သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, October 3, 2013

PostHeaderIcon ဘဝဟူသည် တိုက်ပွဲတဲ့လား



ရှေးခေတ် ဈေးသည်

ဘဝဟူသည် တိုက်ပွဲတဲ့လား(၁)
*********************
ဓမ္မပိယဆရာတော်ကြီးက မဟာအောင်မြေ ဆောင်းပါးတွင် ဘဝဟူသည် တိုက်ပွဲ အမြဲရှိ 
သည်ဟု ဆိုကြသည်။ ဘဝက တိုက်ပွဲဆိုပါလား။ တကယ်ပဲ ဘဝကတိုက်ပွဲလား။ အေးအေး
ဆေးဆေး နေလို့ကော မရဘူးလား။

အောင်မြင်ချင်သူ၊ တိုးတက်ချင်သူတို့ကတော့ ဘဝကို တိုက်ပွဲအဖြစ် ခံယူကြသည်။ ဘဝကို

တိုက်ပွဲအဖြစ် ရှုမြင်ကြသည်။ ဘဝကို တိုက်ပွဲပမာ သဘောထားကြသည်။ ယောက်ျားတို့ဇွဲ
သေကာမှ လျှော့ရမည်ဟုဆိုကာ ဝီရိယကို အမြဲ မောင်းတင် ထားကြသည်။

အောင်မြင်သူ အများစုက ဝီရိယ ကိုးဆယ်ကိုး ကျပ်သားထဲကို အသိပညာ တကျပ်သား

ထည့်ပြီး ရောသမ မွှေလိုက်လျှင် အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ပါသည်ဟု ဆို
မိန့်ကြသည်။ အောင်မြင်မှု၏ အဓိကသော့ချက်သည် ဝီရိယ၊ လုံ့လ၊ ဇွဲ ဟု သတ်မှတ်
ခဲ့ကြသည်။

စာမေးပွဲဖြေဆိုရာမှာတော့ ဘောလုံးပွဲလို သရေမရှိ အောင်တာနှင့် ကျတာ၊ နိုင်တာနှင့်

ရှုံးတာ နှစ်မျိုးသာရှိသည်။ ဘဝမှာကော သရေဆိုတာ ရှိပါသလား။ ဈေးလောကမှာတော့
အမြတ်လည်း မကျန်၊ အရှုံးလည်း မပြဆိုလျှင် အရင်းဟု သတ်မှတ်ကြသည်။ အရှုံးနှင့်
အနိုင်ကို ဈေးလောကမှာလို အရှုံးအမြတ်တွက်လျှင် ဘဝမှာလည်း သရေဆိုတာရှိသည်။

တကယ်တော့လည်း အနိုင်ထဲမှာ အရှုံး ရှိသလို အရှုံးထဲမှာလည်း အနိုင်ဆိုတာ ရှိနိုင်သည်
သာ။ ယူတတ်သည့်အပေါ်မှာ တည်ပါလိမ့်မည်။ ဈေးများတွင် ဈေးရောင်းနေသူတွေ
ဈေးရောင်း ကောင်းအောင် မေတ္တာ ပို့နေ၊ ဂုဏ်တော်ပွားနေ၊ ပုတီးစိပ်နေ၊ တရားမှတ်
နေလျှင် ဥစ္စာမရလျှင်တောင် ကုသိုလ်ရမည်။ ကုသိုလ်ရတာ အမြတ် မဟုတ်ပါလား။

ဘဝဟူသည် တိုက်ပွဲ... တနေ့တပွဲ နေ့စဉ် တိုက်ပြချင်သည်။


NNmoe

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...