သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, October 21, 2013

PostHeaderIcon အယူလွဲသွားရင် အပူထဲက လွတ်တော့မည် မဟုတ်



အယူလွဲသွားရင် အပူထဲက လွတ်တော့မည် မဟုတ်

*************************************
သတ္တဝါတယောက်၊
ယူမှားမှောက်ကို၊
သိန်းလောက်ဘုရား၊
လှန်သောအားဖြင့်၊
ဟောကြား ခြွေချွတ်၊
ဖြေမလွတ်ဘူး။
( မဃဒေဝ)

ခဏအမှားလေးက ဘဝခြားသွားတာနဲ့ ခံကြရလိမ့်မယ်။

ခဏအပျော်လေးကြောင့် ဘဝတွေ မချော်စေချင်ဘူး။

ငွေမက်မှုကြောင့် ကြေပျက်ခါ သွားရမယ့် သံသရာဒုက္ခလုံးကြီးကို 
ကြိုတင် စဉ်းစားကြည့်ကြစေချင်တယ်။

လူ့ဘဝရကြတာဟာ ခဏလေးပါ။ ဦးနှောက်တွေ စိတ်တွေ ခန္ဓာကိုယ်တွေကို
အလကား ဖြုန်းတီး မပစ်စေချင်ဘူး။ မှားသလား၊ မှန်သလား၊ သဘာဝကျပြီး
အကျိုးရှိမလား၊ မရှိဘူးလား၊ တကယ် လက်တွေ့ ကျင့်သုံးပြီး အသုံးချကြည့်တဲ့
အခါ  အကျိုးဖြစ်သလား၊ မဖြစ်ဘူးလား၊ မဖြစ်ရင် စွန့်ပစ်လိုက်။
လူ့အသိစိတ်ဆိုတာ ခွဲခြား ဝေဘန် စဉ်းစားဆင်ခြင် တွေးတော တတ်ရမယ်။
အဲဒါမှ လူပဲ။

ဘဝတခုရဲ့ အောင်မြင်ရေး တိုးတက်ရေး ငြိမ်းချမ်းသာယာရေး လမ်းဆိုတာ ဒီလိုပဲ
ရှာဖွေနေရမယ်။ သူများက ဟုတ်တိုင်း ရမ်း မဟုတ်လိုက်နဲ့၊ ကောင်းတယ် မှန်တယ်
ဆိုတိုင်းလဲ ရမ်း မကောင်းလိုက်၊ မမှန်လိုက်နဲ့ ကိုယ်တိုင် ရှာဖွေ စဉ်းစားပြီး ကျင့်သုံး
ကြည့် လုပ်ကြည့်လိုက်။ မဟုတ်ဘူး၊ မမှန် မကောင်းဘူးဆိုရင် စွန့်ရဲရမယ်။
ဒါမှ အမှန်တရားနဲ့ တိုးတက်မှုဆိုတာ ကြုံတွေ့ ပိုင်ဆိုင်ကြရမှာပေါ့။

လောကမှာ ဘယ်ဟာမှ အလကား မရနိုင်ဘူး။ အရင်းအနှီးဆိုတာ နေရာတိုင်းမှာ ရှိနေ
တာပဲ။ တခြားသူက ကယ်တင်တယ် မ,တယ်ဆိုတာ အလကားပါ၊ သေချာ စဉ်းစားကြည့်
ရင် သိနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင် လုပ်မှ ဖြစ်ပေါ်လာတဲ့ အရာတွေချည်းပါပဲ။ ဘာမှ
မလုပ်ပဲနဲ့ ထိုင်ပြီး ဆုတောင်းနေရုံနဲ့ လာပြီး မ,စ မလား၊ ပေးမလားဆိုတာ စဉ်းစားပြီး
လက်တွေ့ နေကြည့်လိုက်ပါ။

သဘာဝအရ မိဘဝမ်းက မွေးပေးလိုက်တဲ့ ခန္ဓာကိုယ်ကြီးနဲ့ အတူ ကပ်ပါလာတဲ့ အရာတွေကို
အကျိုးရှိအောင် လက်တွေ့ အသုံးချကြည့်လိုက်ပါ။ အဲဒီအခါကျမှ လောကရဲ့အမှန်တရားတွေ
တိုးတက် အောင်မြင်မှုတွေနဲ့ ကြုံဆုံကြရမှာပါ။ ခံစားကြရမှာပါ။ အမှန်တရားရဲ့အသီးအပွင့်
တွေကို ခံစားရမှာပါ။ ဒါတွေကို ကိုယ်ပဲ လုပ်ယူတာပါ။ ဘယ်သူကမှ လာပေးတာ မဟုတ်ဘူး။

လူကြီး မိဘ ဘိုးဘွား ဆရာသမားများက ဒါမှန်တယ်၊ ကောင်းတယ်၊ ဒီအတိုင်း လုပ်၊ ဒီလို
သွား ဆိုရုံနဲ့ ရမ်း မယုံလိုက်ပါနဲ့။ ကိုယ်တိုင် ကိုယ်ပိုင် အသိဉာဏ်နဲ့ ဟုတ်မဟုတ်၊ စဉ်းစား
ဆင်ခြင်ပြီးမှ လက်ခံပြီး လုပ်ပါ။
သဘာဝတရားက ဦးနှောက်ကို အလကား ထည့်ပေးလိုက်တာ မဟုတ်ဘူး။ အသုံးချဖို့
စဉ်းစားဆင်ခြင်ပြီး ဆုံးဖြတ်တတ်ဖို့ပါ။
လက်တွေ့လုပ်ကြည့်လို့ မဖြစ်မြောက်ဘူးဆိုရင်လဲ စွန့်ရဲနိုင်မယ်။

ဘဝဆိုတာ တိုတောင်းလှပါတယ်။ ဘဝတိုတိုလေးထဲမှာ အမှား နည်းနိုင်သမျှ နည်းပြီး
မှန်တာ ကောင်းတာတွေကို တတ်နိုင်သမျှ လုပ်နိုင် စုဆောင်းသွားနိုင်ရမယ်။ ဒါမှသာ
လောကကြီးထဲကို ရောက်လာတဲ့ သင့်ကို လောကကြီးက ကောင်းတဲ့ ကျေးဇူးတွေ
တုန့်ပြန်လိမ့်မယ်။

တိရိစ္ဆာန်တွေထက် မြင့်မြတ်တဲ့ လူ့လောကကို ပို့ပေးလိုက်တဲ့ ကံတရားက သင့်ကို ချီးမွမ်း
ထောပနာပေးပြီး ဒီထက် မြင့်မြတ်တဲ့ နေရာတွေ ဘဝတွေကို ပို့ပေးလိမ့်မယ်ဆိုတာ မယုံ
မရှိနဲ့။ ကောင်းတာကို လုပ်နေရင် ကောင်းခဲ့တဲ့ ကံက ကောင်းတဲ့နေရာကို ပို့ပေးမှာဖြစ်
ပြီး မကောင်းတာကို လုပ်နေတဲ့ အချိန်မှာ မကောင်းကံ မကောင်းကျိုးတွေကို ပေးဖို့
စောင့်နေတာပဲ။ 
မကောင်းတဲ့ လုပ်ငန်းနဲ့ ကြီးပွားနေတာပဲ ဆိုပြီး အထင်မကြီးလိုက်နဲ့ မကောင်းမှု
တွေ ပိုများအောင် စုခိုင်းသလို တွန်းပေးနေတာ။ ခံရပြီဆိုရင်တော့ ဘယ်လို တရား
ဓမ္မမျိုးနဲ့မှ ကယ်တင်လို့ မရတော့ဘူး။ အလဲအကွဲပဲဆိုတာ သတိချပ်ပါ။ ဒါတွေကို
တခြားသူက လုပ်ပေးနေတာ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင် လုပ်နေတာ ဖန်တီး
နေတာပါ။

မဖြစ်ထွန်း မတိုးတက်ပဲ မမှန်ကန်တဲ့ လမ်းစဉ်မှားကြီးကို စွဲကိုင်ပြီး မိဘ မွေးပေးလိုက်တဲ့
သင့် ခန္ဓာကိုယ်ကြီးကို သေဆုံးစေခဲ့မယ်၊ အဆုံးသတ်ပစ်လိုက်မယ် ဆိုရင်တော့ သင်ဟာ
ယနေ့ မြင်တွေ့နေရတဲ့ ကြက်ဘဲ ငှက် ဝက် ငါး စတဲ့ တိရစ္ဆာန်တွေ၊ တောတောင်တွေနဲ့
ကောင်းကင်မှာ ပျံသန်းနေတဲ့ တိရစ္ဆာန် မျိုးစုံတွေ၊ သရဲတစ္ဆေတို့လို ပြိတ္တာတွေ၊ မမြင်ရ
ပေမဲ့ မှန်းဆပြီး သိနိုင်တဲ့ ငရဲသားတွေနဲ့ အတူ သေပြီးတာနဲ့ တပြိုင်နက်  နေသွား
ရမယ်ဆိုတာ အသေချာပါပဲ။

သင့်ကို ဘယ်ဘုရားမျိုးကမှ ကယ်တင်နိုင်တော့မည် မဟုတ်ပေ။
ဒါကြောင့် လက်ရှိ အသက်ရှင်နေချိန်လေးမှာ မှန်မှန်ကန်ကန် စဉ်းစားဆင်ခြင် တွေးယူကာ
လမ်းမှန်ကို သိမြင်ပြီး သူတပါးအကျိုး ကိုယ့်အကျိုးနဲ့၊ မိမိအတွက် လောကအတွက် တန်ဖိုး
ရှိစေမယ့် လုပ်ရပ်တွ၊ သံသရာအတွက် စိတ်ချရမယ့် ကုသိုလ်မျိုးတွေကို စုဆောင်း သိမ်း
ဆည်းထားနိုင်ဖို့ရန် ဆင်ခြင် စဉ်းစား ကြိုးစား လုပ်လိုက်ပါ။

မှန်ကန်တဲ့ လမ်းစဉ်ကို အသိရှိရှိနဲ့ ရွေးချယ် သတ်မှတ်ပြီး အနာဂတ်အတွက် သေချာစေ
မယ့် ရိက္ခာထုတ်ကို ပြင်ဆင် ထုတ်ပိုးထားနိုင်မှ အပူဘဝတွေက လွတ်မြောက်နိုင်မှာပါ။
အယူမှားကို စွဲကိုင်ရင်း သေသွားရင်တော့ အပူကြားထဲသို့ ကျသွားမှာပဲ။
အယူလွဲနဲ့ သေရင် အပူ ငရဲကို ရောက်သွားမှာပဲ။
အမြဲ အယူလွဲနေရင်လည်း ငရဲအပူထဲပဲ ရောက်သွားမှာပဲ။

တယူမသန်ပါနဲ့ အယူမှန်နိုင်ဖို့ ဦးနှောက်ကို အလုပ်ပေး၊ အသိဉာဏ်ကို ဖွင့်ပြီး လွတ်လွတ်
လပ်လပ် စဉ်းစား ဆင်ခြင် တွေးတောကြည့်လိုက်၊ မိမိလုပ်နေတာတွေ၊ လက်ခံ ကျင့်သုံး
နေတာတွေဟာ သဘာဝကျရဲ့လား၊ မှန်ရဲ့လားဆိုတာ... အဲဒါကမှ တကယ့် ပညာပါ။
ပညာဆိုတာ သိထားရုံ တတ်ထားရုံပဲ မဟုတ်ပါဘူး။ ဆင်ခြင်စဉ်းစား တွေးတော ကြံဆ
ပြီး လောကသဘာဝတရားတွေနဲ့ လက်ရှိ ဖြစ်နေတာ လုပ်နေတာတွေကို သဘာဝ
ကျကျနဲ့ အကျိုးအကြောင်း အမှားအမှန်ကို ခွဲခြား သိနိုင်တာကိုမှ ပညာလို့ဆိုရမှာပါ။

သက်ရှိသက်မဲ့တွေ ဒုက္ခပေးနေပါလျှက် ထိခိုက်နေပါလျက်နဲ့ ဒါက အမှန်ပဲလို့ ယူဆ
တယ်ဆိုရင်တော့ အဲဒါဟာ တိရိစ္ဆာန်လောကရဲ့လုပ်နည်းလုပ်ဟန်နဲ့ လမ်းစဉ်ပဲ
ဖြစ်မှာပါ။ Discovery တွေမှာ ထင်ရှားလှပါတယ်။ 
ဒီလို သဘာဝမကျတာကို သိပြီး အမှန်တရားကို လက်ကိုင်ပြုတော့မယ် ဆိုရင်
အဲဒီအခါမှာ သဘာဝတရားကြီးက သင့်ကို ဖြောင့်မတ်စွာ ကူညီပြီး လမ်းမှန်ကို
လျှောက်လှမ်းနိုင်ဖို့ လမ်းညွှန်ပေးပါလိမ့်မယ်။

သင့်ရဲ့ဦးနှောက်တွေ အသိဉာဏ်တွေ စိတ်တံခါးတွေကို လွတ်လပ်စွာ တွေးတော စဉ်းစား
ဆင်ခြင် ဆုံးဖြတ်ခွင့် မပေးပဲ အတင်း ပိတ်ဆို့ကာ အမှောင်ချထားပြီး ဝါဒအမှားလမ်းကိုပဲ
ဆက်လှမ်း သွားနေဦးမယ်ဆိုရင်တော့ သင့်ရဲ့...အနာဂတ်ဘဝဟာ ...

( အပူငရဲဆိုတာ အယူလွဲသူများရဲ့ နေရာပါ)
(ဂမိက ဝနဝါသီတောရဆရာတော်)


0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...