သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, October 1, 2013

PostHeaderIcon အနေတတ်ပါစေ



 အနေတတ်ပါစေ
************
ဒုက္ခ၏ စတင် ပေါ်ပေါက်ရာသည် ကျွန်ုပ်တို့၏ အတွင်းသန္တာန်မှာပင် ရှိ၏။ ကျွန်ုပ်တို့သည် ကိုယ့်အကြောင်းကို ဟုတ်မှန်သည့်အတိုင်း သိလျှင် ဒုက္ခ ဖြေရှင်းနည်းကို တွေ့နိုင်မည်ဖြစ်
သည်။`ကိုယ့်ကိုယ်ကို သိပါ’ဟူသော ပညာရှိတို့၏ စကားကို လူတိုင်း ကြားဖူးကြပေသည်။
ကိုယ့်စရိုက် သဘာဝကို အမှန်အတိုင်း သိမြင်ရေးသည် ပထမကိစ္စပင်ဖြစ်သည်။ ဤသို့ မသိ
မြင်နိုင်သေးသရွေ့တော့ ကိုယ့်ပြဿနာ ကိုယ်ရှင်း၍ မရနိုင်ချေ။ ထို့အတူ လောကကြီး၏
ပြဿနာတွေကိုလည်း ဘယ်တော့မှ ဖြေရှင်းနိုင်ဖွယ် မရှိချေ။
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် ကိုယ့်အကြောင်း ဘယ်လောက်များ သိကြသနည်း။

ကျွန်ုပ်တို့သည် ကိုယ့်ကိုယ်ကို အလွန်အထင်ကြီးတတ်ကြပါသည်။ ကိုယ့်ကိုယ်ကို သူများ
ထက် ထူးသည်ဟု ထင်မှတ်တတ်ကြပါသည်။ စင်စစ်ဆိုသော် ကိုယ့်အကြောင်း ကိုယ်
သိပုံမှာ အပေါ်ယံ သိခြင်းဖြစ်သည်။ နက်နက်ရှိုင်းရှိုင်း သိပုံကား လုံးဝပင် မရှိပါ။

လူသားတဦး၏ အကြောင်းနှင့် ယင်း၏ ဖြစ်ပေါ်တည်ရှိပုံကို သိဖို့ရန် မြတ်စွာဘုရားသည်
လူ၏ ပင်ကိုယ်သဘာဝကို စိစစ်လေ့လာခြင်း ပြုခဲ့၏။ အတွင်းသန္တာန်ကို စိစစ်လေ့လာပြီး
နောက် အထင်ဟောင်း အမြင်ဟောင်းများကို ဘေးဖယ်ထားပြီးလျှင် အရှိတရားသက်သက် ကိုသာ လေ့လာသောအခါ တွေ့ရှိရသည်ကား လူဆိုသည်မှာ ငါးမျိုးသော ဖြစ်စဉ်ကြီးများ
ဖြင့် ဖွဲ့စည်းဖြစ်ပေါ်နေသော အခြင်းအရာဖြစ်ကြောင်း တွေ့ရှိခဲ့၏။ ငါးပါးတို့ အနက်
လေးပါးမှာ နာမ်တရား ဖြစ်၍ တပါးမှာ ရုပ်တရားဖြစ်သည်ဟု သိမြင်တော်မူပါသည်။

မေး။ ကျွန်တော်တို့ တတွေကို ဒုက္ခရောက်အောင် လုပ်နေကြသူတွေ ရှိကောင်းရှိနေမလားလို့ စဉ်းစားမိပါတယ်။
ဖြေ။ ဘယ်သူကမှ ဒုက္ခရောက်အောင် လုပ်နေလို့မဟုတ်ပါဘူး။ ကိုယ့်ဒုက္ခ ကိုယ်ဖန်တီးတာ သာ ဖြစ်ပါတယ်။ စိတ်မှာ စနောင့်စနင်းဖြစ်လို့ မကျေနပ်မှု၊ မခံချင်မှု ဆိုတာတွေကြောင့်
ဒုက္ခတွေ ကြုံကြရတာပါ။ အဲဒီစိတ် စနောင့်စနင်း ဖြစ်တာဟာ ကိုယ့်လုပ်တဲ့ အလုပ်ပါ။
မလုပ်မိဖို့ စိတ်ကို ထိန်းကျောင်းတတ်ရင် ဘယ်လိုအခြေအနေမျိုးနဲ့ ကြုံရကြုံရ စိတ်ကို အေး
အေးသာသာ ထားနိုင်လာပါလိမ့်မယ်။ အဲဒီအခါမှာ အမြဲပျော်ရွှင် ချမ်းသာနေပါလိမ့်မယ်။

မေး။ တယောက်ယောက်က ကိုယ့်ကို မဟုတ်တာ လုပ်ရင် ဘယ်လို သဘောထားရမလဲ။
ဖြေ။ မဟုတ်တာကို ဘယ်သူမှ မလုပ်စေနဲ့။ မဟုတ်တာ လုပ်တဲ့သူဟာ သူတပါး အပေါ် အန္တရာယ်ဖြစ်စေရုံမက မိမိကိုယ်ကိုလည်း အန္တရာယ်ပြုသူဖြစ်ပါတယ်။ မဟုတ်တာ လုပ်တဲ့သူ
ကို လက်ပိုက်ကြည့်နေရင် မဟုတ်တာ လုပ်ဖို့ အားပေးအားမြှောက် လုပ်ရာရောက်ပါ
လိမ့်မယ်။ မလုပ်နိုင်အောင် ခွန်အားရှိသလောက် အသုံးပြုပြီး တားဆီးရပါမယ်။ စာနာ
စိတ် သနားစိတ် မရှိသူကို ဆန့်ကျင်ရမှာဖြစ်ပါတယ်။ ကိုယ်က ဒေါသစိတ်၊မုန်းတီးစိတ်နဲ့
တားဆီးရင်တော့ အခြေအနေ ပိုဆိုးသွားလိမ့်မယ်။ မတော်တာ လုပ်နေတဲ့သူတယောက်
အပေါ်မှာ မေတ္တာထားပြီး ကြားဝင်ရဖို့ ဆိုတဲ့ ကိစ္စမှာ ကြားဝင်သူရဲ့စိတ်က တည်ငြိမ် အေး ချမ်းနေမှသာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့် အတွင်းသန္တာန်မှာ အေးချမ်းနေအောင်
အရင် ကြိုးစားအားထုတ်ပါ။ တည်ငြိမ်အေးချမ်းတဲ့ စိတ်ရှိသူအဖို့ ပြဿနာကို ဖြေရှင်းနိုင်
ပါလိမ့်မယ်။

မေး။ ကမ္ဘာကြီးမှာ ငြိမ်းချမ်းမှု မရှိတဲ့ကြားမှာ ကိုယ့်အတွင်းသန္တာန်မှာ ငြိမ်းချမ်းမှုရှာတာဟာ
       အဓိပ္ပာယ် ကင်းမဲ့မနေပေဘူးလား။
ဖြေ။ ကမ္ဘာသူကမ္ဘာသားများမှာ ငြိမ်းချမ်းမှု ရှိမှသာ ကမ္ဘာကြီး ငြိမ်းချမ်းပါလိမ့်မယ်။ လူ တယောက်စီရဲ့စိတ်မှာ ပြောင်းလဲဖို့ကိစ္စကို အရင်စပြီး လုပ်ကြရမှာဖြစ်ပါတယ်။
တောတခု ညှိုးခြောက်နေရင် တောထဲရှိ သစ်ပင်တပင်စီကို ရေလောင်းပေးမှသာ တောဟာ
ပြန်လည် လန်းဆန်းစိုပြည်လာနိုင်ပါလိမ့်မယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးကို လိုလားတယ် ဆိုရင်
ကိုယ်တိုင်က ငြိမ်းချမ်းစွာ နေတတ်အောင် လေ့လာအားထုတ်ဖို့ လိုပါတယ်။ ဒါမှသာ ကိုယ့်
(အားထုတ်မှု) ပယောဂနဲ့ ကမ္ဘာကို ငြိမ်းချမ်းအောင် လုပ်နိုင်မှာဖြစ်ပါတယ်။

မေး။ လောကနဲ့ အဆင်မပြေလို့ နေရထိုင်ရ ခက်နေသူတွေအဖို့ ကမ္မဋ္ဌာန်းအားထုတ်တာ
အကျိုးရှိမယ် ဆိုတာကို နားလည်နိုင်ပါတယ်။ သို့သော်လည်း နေသားတကျနဲ့ ကျေနပ်
ပျော်ရွှင်နေတဲ့သူအဖို့ ကမ္မဋ္ဌာန်းအားထုတ်စရာ လိုပါဦးမလား။
ဖြေ။ နေသားတကျနဲ့ ကျေနပ် ပျော်ရွှင်နေသူဆိုတာဟာ ဘဝရဲ့သာယာမှုတွေကို အဟုတ်
ကြီး ထင်ပြီးတော့ ကျေနပ်နေတာဖြစ်ပါတယ်။ သူ့ရင်ထဲမှာ မပြေလည်နိုင်တဲ့ အကြိတ်
အခဲတွေ ရှိနေတာကို သူမသိသေးလို့သာ ဖြစ်ပါတယ်။ သူ့ကိုယ်သူ ပျော်နေတယ်လို့
ထင်နေတာဟာ သူ့ကိုယ်သူ လှည့်စားမှန်းမသိ လှည့်စားနေတာပါ။ ဘာ့ကြောင့်လဲဆို
တော့ သူပျော်ပိုက်နေတဲ့ ဘဝရဲ့သာယာမှုတွေဟာ တည်မြဲခြင်း မရှိတဲ့အတွက် စိတ်ထဲမှာ
တထင့်ထင့်နဲ့ ဘယ်တော့များ ဒါတွေ ကွယ်ပျောက်သွားပါလိမ့်မလဲလို့ စိုးရိမ်ကြောင့်ကြ
မှုက ရှိနေပါတယ်။ ဒီ ကြောင့်ကြမှုကို မသိလိုက် မသိဘာသာ အကြာကြီးနေလို့ မရ
နိုင်ပါဘူး။ တချိန်ချိန်တော့ စိတ်ထဲမှာ သိသိသာသာကြီး စနောင့်စနင်းဖြစ်လာမှာ
သေချာပါတယ်။ အဲဒီ စိတ်မငြိမ်မှု၊ စိုးနှောင့်မှုတွေ သိသိသာသာကြီး ခံစားလာရတဲ့
တနေ့မှာ သူဟာ အလွန် စိတ် ဆင်းရဲရပါလိမ့်မယ်။ ဒီအခြေအနေမျိုး ဖြစ်မလာခင်မှာ
အခုကတည်းက စပြီး တရားအားထုတ်ဖို့ မကောင်းပေဘူးလား။

မေး။ ဆရာ့ သင်ပြမှုတွေဟာ မဟာယာန နည်းလား။ ဟီနယာန နည်းလား။
ဖြေ။ အဲဒီ နည်း(၂)မျိုး စလုံး မဟုတ်ပါဘူး။ “ယာန’’ဆိုတဲ့ စကားက ယာဉ်လို့ အဓိပ္ပာယ်ရှိပါ
တယ်။ ပန်းတိုင် အရောက်သွားမယ့် ယာဉ်လို့ ဆိုလိုပါတယ်။ ဒီခေတ်မှာတော့ ဒီစကားကို ဗုဒ္ဓဘာသာဂိုဏ်းအမည်အဖြစ်နဲ့ ထည့်သုံးနေကြတာ တွေ့ရပါတယ်။ ဗုဒ္ဓရှင်တော်မြတ်က
ဂိုဏ်းဂဏ ခွဲခြားပြီး ဟောကြားတော်မူခဲ့တာ မဟုတ်ပါဘူး။ ဓမ္မဆိုတဲ့ တရားတော်ကိုသာ
ဟောကြားတော်မူခဲ့တာပါ။ ဓမ္မဆိုတာ ဂိုဏ်းဂဏ မခွဲခြားပဲ လူသားအားလုံးနဲ့ ဆိုင်ပါတယ်။
လူတန်းစား မရွေးပဲ သက်ဆိုင်တဲ့အတွက် ကျွန်တော်ဟာ ဓမ္မကို ပိုက်ဖက်ခဲ့တာဖြစ်ပါတယ်။ ပိုက်ဖက်ခဲ့တဲ့အတွက် အကျိုးထူးများ ရရှိခဲ့တယ်။
ဓမ္မဟာ လူသားတိုင်းရဲ့အကျိုးကို ဖြစ်စေနိုင်တယ်လို့ ယုံကြည်တဲ့ အတိုင်း မေတ္တာ ကရုဏာ
စိတ်ထားနဲ့ ကျွန်တော် လူတိုင်းကို ဟောကြားပါတယ်။ ကျွန်တော့် အဖို့ကတော့ ဓမ္မဆိုတာ မဟာယာနလည်း မဟုတ်၊ ဟီနယာနလည်း မဟုတ်ပါ။ ဘယ် ဂိုဏ်း ဂဏနဲ့မှလည်း
မသက်ဆိုင်ပါ။
(အမေးအဖြေထဲမှ ကောက်နှုတ်ချက်)

ကမ္ဘာကြီး၏ ပကတိသဘောမှာ ကလေး သူငယ်များအား အိပ်ရာဝင်ချိန်တွင်
ပြောပြကြသော ဒဏ္ဍာရီပုံပြင်ကဲ့သို့ သတ္တဝါတွေသည် တသက်လုံး ထာဝစဉ်
ပျော်ရွှင်နိုင်ကြသည် မဟုတ်ပါ။

ဘဝဆိုသည်မှာ ကိုယ် ဖြစ်ချင်သလို မဖြစ်၊ သူ ဖြစ်ချင်သလိုသာ ဖြစ်နေသော၊ လိုတာ မရ၊
ရတာ မလို ကျေနပ်ဖွယ် အလျင်းမရှိသော သဘောပင်ဖြစ်၏။ ဤအမှန်တရားကို မည်သူမျှ  မလွန်ဆန်နိုင်ချေ။ ဆင်းရဲခြင်းသဘော(ဒုက္ခသစ္စာ)သည် အမှန်ရှိသော တရားလမ်း
ဟူ၍ကား လူတိုင်း လက်ခံကြရမည်ပင် ဖြစ်ပါသည်။
ဒုက္ခသစ္စာကို မျက်ကွယ်ပြုလို့ မရနိုင်ဟုဆိုလျှင် ဒုက္ခတရားဆိုသည်မှာ အကြောင်းမဲ့
ဖြစ်ပေါ်လာတာလား။ အကြောင်းရှိလို့ ဖြစ်ပေါ်လာတာလား။ စသည်ဖြင့် အရေးကြီး
သော သိဖွယ်ရာ အချက်များ ရှိနေပါသည်။ အကြောင်း ကြောင်းကြောင့် ဒုက္ခပေါ်သည်
ဆိုလျှင် ဤအကြောင်းရင်းကို ဖယ်ရှားခြင်းဖြင့် ဒုက္ခပျောက်ကွယ်ဖွယ် ရှိမရှိ သိရန် လိုအပ်
ပေသည်။ ထိုအကြောင်းရင်းကို ဖယ်ရှားဖို့ ဖြစ်နိုင် မဖြစ်နိုင် သိဖို့ လိုအပ်ပေသည်။

ကျွန်ုပ်တို့ ကြုံကြရသော ဒုက္ခတွေသည် ကျွန်ုပ်တို့ကို ပြုပြင်ဖို့ ကြိုးကိုင်နေသဖြင့် မတတ်သာ
သော အခြေအနေမျိုးဖြင့် သူဖြစ်ချင်သလို ဖြစ်နေကြသလော။ ထိုသို့ဖြစ်ခဲ့သော် ကျွန်ုပ်တို့
သည် ဒုက္ခမှ လွတ်မြောက်ရေးကို ရှာကြံနေဖို့ မလိုပေ။ လက်မြှောက်ကာ အရှုံးပေးကြရုံသာ
ရှိပေသည်။
သို့တည်းမဟုတ်… ဒုက္ခတွေကို စိတ်ကြိုက်ဖန်တီးနေသော၊ သိနိုင်ရန် ခက်ခဲသော စိတ်ထားရှိ
သော တန်ခိုးတော်ရှင်ကြီးက အမိန့်ပေးသည့်အတိုင်း ဖြစ်နေသလော။
ထိုသို့ဖြစ်ခဲ့သော်…ထိုတန်ခိုးရှင်ကြီးအား“ ဒုက္ခ မပေးပါနဲ့တော့ အရှင်ဘုရားကြီး’’ ဟူ၍
ပူဇော် တောင်းပန်ရန် နည်းလမ်းများကို ရှာကြံကြဖို့သာ ရှိတော့၏။

ဗုဒ္ဓ ဘုရားရှင်သည်ကား ဒုက္ခသည် အကြောင်းမဲ့ ဖြစ်သည် မဟုတ် ဟူ၍ သိတော်မူပါသည်။
သဘာဝ တရားတို့မည်သည် အကြောင်းမဲ့ ဖြစ်ရိုး မရှိ၊ ဒုက္ခတရားသည်လည်း အကြောင်းရှိ ၍သာ ဖြစ်ပေါ်ခြင်း ဖြစ်သည်ကို သိတော်မူပါသည်။ ဘဝ၏ အခြေခံကျသော ကမ္မခေါ်သော
ကံတရားသည် အကြောင်းကြောင့် အကျိုးပေါ်သော တရားကြီးဖြစ်၍ ဘဝ၏ အခြေခံတရား
ဖြစ်သည်နှင့်အမျှ မည်သူမှ မလွန်ဆိုင်နိုင်သော တရားလည်းဖြစ်လေသည်။

သတ္တဝါတို့အဖို့မှာ ၎င်းတို့ လုပ်သမျှဖြစ်သော ကံတရားကို ပိုင်ဆိုင်ကြ၏။ ကံတရားကို အမွေ
ဆက်ခံကြ၏။ ကံတရားသည်ပင် ၎င်းတို့ဖြစ်ပေါ်လာရာ အကြောင်းရင်းဖြစ်၏။ ကံတရားနှင့်
နှောင်ဖွဲ့မိပြီး ဖြစ်ကြ၏။ ကံတရားသာလျှင် ၎င်းတို့၏ ကိုးကွယ်ရာ ဖြစ်ကြကုန်၏။
(စူဠဝိဘင်္ဂသုတ်၊ဥပရိပဏ္ဏာသ)။

လောကကြီးတွင် ကျွန်ုပ်တို့ ရင်ဆိုင်ကြရသော ကောင်းဆိုးနှစ်ထွေ ခံရစံရ လေသမျှတို့သည် ကျွန်ုပ်တို့ ပြုခဲ့ကြသော ကံများ၏ အကျိုးဆက်များသာ ဖြစ်၏။ သို့ဖြစ်လေရာ ကျွန်ုပ်တို့သည်
ကောင်းတာတွေ လုပ်ခြင်းဖြင့် ကိုယ်တိုင်၏ ကောင်းသောကြမ္မာကို ဖန်တီးနိုင်ကြမည်ဖြစ်
ပေသည်။ ကျွန်ုပ်တို့ ကိုယ်စီမှာပင် ဒုက္ခကို ဖြစ်စေတတ်သော အရာကို ပြုလုပ်မှုများအတွက်
တာဝန်ရှိ၏။ ဒုက္ခကို အဆုံးသတ်စေသော လုပ်နည်းကိုင်နည်းများလည်း ကျွန်ုပ်တို့ ကိုယ်စီ
ရှိကြ ပေသည်။ ဗုဒ္ဓဘုရားရှင် မိန့်တော်မူပုံမှာ….
မိမိသာလျှင် မိမိ၏ အရှင်သခင် ဖြစ်၏။ မိမိ၏ ကြမ္မာကို မိမိပင် ဖန်တီး၏။
မိမိသာလျှင် မိမိရဲ့ဖန်ဆင်းရှင်ဖြစ်၏။
(ဓမ္မပဒဂါထာ ၃၈၀)
လက်ငင်းအနေတွင်မူကား ကျွန်ုပ်တို့သည် “မျက်ကန်း တစ္ဆေ မကြောက်’’ဆိုသော
စကားအတိုင်း စခန်းသွားနေကြရပါ၏။
(ဆရာကြီး ဦးဂိုအင်ကာ)
(အနေတတ်ပါစေ-မှ)

************************************

"သာသနာစစ် ပြုနိုင်ကြပါစေ'' 
*****
ဆရာကြီး ဦးဂိုအင်ကာသည် ဗုဒ္ဓသာသနာအတွက် လောကလူသားများအတွက် အလွန်
တန်ဖိုးရှိသော လူသားတဦး ဖြစ်ပေသည်။ လက်ချိုးရေတွက်၍ ရသော သာသနာပြုဆိုတဲ့
ရဟန်းအချို့ထက်ပင် သာလွန်သည်ဟု ဆိုချင်ပါသည်။ ဘာကြောင့်ဆိုသော် လောက လူ
သားများကို အမှန်တရား အဆုံးအမများကို ဖြန့်ဝေ သိစေရာတွင် သာလွန်နေသည်ဖြစ်၍
ထိုကဲ့သို့ ဆိုခြင်းဖြစ်သည်။ သာသနာအစစ်ကို ပြုခဲ့ခြင်းဖြစ်ပေသည်။

သာသနာပြုသည်ဆိုရာ၌ သတိထားရမယ့်အချက်ပင်။ ရွှေငွေများကို လှူဒါန်း၍ သာသနာပြု
တယ်လို့  ပြောနေကြခြင်းသည် သာသနာပြုရာ မရောက်ဘူးဆိုတာ လူတိုင်း သိနေကြပေ
မယ့် လိုတာထက် ပိုလှူခြင်း၊ မလိုအပ်ပဲ လှူနေခြင်းသည် ကုသိုလ်ထက် လောဘကို ဖြစ်စေ
တဲ့အတွက် အကုသိုလ်ရဲ့အရိပ်အရောင်များပင် ပါသွားတတ်ပေသည်။ 

ဒီတော့ ကုန်ရကျိုးလည်း နပ်အောင်၊ သာသနာပြုရာလည်း ရောက်အောင် လှူတတ်ဖို့ ဆို
သည်မှာ လူများစုဝေးပြီး အမှန်တရားအသိကို စိတ်ထဲ ရင်ထဲ ရောက်အောင် မသွင်းနိုင်
ပဲ ရောက်တတ်ရာရာ လူမှုရေး သားသမီးရေး စီးပွားရေး စတဲ့ သမ္ဖပ္ပလာပ အကျိးမဲ့စကား
ပြောနေတဲ့ လူအထင်ကြီး စေရုံမျှ ဖြစ်တဲ့ အချို့ရိပ်သာများကိုလည်း လှူဖို့ မလိုပေ။ အမှန်
တကယ် အမှန်တရား သစ္စာများကို သိစေပြီး တရားအားထုတ်ရာကနေ ထွက်လာရင် လူရော
စိတ်ပါ တကယ် ငြိမ်းချမ်းစေတဲ့ ရိပ်သာများ၊ ဗုဒ္ဓရဲ့အမှန်တရားများကို လူအများကို သိစေပြီး
ယဉ်ကျေး သိမ်မွေ့အောင် လုပ်ဆောင်နေတဲ့ လူပုဂ္ဂိုလ်များ၊ ရဟန်းသံဃာများကသာ အမှန်
တကယ် သာသနာစစ်ကို ပြုနေကြသူများ ဖြစ်သည်။ ထိုပုဂ္ဂိုလ်များကို ထိုက်သမျှ လှူဒါန်းခြင်း
သည် သာသနာပြုရာ ရောက်ပါသည်။

နောက်တခါ သာသနာတည်တံ့ ပြန့်ပွားအောင် ဆောင်ရွက်နေကြတဲ့ ပရိယတ္တိစာပေကို 
သင်ကြားပြသပြီး သာသနာ့တာဝန်ကို ထမ်းဆောင်နေကြတဲ့ စာသင်တိုက်များကို လှူဒါန်း
ခြင်း၊ စာသင်သံဃာများကို စာအုပ်စာပေ ပေးလှူခြင်းသည်။ သာသနာကို ပြုစုရာ ရောက်
ပါသည်။ သာသနာမှာ လိုတာထက် ပိုပြီး လှူဖို့ မလိုပါဘူး။ ငွေကြေးပစ္စည်း များဖို့လဲ မလို
ပါဘူး။ လိုတာလေးပဲ ဖြည့်ပေးရုံပါ။ ရေလောင်းပါများရင် အပင်များ သေဆုံးသွားတတ်
သလိုပါပဲ... လိုသလောက်ပဲ လောင်းပေးရုံပဲဖြစ်သည်။ နည်းတာ များတာက အဓိက
မဟုတ်ပါဘူး။ စေတနာထားတတ်ဖို့နဲ့ လှူတတ်ဖို့ကသာ အဓိကပဲဖြစ်သည်။ လှူတတ်ရင် 
ပစ္စည်းနည်းသော်လည်း အကျိုးအမြတ်ရလာဒ်က များပေလိမ့်မည်။ မလှူတတ်ရင် ငွေကြေး
ပစ္စည်း ဘယ်လောက်များများ အကျိုးအမြတ်က နည်းနေပေလိမ့်မည်။ ဒါကြောင့်သာပဲ
ရှေးဆရာတော်ကြီးများက''ညောင်ပင်ကြီးလောက် လှူသော်လဲ ညောင်စေ့လောက်ရ၊ 
ညောင်စေ့လောက် လှူရင် ညောင်ပင်ကြီးလောက်ရ"ဆိုတဲ့ သတိပေး ဆုံးမစကားကို 
မိန့်ခဲ့ကြခြင်းဖြစ်ပေသည်။

သာသနာက သုံးမျိုးထဲပဲ ရှိတာကို သတိပြုနိုင်ကြပါစေ၊ အဲဒီ သုံးမျိုးကို မှန်မှန်ကန်ကန် ပြု
လုပ်နိုင်မှ သာသနာပြုရာ ရောက်ပေမည်။ ပြုရကျိုးနပ်ပေမည်။ အမြတ်ကောင်းကောင်း
ရနိုင်တဲ့ လူ့ဘဝမှာ အကျိုးရှိတဲ့ အမြတ်တွေကို များများ ရယူနိုင်တတ်ကြပါစေ။
ဗုဒ္ဓဟောကြားခဲ့တဲ့ လောကရဲ့အမှန်တရားကို လူသားတို့ နှလုံးသားဝယ် ရောက်ရှိ သိရှိ
စေပြီး သာသနာပြုနိုင်တဲ့ သူများဖြစ်နိုင်ကြပါစေ။ သာသနာ့တာဝန်လည်း ကျေနိုင်ကြပါစေ။ 
 ( ဂမိက ဝနဝါသီဆရာတော်)
Nwehninmoe

1 comments:

တိုးတိုး said...

ဟုတ်တယ်. သတိရှိရမယ်

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...