သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, October 3, 2013

PostHeaderIcon မြီးရှည်

 
မြီးရှည် 
******
တရက် ကျွန်တော့်တပည့် တယောက်က အတန်းထဲမှာ ကောက်ကာငင်ကာ
မေးလိုက်သည်။ “ဆရာ၊ စာရေးသူရဲ့နောက်မှာ ကွင်းစကွင်းပိတ်တွေ ထည့်တာ
အဲဒီ ဘာသာရပ်မှာ အထူးကျွမ်းကျင်တဲ့ ပညာရှင်လို့ ပြောတာလား” ဟူ၏။

ကျွန်တော်မည်သို့ ပြန်ပြောရမည်ကို အတော်လေး စဉ်းစားပြီးမှ ဖြေရှင်းပြရပါသည်။
ယခုခေတ်တွင် ရှိစုမဲ့စု နည်းမျိုးစုံဖြင့် ရယူထားသည့် ဘွဲ့တွေကို အမြီးရှည်ရန် ကွင်းခတ်ပြီး
တပ်ဆင်ပြလေ့ ရှိသည်မှာ ရိုးလို့ပင်နေပြီ ဖြစ်သည်။ သို့သော် တခုသိထားရန်မှာ နာမည်
နောက်တွင် ဘာသာရပ်တခုခု ကွင်းခတ် ဖော်ပြထားတိုင်း ထိုဘာသာရပ်တွင် ပါရဂူ တစ်
ယောက် မဟုတ်ကြောင်းကို သိစေချင်သည်။
သူသည် သူလိုငါလို တက္ကသိုလ်ဆိုသော အရပ်၌ ဘောဂဗေဒဆိုသည့် ဘွဲ့တခုကို ရယူခဲ့သူ
သာဖြစ်သည်။ ပိုပြီးထူးချွန်ကြောင်း ပြလိုလျှင် ရှေ့က ဒေါက်တာတွေ ဘာတွေ ထည့်မည်။ သို့သော် ဒေါက်တာဘွဲ့ဆိုသည်မှာလည်း ခေတ်သစ်တွင် ဝယ်ချင်တိုင်း ဝယ်တပ်နိုင်သည့် အမြီးတခုဖြစ်သောကြောင့် အထင်ကြီးစရာ မရှိပေ။ ဂုဏ်ထူးဆောင် ဒေါက်တာ ဆိုတာတွေ
ကလည်း ရှိသေးသည်။ ကြံဖန်ပေးရသော ဘွဲ့ထူး ဂုဏ်ထူးတွေကို ခုံမင်သူတွေကလည်း ခုံ
မင်ကြသည်။ အနည်းဆုံးတော့သေလျှင် နာရေးကြော်ငြာတွင် ဂုဏ်ရှိနိုင်သည်။ မသေခင်
မင်္ဂလာဆောင် ဖိတ်စာတွင် တင့်တယ်နိုင်သည်။

ကိုယ့်ကိုယ်ကိုယ် ကွင်းခတ်ထားသူများသည် ရိုးရိုးကွင်းထဲတွင် နေလျှင် ပြဿနာ မရှိ။ နေရာ
တကာ ဆရာကြီးလုပ်ပြီး ဟိုနေရာဝင်ပါ၊ ဒီနေရာဝင်ပါ၊ မီဒီယာ အားကို ယူပြီး ထင်ရာမြင်ရာ
ဝင်ပြောလျှင် နားကလောစရာ ဖြစ်လာသည်။ ယနေ့ခေတ်တွင် ကိုယ့်အသိုင်းအဝိုင်းလေးနဲ့
ကိုယ် မီဒီယာ ထူထောင်ပြီး ပြောချင်ရာ စွတ် ပြောခိုင်းသည့် ဓလေ့များ ခေတ်စားနေချိန်၌ ငါနှင့်ငါသာ နှိုင်းစရာထင်ပြီး ကွင်းခတ်သမားတွေ တစခန်း ထလာကြသည်။ နိုင်ငံခြား စာရေးဆရာတွေ ရေးထားသမျှကို ဘာသာပြန်ပြပြီး ကိုယ့် အတွေးအခေါ် လိုလို၊ ကိုယ့်အယူ
အဆ လိုလို မျက်နှာ ပြောင်တိုက်ပြီး ပြောနေခြင်းက ပိုဆိုးသေးသည်။ သမိန်ပေါသွပ်
ကာတွန်းခေတ်ကို သတိရမိသည်။ ပေါသွပ်ပြောသည့် စကားတစ်ခွန်းမှာ မှတ်သားစရာ
ကောင်းလှသည်။
“အရူးတွေ ကြားထဲမှာ ငပေါက ဆရာကြီး” ဆိုသည့် စကား ဖြစ်သည်။ ကာတွန်း စကား
ဆိုသော်လည်း စဉ်းစားစရာတွေ အများကြီး ပါသည်။

မီဒီယာသမားတွေက ကိုယ့်အင်ပါယာကို ခိုင်မာစွာ ထူထောင်ကြသည်။ ထိုသို့ တည်
ဆောက်ရာတွင် ရှေ့မြီး၊ နောက်မြီးသမားတွေကို ကောင်းကောင်း အသုံးချ လာကြ
သည်။ အယူအဆ တခုကို အကြောက်အကန် ငြင်းချင်လျှင် ထိုပညာရှင် မြီးရှည်များ
ကို အသုံးချလာကြသည်။ စာမူခ ကောင်းကောင်းရသဖြင့် ပညာရှင် ယောင်ယောင်
တွေကလည်း ကိုယ့်မီဒီယာဘက်မှ တဖက်သတ် အဆိုတင်၊ အချေပြု “ဟုတ်တယ်
မဟုတ်လား၊ ဟုတ်ပါတယ်နော်၊ ဟုတ်သွားပြီ” ဆိုကာ တယောက်တည်း လူပြက်
ပြက်သလို လုပ်နေကြမှုများလည်း ရှိလာသည်။

ပိုရှင်းအောင် ပြောရလျှင် ဘာသာရပ်ပေါင်းစုံ တက္ကသိုလ်က သင်ခဲ့သော်လည်း
ကိုယ့်ကိုယ်ကို ကွင်းခတ်ပြရလောက်အောင် ထိုဘာသာရပ်တွင် မည်မျှ ထူးချွန်
ကြပါသနည်း။ တကယ်ထူးချွန်လို့ ကွင်းခတ်ကြတာလား၊ ထိုသို့ကွင်းခတ် ပြလိုက်
ကြရခြင်းကြောင့် လိပ်ပြာလုံကြပါရဲ့လား မေးလိုက်ချင်ပါသည်။ 

ယခုခေတ်တွင် ဒေါက်တာတွေကလည်း ကိုယ့်အလုပ် ကိုယ်လုပ်ကြသူများ မဟုတ်။ ဆရာ
ဝန်ဒေါက်တာတွေက စာရေး၊သီချင်းဆို၊ ဈေးရောင်း၊ကုမ္ပဏီထောင်နေသည့် ခေတ်ဖြစ်သ
ဖြင့် ဒေါက်တာဟုဆိုသော်လည်း ဆေးမကုသည့်  ဒေါက်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်
သည်။ ဆေးကုသသူ ရှေ့တွင် ဝိသေသပြုသော အခြား ဒေါက်တာလည်း ဖြစ်နိုင်သည်။
ဥပမာ- တိရစ္ဆာန်ဆေးကု ဒေါက်တာ၊ စာပေပါရဂူဘွဲ့ရ ဒေါက်တာတွေလည်း အမျိုးမျိုး ဖြစ်
နိုင်သဖြင့် ဒေါက်တာ---(အမ်ဘီဘီအက်စ်)၊ ဒေါက်တာ--. (ဓာတုဗေဒ) ဟု ခွဲခြားပြောလျှင် လက်ခံနိုင်သေးသော်လည်း ရိုးရိုး အမည်နောက်တွင် ကွင်းခတ် လိုက်သည်ကတော့
ထင်ယောင်ထင်မှား ဖြစ်စေသည်။

ကျွန်တော့်မိတ်ဆွေ သမီးလေး မင်္ဂလာဆောင်တော့ ဖိတ်စာလာပို့သဖြင့် ဖတ်လိုက်ရသည်။
သတို့သား အမည်နောက်တွင် (B.A, B.Sc, B.Ed, IFL (Japan), IFL (Korea), IFL
(Chinese), Dip in Law, Dip in Psychology, Dip in Computer Science, MCSE, MCSA,
Cisco Certified ...) မဆုံးနိုင်သည့် ဖော်ကျူးမှုများကို တွေ့ရသည်။ ဤမျှလောက် ဘွဲ့တွေ၊
လက်မှတ်တွေ ယူထားပြီး ဘာလုပ်နေသလဲ သိချင်သောကြောင့် မိတ်ဆွေနှင့် မင်္ဂလာ ခန်းမတွင် တွေ့သောအခါ တိုးတိုးတိတ်တိတ် မေးကြည့်မိသည်။
“ခင်ဗျား သမက် ဘာလုပ်တုံး”ဆိုတော့ သူက တက္ကစီမောင်းသည်ဟု ရှက်ရှက်နှင့်
ပြန်ဖြေသည်။

မြန်မာပြည်မှာက ကိုယ့်နေရာနှင့် ကိုယ် မရှိ၊ လူမှန် နေရာမှန် မဟုတ်သည်ကို များစွာ
တွေ့ရသည်။
နိုင်ငံခြား ကာတွန်း တခုတွင်လည်း သားဖြစ်သူကို ဖခင်ဖြစ်သူက တောင်းစားနေသူ တဦးကို လက်ညှိုးထိုးပြပြီး “ငါ့သား မင်းသူတို့လို မဖြစ်အောင် ပညာတွေ ကြိုးစားပြီး ပညာတတ်
ကြီး ဖြစ်အောင် လုပ်ရမယ်” ဟု ပြောလိုက်သည့် အခါတွင် တောင်းစားသူက မော့ကြည့်ပြီး
“ကျုပ်က တက္ကသိုလ်က အငြိမ်းစား ပါမောက္ခ္ခဗျ” ဟု ဖြေလိုက်ပုံမှာ မျက်မှောက်ခေတ်
ပညာရေး၏ အနေအထားကို ထင်ဟပ်ပြလိုက်ခြင်း ဖြစ်သည်။

မည်သည့် တက္ကသိုလ်သို့ တက်သည် ဖြစ်စေ၊ မည်သည့် ဘာသာဖြင့် ဘွဲ့ရခဲ့သည်
ဖြစ်စေ လက်တွေ့ဘဝတွင် ကိုယ်သင်ယူခဲ့သည့် ပညာရပ်ကို အသုံးချနိုင်စွမ်းရှိမှ
တန်ဖိုးရှိပါသည်။ တန်ဖိုး ဆိုသည်မှာ ချောင်ထိုးထားရုံဖြင့် အလိုအလျောက် တက်
မလာပါ။ နွံနစ်နေသော ပတ္တမြား ဆိုသည်မှာ နွံထဲတွင် ရှိနေလျှင် တန်ဖိုးရှိမည်
မဟုတ်ပါ။ တန်ဖိုးရှိကြောင်းအတွက် တန်ဖိုးကို ထုတ်ပြ နိုင်စွမ်းရှိရပါလိမ့်မည်။

ကျွန်တော်တို့ ငါးတန်းကျောင်းသား ဘဝက ပြဋ္ဌာန်း မြန်မာစာတွင် “အမြီးပေါက်သူ”ဆိုသည့်
စာတပုဒ်ကို သွားပြီး မှတ်မိနေပါသည်။ စာရေးဆရာမင်းဏီ ရေးသားသည့် ဝတ္ထုတိုလေး
ဖြစ်မည်ထင်သည်။ လူတယောက်သည် ထူးဆန်းစွာ အမြီးပေါက်လာသည်။ နေမထိ
ထိုင်မသာဖြစ်ပြီး လုံခြုံအောင် ထိန်းရန် မဖြစ်နိုင်သည့် အဆုံးတွင် လူသိရှင်ကြားဖြစ်
အောင် သူ့တွင် အမြီးပေါက်နေကြောင်း ဖော်ထုတ်လိုက်သည့်အခါ၌ မယုံကြည်သူ
တွေက အမြီးကို ဝိုင်းဆွဲပြီး ပွဲကျခဲ့ရသည့် ဖြစ်ရပ်မှာ ငိုရခက်၊ ရယ်ရခက်၊ ဘဝအတွက်
သင်ခန်းစာ ဖြစ်သည်။

အမြီးလေးတချောင်းကို ထုတ်ပြလိုက်သဖြင့် လူသိပြီး အရှက်ရခြင်းသာ အဖတ်တင်သကဲ့
သို့၊ ကိုယ့်အမြီးရှည်ကို ဖော်ပြလိုက်သော်လည်း ဟုတ်တိပတ်တိလည်း မတတ်၊ အတွေး
အမြင် အယူအဆတွေကလည်းမှား၊ ပြောကြားချက်တွေကလည်း တယူသန်၊ ဖော်ထုတ်
တာတွေကလည်း မဟုတ်တရုတ် ဖြစ်နေသည်ကိုပင် တိမ်သား ဝတ်ထားသည့် ရှင်ဘုရင်
လို ကိုယ့်ကိုယ်ကိုယ် ပြန်မမြင်နိုင်လောက်အောင် ဖြစ်နေသူများအတွက် ကိုယ့်အမြီးကို
ကိုယ်ပြန်ပြီး အားနာစေချင်ပါသည်။

အမြီးပေါက်၍ ရပါသည်။ အမြီးရှည်ခွင့်လည်း ရှိပါသည်။ သို့သော် အမြီးကို စည်းမဲ့ကမ်းမဲ့
ဝှေ့ယမ်းခွင့် မရှိပါ။ လူကြားသူကြားတွင် လုံအောင် ထိန်းရမည်ကို အသားလွတ် ထုတ်
ကြွားရုံမက အမြီးကို နှံ့ပြလိုက်ခြင်း၏ ဆိုးကျိုးမှာ ကိုယ့်သိက္ခာကိုယ် မြောင်းထဲ ထိုးချလိုက် သလို ဖြစ်သွားနိုင်ပါသည်။

ကျွန်တော်သိသော မြှီးရှည် နောက်တမျိုးမှာ စားရသော အစားအစာ ဖြစ်ပါသည်။
မန္တလေးမြီးရှည်၊ ရှမ်းမြီးရှည်ဟူ၍ နှစ်မျိုးကွဲသည်။ ယခုပြောလိုသော မြီးရှည်သည်
စားစရာ မြီးရှည်မဟုတ်။ ရမ်းစရာမြီးရှည် ဖြစ်သည်။
ကြည့်ပြီးရမ်းကြရန် သတိပေးချင်ပါသည်။
အငြိမ်းစား ကျောင်းဆရာတစ်ဦး
***********************

( ဒီစာလေးထဲက အချို့ကို နှစ်သက်ပါသည်။ အမြီးတပ်ကြခြင်းသည် ၎င်းအမြီးနဲ့ ကိုက်ညီ
အောင် လုပ်ဆောင်နိုင်ကြပါရဲ့လား၊ အချို့က ဂုဏ်ဖော်ချင်ကြသည် မိမိဖော်ပြချင်တဲ့
ဂုဏ်နဲ့ဂုဏေး လိုက်ဖက်ရဲ့လား၊ ကျွမ်းကျင်မှုရှိတဲ့ ဂုဏ်လား၊ ထိုဂုဏ်အတိုင်း အများအကျိုး မည်မျှ ဆောင်ရွက်ပြီး ဆောက်ရွက်ဆဲ ဖြစ်နေပါပြီလဲ၊ ဒီဂုဏ်ကို တန်ဖိုးရှိအောင် ဘယ်
လောက်များ အသုံးချ ပြီးပြီလဲ...
ဆိုတာတွေကို မစဉ်းစားကြပဲ ဝါကြွားပလွှားရုံသက်သက်နဲ့ မသူတော် ဖြစ်ချင်သူက များနေ တာကို မြင်တွေ့နေရလို့ ဒီစာလေးကို နှစ်သက်မိတာပါ။ ဒီစာလေးက ထိုအဖြစ်တွေကို သတိ
ပေးရင်း အကုသိုလ်တချို့ကို တားမြစ်ပေးနိုင်မည်ဟုလည်း မြင်မိပါသည်။)

 (တိုးတိုး)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...