သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, October 2, 2013

PostHeaderIcon ငှက်ပျောသီးနဲ့ ဘော်ဒီ ဝိတ်ကျရေး



ခုဆို ဂျပန်မှာ ငှက်ပျောသီးဝယ်ယူ ရရှိနိုင်ဖို့ မနက်စောစော ဈေးပြေးနေရပြီ ဆိုပဲ၊ အရင်က
လုံးဝ မထင်ရှားတဲ့ သာမာန် ငှက်ပြောသီးဟာ ခုချိန်မှာ ပိန်ရေးအတွက် အရမ်းကို အသုံးဝင်
နေတယ်ဆိုတာ သိလာကြပြီးနောက်ပိုင်း...ငှက်ပြောသီး တင်သွင်းတဲ့ ကုန်သည်တွေကလဲ
တင်သွင်းလို့ မလောက်နိုင်လောက်အောင် ဈေးကွက်က အရမ်းတောင်းဆိုလာကြတယ်တဲ့၊
Hitoshi Watanabe ဆိုသူ အသက် ၃၁ နှစ်ရှိပြီ ဖြစ်တဲ့ ဘွဲ့ရ အလုပ်လက်မဲ့ လူငယ် တ
ယောက်ဟာ ဒီနည်းဟာ အကောင်းဆုံးဆိုတာကို ၂၀၀၆ ခုနှစ်မှာ တွေ့ရှိခဲ့တယ်တဲ့။

သူ့ကောင်မလေး Sumiko ဆိုတဲ့ မိန်းကလေးက ဆေးဆိုင်မှာ ဆေးရောင်းတဲ့ အလုပ်လုပ်
ရင်း... တရုတ် တိုင်းရင်ဆေးပညာ သင်ကြားခဲ့ရတာကတော့ ဘာဖိအားမှ ပေးစရာမလိုတဲ့
အရိုးရှင်းဆုံး ပိန်နည်းကတော့ မနက်စောစောမှာ ငှက်ပြောသီး စားပြီး ရိုးရိုး ရေတခွက်
သောက်လို့ရှိရင် ဇီဝချဖျက်နှုန်း အလွန်မြင့်မားပီး နေ့လည်စာနဲ့ ညစာ ဘယ်လောက်
စားစား ပိန်နိုင်ပါတယ်လို့ဆိုပါတယ်။ သူ့ကောင်မလေးပြောတဲ့အတိုင်း စားလိုက်တာ ၆လ
အတွင်းမှာ ၁၃ ကီလိုဂရမ်တောင် ကျတယ်လို့ဆိုပါတယ်။
အဲဒါနဲ့ သူ့ကောင်မလေး Sumiko ကို လက်ထပ်ပြီး ဒီဖြစ်ရပ်ကို MY SPACE ဂျပန်
ဗားရှင်း MIXI မှာ ပို့စ် တင်ထားတယ်လို့ ဆိုပါတယ်။
ဒီဇာတ်လမ်းလေးဟာ ပထမဆုံး Banana Diet Story အဖြစ်နဲ့ ထင်ရှားကျော်ကြားခဲ့ပြီး စာအုပ်
တောင် ထုပ်ခဲ့ရတယ်။ အုပ်ရေ ၆ သိန်းတောင် ရောင်းခဲ့ရပါတယ်။ ဒီအကြောင်း ပိုမို လူသိ များလာရခြင်းအကြောင်းကတော့ တိုကျို အသံလွှင့်ဌာနက ထုပ်လွှင့်တဲ့ အော်ပရာ အဆို
တော်ဟောင်းကြီး Kumiko Moriကလည်း ငှက်ပြောသီး တန်ခိုးနဲ့ ၇ ကီလိုတောင် ကျတယ် ဆိုတဲ့အကြောင်း ထုတ်လွှင့်ပသခဲ့တာလဲပါပါတယ်။ တခြားနည်းတွေနဲ့ ပိန်အောင် ပြုလုပ်
ပေးသူတွေ မျက်ခုံးတောင် ပင့်သွားစေလောက်အောင် လွယ်ကူ မြန်ဆန်လှပါတယ်သတဲ့ဗျာ။ အစားလဲ ရှောင်စရာမလိုဘူး။ အချိန်မှန်လဲ စားစရာမလိုဘူး။ ညဆို မစားပဲလဲ နစရာ
မလိုဘူး။ ဘာလေ့ကျင့်ခန်းမှလဲ လုပ်စရာမလိုပဲ မပင်ပန်းပဲ လွယ်လွန်းလို့ပါတဲ့။
ကဲကဲ... တို့ဆီမှာ အပေါများဆုံးကလည်း ငှက်ပြောသီး၊ ဘယ်နားသွားသွားရှိတယ်။ ငှက်ပြောသီးစားပြီးရင် ရေရိုးရိုးလေးလဲ သောက်ဖို့ မမေ့နဲ့နော်....။

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...