတ်အောင်ရွေးချယ်တဲ့ လူတွေကသာ ညစ်ပတ်တာပါ။ ဒါဆို နိုင်ငံရေးဆိုတာ ဘာလဲ။
သာမာန် လူသားတယောက် မရောက်ရှိနိုင်လောက်အောင် သိပ်ကြီးကျယ် မြင့်မြတ်တဲ့
အရာလား။ အမှားတွေကို ပြောဆို တိုင်းပြည်ကို ဦးတည်ရာမဲ့ ဆွဲဆောင်သိမ်းသွင်းတဲ့
နည်းပညာလား။ ရိုးသားတဲ့ စိတ်တွေကို အမြတ်ထုတ်တဲ့ ပညာလား။ ဒါမှမဟုတ်
နိုင်ငံရေးဆိုတာ ဉာဏ်မြေကတုတ်နဲ့ သတိနဲ့ ဖိနင်းရမယ့် အန္တရာယ်လွှမ်းတဲ့ မြေပြင်မျိုးလား။
နိုင်ငံရေးဆိုတာ ကျွန်တော်တို့ အမြဲ ကြွေးကြော်နေတတ်တဲ့ လူမျိုးရေး၊ ဘာသာရေး၊
ဘာသာစကား စတဲ့ ဆောင်ပုဒ်သက်သက်တင်ပဲလား။

တကယ့်အမှန်ကတော့ နိုင်ငံရေးဆိုတာ လှမ်းမမီအောင် မြင့်မားတာ မဟုတ်သလို နိမ့်ကျတဲ့
ဟာလဲ မဟုတ်ပါဘူး။ မျက်လှည့်လဲ မဟုတ်၊ နက္ခတ်ပညာ မဟုတ်သလို မှော်အတတ်လဲ
မဟုတ်ပါဘူး။ သတိထား နင်းဖြတ်ရမယ့် အန္တရာယ် ကွင်းပြင်လဲ မဟုတ်ပါဘူး။ ကျဉ်း
မြောင်းတဲ့ လူမျိုးရေးဝါဒလဲ မဟုတ်ပါဘူး။ သူဟာ ကျွန်တော်တို့ရဲ့ နိစ္စဓုဝ ဘဝတွေထဲက
ဖြတ်သန်းနေရတဲ့ လမ်းတွေထဲမှာ အခန်းကဏ္ဍတွေနဲ့ ချီတက်နေတာပဲ ဖြစ်ပါတယ်။
အရစ်တိုတယ်(လ) ပြောခဲ့သလို "လူဆိုတာမျိုးက နိုင်ငံရေး သတ္တ၀ါ" ပါပဲ။
နိုင်ငံရေးဆိုတာ ကျွန်ုပ်တို့ရဲ့ ဖြစ်တည်မှု၊ ကျွန်ုပ်တို့ရဲ့ အလုပ်ပါပဲ။

အလုပ်သမားက ထိုက်တန် မြင့်မားတဲ့ အလုပ်လုပ်ခနဲ့  ပိုမိုကောင်းမွန်တဲ့ လူနေမှု အဆင့်
အတန်းကို လိုချင်တယ်။ လယ်သမားက သူ ပိုင်တဲ့လယ်နဲ့ မြေဧကကို တိုးတက် ပွားများ
အောင် လုပ်ချင်တယ်။ စာရေး စာချီ၊ အရာရှိတွေကလဲ ပျင်းရိစရာကောင်းတဲ့ ရုံးခန်းတွေ
ထက် ပိုလိုချင်မယ်။ တောင့်တ လိုအပ်နေရတာတွေ ပူပန်ကြောင့်ကြခြင်းတွေက ကင်းဝေး
တဲ့ အလုပ်တွေကို ရချင် ရှာချင်တယ်။ ကုန်သည်နဲ့ ပွဲစားတွေကလဲ မျှတတဲ့ ကုန်သွယ်မှုနဲ့
လုပ်ငန်း ဆောင်ရွက်ခွင့်တွေကို လိုချင်တယ်။ ဒီ ပြည်သူတွေ အားလုံးအတွက်၊ သူတို့
တောင်းဆိုရာ ဦးတည်ချက်ဖြစ်တဲ့ ပိုမို ကောင်းမွန်အဆင့် မြင့်တဲ့ ဘဝတွေ၊ သူတို့
စိတ်ချမ်းသာ ပျော်ရွှင်မှုတွေရအောင် လုပ်ဆောင်ချက်တွေ ဆိုတာ နိုင်ငံရေး ပါပဲ။

ဒီလိုဆို နိုင်ငံရေး ဆိုတာ မညစ်ပတ်ပါဘူး။ အန္တရာယ် လွှမ်းနေတာလဲ မဟုတ်ပါဘူး။ အံ့သြ

ဘနန်း ဖြစ်လောက်တဲ့ မျက်လှည့်လဲ မဟုတ်ပါဘူး။ တချို့က ပြောကြတယ် နိုင်ငံရေးက
ဘာသာရေးတဲ့။ ဒါလဲ မမှန်ပါဘူး။ ညစ်ပတ်တဲ့ နိုင်ငံရေးသမားတွေကသာ တကယ့် ပြည်သူ့
ဘဝ အရေးတွေကို ဖုံးကွယ်ဖို့ သို့တည်းမဟုတ် ဖျောက်ဖျက်ဖို့ ပြည်သူလူထုကို ထင်ယောင်
ထင်မှားဖြစ်အောင် ပြောဆိုကြတာပါ။ နိုင်ငံရေးက ဘာသာရေးပါလို့ ပြောဆိုတဲ့ လူတွေ
ဟာလဲ နိုင်ငံရေးသမား အစစ်မဟုတ်ပဲ အခွင့်အရေးသမားတွေသာ ဖြစ်ပါတယ်။

ဘာသာရေးဆိုတာ လူတဦးချင်းစီရဲ့ကိုယ်ပိုင်သိမှု တရားပါ။ နိုင်ငံရေး ဆိုတာကတော့ လူ့

အဖွဲ့အစည်းတခုလုံးအတွက် လူမှုသိပ္ပံ ဘာသာရပ်ပါပဲ။ ကျွန်တော်တို့ သိမြင်ထားရမှာက
လူတဦးချင်းစီရဲ့ သူ့ ရပိုင်ခွင့် အခွင့်အရေးတွေနဲ့ ကျေနပ်ပျော်ရွှင်မှု၊ လွတ်လပ်စွာ ကိုးကွယ်
ယုံကြည်မှု၊ ဆုတောင်းမှု စတာတွေပေါ့။ ကျွန်တော်တို့က ဘာသာရေးနဲ့ နိုင်ငံရေးကို ခြား
ထားတဲ့ စည်းကို ပြတ်ပြတ်သားသား ဆွဲကို ထားရမယ်။ ဘာသာရေးနဲ့ နိုင်ငံရေးကို
ကျွန်တော်တို့ ရောနှော ပြစ်လိုက်လို့ရှိရင် ကျွန်တော်တို့ဟာ ဘာသာကို ကိုးကွယ်ယုံကြည်
တဲ့ စိတ်ဓာတ်ကို ဆန့်ကျင်တာပဲ ဖြစ်နေမယ်။ နိုင်ငံရေးဆိုတာ ဘာသာရေးမှ ကင်းလွတ်
သော သိပ္ပံဘာသာပဲ ဖြစ်ပါတယ်။

လူမှုဝန်းကျင်ကို လေ့လာတဲ့ဗေဒမှာ ဘာသာရေး အခြေခံ သဘောတရားတွေ ဖြစ်တဲ့ ချစ်

ခင်မှု၊ အမှန်တရားနဲ့ မှန်ကန်တဲ့ နေထိုင်ခြင်း အစရှိတာတွေနဲ့ အငြင်းပွား ရန်ဖြစ်နေတာမျိုး
မရှိပါဘူး။ ဒါပေမယ့် ဘာသာရေးလို့ အရေခြုံ အမည်တပ်လိုက်တဲ့ အချိန်မှာတော့ ယုတ္တိမဲ့
ခြင်းနဲ့ အမြတ်ထုတ်ခြင်း၊ တရားမမျှတမှုနဲ့  အယူသည်းခြင်း ဆိုတာတွေ ဆုပ်ကိုင်မိပြီး
လူထုက ဆန့်ကျင်လာပါလိမ့်မယ်။
ဘုန်းတော်ကြီးများအနေဖြင့် လူတချို့က လူမှုဝန်းကျင်ကို အန္တရာယ်ပြုလာပြီဆိုရင်
သူတို့ကို ကာကွယ်ဖို့၊ သူတို့ကိုယ်တိုင် တရားဥပဒေတွေ ဖြစ်သွားတာကို ကာကွယ်ဖို့၊
မကောင်းတဲ့ အနာဂတ် နိမိတ်ဆိုးအကြောင်း နှိုးဆော် ဟောကြားသင့်ပါတယ်။ ဒါဟာ
ကျွန်ုပ် တီထွင်ထားတဲ့ အယူစနစ်တခု မဟုတ်ပါဘူး။ ကျွန်ုပ်တို့ရဲ အနော်ရထာ ဘုရင်ကြီး
ကိုယ်တိုင် အရေးယူ ပြဌာန်းခဲ့တာဖြစ်ပါတယ်။ ကျွန်ုပ်တို့ ရာဇဝင်ထဲမှာ ဒီလို သန့်စင်
ပြောင်းလဲရေးတွေကို နိုင်ငံနဲ့အဝှမ်း လုပ်ဆောင်ခဲ့ပါတယ်။ သမိုင်းကလဲ ဒါတွေဟာ
ဘုန်းတော်ကြီးတွေ လုပ်အပ်တဲ့ အရာ၊ ဘာသာရေးအရ ပိတ်ပင်ထားတဲ့အရာများ မဟုတ်
ဘူးလို့ သက်သေပြထားခဲ့ပါတယ်။ အမှန်ပါ။ ဘုန်းတော်ကြီးများ အပ်ရာတဲ့ ကိစ္စတွေဟာ
ဘာသာရေးကိုလဲ ချိတ်ဆက်နေပါတယ်။
သာဓကတွေကတော့ ပုပ်ရဟန်းမင်းနဲ့ မင်းဧကရာဇ်များ အကြား အတိုက်အခံပြုမှုများ၊
အနော်ရထာဘုရင်နှင့် အရည်းကြီးများ အရေး၊ ကျွန်ုပ်တို့နဲ့ အရင်းနှီးဆုံး ဥပမာဖြစ်တဲ့
သမ္မာကျမ်းစာ ဆုံးမမှုအတိုင်း ပြုလုပ်ထားတဲ့ အလံတော်များ ဖြစ်ပါတယ်။ ဒီဥပမာတွေ
အကုန်လုံးက ဘာသာတိုင်းမှာနဲ့ လူမှုဝန်းကျင်မှာ၊ ခေတ်အဆက်ဆက် ဘုန်းတော်ကြီးများ
လုပ်အပ်တဲ့အရာများ တည်ရှိနေမှုကို သတိပေးနေပါတယ်။

ဒါပေမယ့် ကျွန်ုပ်တို့ဟာ ဘုန်းတော်ကြီးတို့ လုပ်အပ်ရာသော အရေးကိစ္စ (Priestcraft)နဲ့
ဘုန်းတော်ကြီး(priesthood) ဆိုတာကို သီးသန့် ခွဲခြားထားရပါလိမ့်မယ်။ ကျွန်ုပ်တို့၏
ခွင့်မပြုသော ဘုန်းတော်ကြီးအရေးကိစ္စများသည် ဘုန်းတော်ကြီး ဖြစ်တည်မှုမှ အလှမ်းကွာ
စေရန် သက်ရောက်မည်မဟုတ်ပေ။ အငြင်းပွားစရာ ဖြစ်မည်ဆိုလျင်တော့ ကျွန်ုပ်တို့ ဘုန်း
တော်ကြီးများ၏ သာသနာ့ဝန်ဆောင်ပေးနေမှုနှင့် လူမှုအသိုင်းအဝန်းကို ဦးဆောင်ဦးရွက်
ပြုပေးနေမှုတို့ကို ရှင်းလင်းစွာ သိမြင်ထားရပေလိမ့်မည်။

ကျွန်ုပ်တို့၏ ဘုန်းတော်ကြီးများသည် လူမှုရေးဝန်ဆောင်မှု များစွာကို ထမ်းထားရပေသည်။
လူငယ်လူရွယ်များကို ပညာသင်ကြားပေးခြင်းနှင့် ဗမာနိုင်ငံ၏ အဆင့်အတန်းမြင့်မားလှသော
စာပေများမှာလည်း ထိုဝန်ဆောင်မှုများ၏ ရလာဒ် ကြီးများဖြစ်ပေသည်။ ကျွန်ုပ်တို့၏ ဘုန်း
တော်ကြီးများသည် ကျွန်ုပ်တို့၏ ယဉ်ကျေးမှု၊ မြိုပြ တည်ထောင်မှုများကို ကြွယ်ဝစေခဲ့
ပေသည်။ အရေးကိစ္စတိုင်းတွင် ကျွန်ုပ်တို့ လူမှုအသိုင်းအဝန်းကို ရှေသို့ ချီတက်နိုင်စေရန်
ကူညီခဲ့ကြပေသည်။ထိုကဲ့သို့သော လူမှုဝန်ဆောင်မှုများကြောင့် ကျွန်ူပ်တို့သည် ကျွန်ုပ်တို့၏
ဘုန်းတော်ကြီးများအား ကျေးဇူးအကြွေး ကြီးမားစွာ တင်ရှိနေပေသည်။

ဗုဒ္ဓဘာသာသည် ကျွန်ုပ်တို့ ပြည်သူအများစု ကိုးကွယ်ရာ ဘာသာဖြစ်ပါတယ်။ ကျွန်ုပ်

ကိုယ်တိုင် ရိုးသားစွာ ယုံကြည်တာကတော့ မိရိုးဖလာ ဘာသာရေးအခန်းအနား ဓလေ့
ပြဌာန်းမှုတွေ ပယ်ပြီး၊ သူ့ရဲ့ တကယ့် အနှစ်သာရကို သိအောင် လုပ်မယ်ဆိုရင်တော့
ဗုဒ္ဓဘာသာ ဆိုတာ ဒီကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံး ဒဿန တရားတခုပါပဲ။ ဒါကြောင့်မို့
ကျွန်ုပ်အနေနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကို အထူးလျှောက်ထားပန်ကြားချင်ပါတယ်။

"ဆရာတော်သံဃာတော် အရှင်မြတ်တို့ဘုရား၊ အရှင်ဘုရားတို့သည် ကြီးမြတ်လှသော သာ

သနာကို စောင့်ရှောက်သူများ ဖြစ်တော်မူပါပေသည်။ ထိုသာသနာတော်ကြီးအား သန့်စင်
ခြင်းနှင့် ကမ္ဘာသို့ ပေးဆက်ခြင်းအတွက် ကျေးဇူးပြုခြင်းအလို့ငှာ လျှောက်ထားအပ်ပါသည်။
ဆရာတော်မြတ်တို့အနေဖြင့် ဗမာနိုင်ငံ တခုတည်းအတွက်သာမက ချစ်ခင်ခြင်း၊ ညီနောင်
သားချင်း စိတ်ဓာတ် ပြန့်ပွားစေရန်အတွက် ကမ္ဘာတခုလုံးရှိ ပြည်သူများ ထံသို့ပါ သြဝါဒ
သဝဏ်လွှာ ပါးစေချင်ပါသည်။
ဒီယနေ့ ကမ္ဘာကြီးအတွင်း တနေ့တခြား လိုအပ်လာနေသော ထိုဆုံးမသဝဏ်လွှာကို တပည့်
တော်တို့ နာကြားပြီး အလေးပေး လိုက်နာပါမည်။ ဆရာတော် အရှင်သူမြတ်တို့ဘုရား၊
ဆရာတော်များအနေဖြင့် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ချစ်ခင်မှုများ ပြန့်ပွားစေရန်အတွက်
အလွန်ကျယ်ပြန့်သော မြင့်မြတ်လှသော လုပ်ဆောင်ချက်များစွာ ရှိနေပါသည်ဘုရား၊
ထိုအရာများသည် ဆရာတော်ကြီးများ၏ မြင့်မြတ်သော လုပ်ဆောင်ချက်များနှင့်
မြင့်မြတ်သော နိုင်ငံရေးများပင် ဖြစ်ပါပေသည်။"

"မေတ္တာထား၍ ပြည်သူ အားလုံးတို့၏ စိတ်များကို ကြောက်ရခြင်းမှ ကင်းလွတ်စေရန်
(free from fear) ၄င်း၊ အမြင်ကျဉ်း ၍ အမြင်လွဲမှုများ၊ လျစ်လျူရှုမှုများနှင့် အယူသည်းမှု
များမှ ကင်းဝေးစေရန်၎င်း၊ ရည်သန်၍ သြဝါဒ ပေးကြားတော်မူပါ။ သူတို့အား ပိုမို မြင့်မြတ်
လာစေရန်နှင့် ပိုမို ပျော်ရွှင်ဖွယ်ရာ ဘဝများ ရရှိစေရန်အတွက် သင်ကြား ဆုံးမပေးတော်
မူပါ။ ထိုအရာများသည် အရှင်မြတ်များ၏ အပ်ရာသော ဝန်တာများ ဖြစ်သည့်အတွက်
လျှောက်ထားအပ်ပါသည်ဘုရား။"

ဗိုလ်ချုပ်အောင်ဆန်း
(၁၉၄၆ ခှုနှစ် ဖဆပလ ညီလာခံ မိန့်ခွန်းမှ ကောက်နှုတ်ချက်၊)
(နွေနှင်းမိုး)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...