သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, October 4, 2013

PostHeaderIcon ရောင့်ရဲလွယ်ပြီး ပန်းစိုက်တဲ့ သမ္မတ



ပန်းစိုက်တဲ့ သမ္မတ
***************************
နိုင်ငံရေးသမားတွေက ပြည်သူ့ဘဝနဲ့ အမှန်တကယ်ကို တသားတည်း မဖြစ်ကြဘူးလို့
ပြောကြဆိုကြပါတယ်။ ဥရုဂွေးမှာတော့ ဒီလိုမဟုတ်ပါဘူး။ ဥရုဂွေး နိုင်ငံသားတွေက
ထူးခြားတဲ့ သမ္မတတယောက်ကို ရထားပါတယ်။ သူဟာ ကချော်ကချွတ် လယ်တဲလေး
မှာ နေတယ်။ နိုင်ငံတော်သမ္မတအဖြစ် ရတဲ့ လစာရဲ့ အများစုကို လှူပစ်ပါတယ်။
လယ်တောအိမ်လေးရဲ့ အပြင်ဘက်မှာတော့ လျှော်ပြီးသား အဝတ်လေးတွေ လှမ်းထား
ပါတယ်။ ရေကတော့ ခြံဝင်းထဲက ရေတွင်းကလေး တခုဆီကရတယ်။ ခြံဝင်းတလျှောက်
ပေါင်းမြက်ပင်လေးတွေ ဖုံးလို့ပေါ့။ သမ္မတကြီးမှာ လုံခြုံရေး သုံးယောက်ရှိပါတယ်။ ရဲအ
စောင့်အရှောက် နှစ်ယောက်နဲ့ မန်နျူရယ်လာလို့ နာမည်ပေးထားတဲ့ ခြေထောက် သုံး
ချောင်းပဲပါတဲ့ ခွေးလေး တကောင်ပါ။
ဒါဟာ ဥရုဂွေး နိုင်ငံတော်အကြီးအကဲရဲ့ အိမ်တော်ပါပဲ။ သူ့ရဲ့ ဘဝနေပုံထိုင်ပုံဟာ တခြား
ကမ္ဘာ့ခေါင်းဆောင် အများစုရဲ့နေ့စဉ်ဘဝနဲ့ အတော်ခြားနားပါတယ်။ သမ္မတအဖြစ် ရွေး
ကောက် တင်မြှောက်ခံရတော့ အထောက်အပံ့ရတဲ့ ဇိမ်ခံအိမ်ကြီးကို ငြင်းပယ်လိုက်ပြီး
သူ့ဇနီးရဲ့လယ်တော အိမ်လေးကနေသာ ရုံးတက်ပါတယ်။ သူ့အိမ်က မြို့တော် မွန်တီဗီဒီ
ယိုရဲ့အပြင် ခပ်ညစ်ညစ်လမ်းလေး တခုကနေ သွားရပါတယ်။
သမ္မတကြီးနဲ့ ဇနီးတို့ဟာ အားလပ်ချိန်တိုင်း သူတို့ပိုင်တဲ့ လယ်တောလေးထဲမှာ ပန်းတွေ
စိုက်ကြပါတယ်။ ဒီလို လောဘသက္ကာယနည်းတဲ့ ဘဝနေထိုင်မှုနဲ့ သူ့လစာ အမေရိကန်
ဒေါ်လာ တသောင်းနှစ်ထောင်ရဲ့ ၉၀ ရာခိုင်နူန်းကို လှူပြီး ပိုတာလေးကို လင်မယား အတူ
အကွ စားသောက် နေထိုင်တာကြောင့် သူ့ကို ကမ္ဘာ့အဆင်းရဲဆုံး သမ္မတလို့ ကင်ပွန်းတပ်
ပေးထားကြပါတယ်။

 “ကျွန်တော့်ဘဝ တောက်လျှောက် ဒီလိုပဲနေလာခဲ့တာပဲဗျာ”လို့ သမ္မတကြီးက ခုံဟောင်း
တလုံးပေါ်က ကူရှင်ပေါ်ထိုင်ရင်း ပြောပြပါတယ်။ ဒီကူရှင်ကို သူ့ခွေး မန်နျူရယ်လာကလည်း
သိပ်ကြိုက်တယ်လို့ ဆိုပါတယ်။ “ရှိတာလေးနဲ့လည်း ကောင်းကောင်းနေလို့ ရနေတာပဲ
ဟာကို”လို့ ဂျိုဆေးမူဂျီကာက အကြောင်းပြချက် ပေးပါတယ်။
သူ့လစာရဲ့ ၉၀ ရာခိုင်နူန်းကို ဆင်းရဲနွမ်းပါးသူတွေကို ကူညီရေးလုပ်ငန်းတွေနဲ့ အသေးစား
လုပ်ငန်းလေးတွေ တည်ထောင်ပေးတဲ့ နေရာကို လှူပစ်လိုက်တဲ့အခါ လစဉ် အမေရိကန်ဒေါ်
လာ ၇၇၅ ဒေါ်လာ လောက် ကျန်ပြီး ဒီပမာဏ ငွေကြေးဟာ သာမန်ဥရုဂွေး ပြည်သူတွေရဲ့
လစဉ် ပျမ်းမျှ ဝင်ငွေနဲ့ တန်းတူပါပဲ။
ဥရုဂွေးမှာ အစိုးရ အရာရှိတွေဟာ မိမိပိုင်တဲ့ ပစ္စည်းဥစ္စာ ပမာဏကို ကြေညာရတဲ့ ထုံးစံ
အတိုင်း၂၀၁၀ ပြည့်နှစ်မှာ သမ္မတ ဂျိုဆေးမူဂျီကာလည်း သူ့ပိုင်ဆိုင်မှုကို ကြေညာရပါ
တယ်။ သူ့ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာ စုစုပေါင်းတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၈၀၀ ဖြစ်ပါ
တယ်။ ဒါကလည်း သူပိုင်တဲ့ တစီးတည်းသော ၁၉၈၇ မော်ဒယ် ဗောက်စ်ဝက်ဂွန်ဘီတယ်လ်
ကားလေးရဲ့ တန်ဖိုးဖြစ်ပါတယ်။
ဒီနှစ်တော့ သူပိုင်တဲ့ ပစ္စည်းတန်ဖိုး ကြေညာတဲ့အခါ ပိုများလာပါတယ်။ အမေရိကန်ဒေါ်လာ
နှစ်သိန်း တသောင်းငါးထောင်ဖိုး ဖြစ်လာပါတယ်။ သူ့မြေတန်ဖိုးရယ်၊ ထွန်စက်တွေနဲ့ သူ့
အိမ်လေးကိုပါ ထည့်တွက်တာကြောင့် ဖြစ်ပါတယ်။ ဒါတောင်သူ့ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ
ဒုတိယသမ္မတ ဒန်နီလို အက်စ်တိုရီရဲ့သုံးပုံနှစ်ပုံပဲရှိတာ ဖြစ်ပြီ၊ သူ့အရင် သမ္မတ တာဘရီ
ဗက်စ်ကွက်ဇ်ရဲ့ သုံးပုံ တပုံလောက်ပဲ ရှိတာပါ။

မူဂျီကာဟာ ၁၉၆၀ နဲ့ ၇၀ ကာလတွေမှာ တော်လှန်ရေးသမား သူပုန်တစ်ယောက် ဖြစ်ခဲ့ပြီး
ကျူးဘားတော်လှန်ရေးရဲ့ ရိုက်ခတ်မှုကြောင့် တောခိုခဲ့ဖူးပါတယ်။ သူဟာ သေနတ်ခြောက်
ချက် မှန်ခဲ့ဖူးပြီး ထောင်လည်း ၁၄နှစ်ကျဖူးတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတယောက်
ဖြစ်ပါတယ်။ သူအဖမ်းခံရတုန်းက ထောင်တွင်းအခြေအနေ တော်တော်ဆိုးပါတယ်။ ၁၉၈၅ခု
နှစ်မှာ ဥရုဂွေးလည်း ဒီမိုကရေစီဖြစ်တော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။
ထောင်ထဲမှာ နေခဲ့ရတဲ့ အခြေအနေတွေကြောင့် ဘဝအပေါ် သူထားတဲ့ အမြင်တွေ ပြောင်း
သွားခဲ့တာ ဖြစ်တယ်လို့ သမ္မတဂျိုဆေးမူဂျီကာက ပြောပြပါတယ်။
 
အဆင်းရဲဆုံး သမ္မတလို့ ကျွန်တော့်ကိုပြောကြတယ်။ ကျွန်တော်ကတော့ မဆင်းရဲပါဘူး။
ဈေးကြီးတဲ့ ဘဝနေပုံနေနည်းကို ရဖို့အတွက်ပဲ အလုပ် လုပ်နေကြတဲ့သူတွေ၊ တမျိုးပြီးတမျိုး
ထပ်လိုချင်နေတဲ့ သူတွေကမှ ဆင်းရဲတာဗျ” လို့ အားလပ်ရက်တွေမှာ ပန်းစိုက်လေ့ရှိတဲ့
သမ္မတကြီးက ဆိုပါတယ်။
“ဒီလို နေခြင်းဟာ လွတ်လပ်ခြင်းပဲဗျ။ ခင်ဗျားမှာ ပစ္စည်းပစ္စယ ပိုင်ဆိုင်မှုတွေ အများကြီး
မရှိဘူးဆိုရင် ဒါတွေကို ဆက်ထိန်းထားဖို့ ကျွန်လိုလုပ်စရာ မလိုတော့ဘူးပေါ့။ ခင်ဗျားကိုယ်
ခင်ဗျားအတွက် အချိန်ပိုရတာပေါ့” လို့လည်း သူ့ဘဝအမြင်ကို ရှင်းပြပါတယ်။
 
“လူကြောင် အဘိုးကြီးလို့ ကျွန်တော့်ကို ထင်ချင်လဲ ထင်မှာပေါ့။ ဒါပေမဲ့ ဒါ ကျွန်တော်
လွတ်လွတ်လပ်လပ် ရွေးချယ်ထားတာပဲ” လို့လည်း သူ့ဘဝ နေထိုင်ပုံကို ကာကွယ်
ပြောပါသေးတယ်။ ဒီလိုပြောပုံဆိုပုံမျိုးကို ၂၀၁၂ ဇွန်လတုန်းက ပြုလုပ်ခဲ့တဲ့ Rio+20
အစည်းအဝေးမှာ ဥရုဂွေးသမ္မတက မိန့်ခွန်းထဲ ထည့်ပြောခဲ့ပါသေးတယ်။
 

“ကျွန်တော်တို့ဟာ တနေ့ခင်းလုံး ရေရှည် တည်တံ့ ဖွံ့ဖြိုးတဲ့ အနာဂတ်အကြောင်းကို ပြော
ကြတယ်။ ဆင်းရဲမွဲတေခြင်းကနေ လွတ်မြောက်ဖို့ ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့
ဘာတွေ တွေးနေခဲ့ကြသလဲ။ ချမ်းသာတဲ့ နိုင်ငံကြီးတွေက ဖွံ့ဖြိုးတိုးတက်မှုနဲ့ စားသုံးမှု
မိုဒယ်ကို လိုချင်ကြပါသလား။ ကျွန်တော်မေးကြည့်ပါရစေ။ အိန္ဒိယဟာ ဂျာမနီထက်
ကားရှိတဲ့ အိမ်ထောင်စုအချိုး ပိုများသွားရင် ကမ္ဘာကြီး ဘာဖြစ်မယ် ထင်ပါသလဲ။
ကျွန်တော်တို့အတွက် အောက်ဆီဂျင် ဘယ်လောက် ကျန်နေသေးသလဲ။ ချမ်းသာတဲ့ လူ့
အသိုင်းအဝိုင်းတွေ စားသုံးသလို၊ စွန့်ပစ်ကြသလို ခုနစ်ဘီလီယံ၊ ရှစ်ဘီလီယံရှိတဲ့ လူဦးရေ
က ထပ်တူ လုပ်ကြမယ်ဆို ဒီကမ္ဘာမှာ ရင်းမြစ်လုံလောက်သေးရဲ့လား။ အလွန်အကျွံ
စားသုံးနေကြခြင်းဟာ ကျွန်တော်တို့ နေတဲ့ ဂြိုဟ်ကို ဒုက္ခပေးနေပါတယ်” လို့
မိန့်ခွန်းမှာ ပြောဖူးပါတယ်။
ဒါပေမဲ့ သက်သတ်လွတ်သမားလို့ နာမည်ကြီးတဲ့ မူဂျီကာလည်း တခြားနိုင်ငံရေးသမား
တွေလို အတက် အကျကတော့ ပြေးမလွတ်ပါဘူး။
“သူ့ရဲ့နေပုံထိုင်ပုံကြောင့် တော်တော်များများက သမ္မတမူဂျီကာကို သဘောကျကြပါတယ်။

ဒါပေမဲ့ ဒီအတွက် ခေုတည်းနဲ့တော့ သူ့အစိုးရရဲ့လုပ်ဆောင်ပုံတွေကို ဝေဖန်မခံရတော့ဘူး
လို့တော့ မဟုတ်ပါဘူး”လို့ ဥရုဂွေးမှ စစ်တမ်းကောက်ယူသူ အစ်ဂ်နာစီယို ဇူအက်စ်နာဘာ
က ဆိုပါတယ်။ ဥရုဂွေးရဲ့ စီးပွားရေး၊ ပညာရေးနဲ့ကျန်းမာရေး ကဏ္ဍတွေဟာ အရင်က
ထက် ပိုပြီးတိုးတက်မလာဘူးလို့ အတိုက်အခံတွေက ဂျိုဆေးမူဂျီကာရဲ့အစိုးရကို ဝေဖန်
ကြပါတယ်။ လူကြိုက်များမှု ရာခိုင်နူန်းကလည်း ၅၀ရာခိုင်နှုန်း ကျသွားတယ်လို့ ဆိုပါတယ်။

အဓိက သူ့ကို လူကြိုက်နည်းလာတဲ့ အကြောင်းရင်း နှစ်ခုရှိပါတယ်။ ပထမ တခုကတော့
ကိုယ်ဝန်သက်တမ်း ၁၂ ပတ် မပြည့်သေးရင် ဥပဒေအရ တရားဝင် ကိုယ်ဝန်ဖျက်ချပိုင်ခွင့်
ရှိတယ်ဆိုတဲ့ လွှတ်တော် သဘောတူညီထားတဲ့ ဥပဒေကို အရင်သမ္မတလို ဗီတိုသုံးပြီး
မပယ်ချခဲ့တာကြောင့်ပါ။
ဆေးခြောက်ကို တရားဝင် ဖွင့်ပေးမယ့် ကိစ္စကိုလည်း သူကထောက်ခံပါတယ်။ ဒီလို
ဖွင့်ပေးလိုက်ခြင်းအားဖြင့် နိုင်ငံတော်က ဆေးခြောက် ရောင်းဝယ်မှုကို ဝင်ရောက်ထိန်း
ချုပ်နိုင်မယ်လို့ ဥပဒေကြမ်းက ဆိုပြီး သမ္မတက ထောက်ခံခဲ့တာ ဖြစ်ပါတယ်။
“ဆေးခြောက်သုံးတာ စိတ်ပူလောက်စရာ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမဲ့ မူးယစ်ဆေးဝါး

ရောင်းချတာကမှ တကယ့်ပြဿနာ ဖြစ်ပါတယ်” လို့ သမ္မတ ဂျိုဆေးမူဂျီကာက ပြောခဲ့ဖူး
ပါတယ်။
နိုင်ငံရေးအရ လူကြိုက်မများတော့လည်း သူ့အတွက် ပြဿနာတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲ
ဆိုတော့ ဥရုဂွေး အခြေခံဥပဒေက အသက်ကို ကန့်သတ်ထားတာမို့ အသက် ၇၇ နှစ်ကျော်ပြီ
ဖြစ်တဲ့ သမ္မတကြီးက ၂၀၁၄ ရွေးကောက်ပွဲ ဝင်လို့လည်း မရပါဘူး။ နိုင်ငံရေးက နားရပါ
တော့မယ်။ သမ္မတ အရာက ဆင်းသွားလည်း ရမယ့် ပင်စင်လေးနဲ့ သူက အေးအေး ဆေး
ဆေးပါပဲ။ တခြား ခေါင်းဆောင်ဟောင်းတွေလို ရာထူးက နားသွားတဲ့အခါ အပို ဝင်ငွေ
လည်း ရှာစရာ လိုမယ် မထင်ပါဘူး။

( ဒီလို သမ္မတမျိုးက နာမည် တွင်သင့်ပါတယ်။ လေးလဲ လေးစားလောက်ပါပေတယ်။
အတုလဲ ယူထိုက်ပါပေတယ်။ ရှားပါးလှတဲ့ လူသား တဦးပါပဲ။)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...