သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, October 18, 2013

PostHeaderIcon မင်းတို့ သင်္ခန်းစာယူဖို့ လိုတယ်



 မင်းတို့ သင်္ခန်းစာယူဖို့ လိုတယ်
=================
ဒို့ ဘုရားရှင်က -
သြဝါဒေယျာနုသာသေယျ၊ အသဗ္ဘာစ နိဝါရယေ။
သတံ ဟိ သော ပိယော ဟောတိ၊ အသတံ ဟောတိ အပ္ပိယော။

သြဝါဒေယျ- ဆုံးမရမယ်၊ ပထမအကြိမ် အပြစ်တွေ့တဲ့အခါ ခေါ်ယူဆုံးမရမယ်တဲ့၊
အနုသာသေယျ- အပြစ်မရှိသော်လဲ အကြိမ်ကြိမ် ဆုံးမရမယ်၊ အသဗ္ဘာစ- သူတော်မဟုတ်
သူယုတ်တို့၏ တရားမှလဲ (ဝါ) အကုသိုလ်တရားမှလဲ၊ နိဝါရယေ- မိမိတပည့်သားများကို
မဖြစ်ပေါ်အောင် ရှောင်ကြဉ်အောင် တားမြစ်ရမယ်၊
သော- ထိုသြ၀ါဒပေးတဲ့ပုဂ္ဂိုလ်ကို၊ သတံ- သူတော်ကောင်းတွေက၊ ပိယော ဟောတိ၊ချစ်ကြ

ပါတယ်တဲ့။ အသတံ ဟောတိ အပ္ပိယော- သူယုတ်မာတွေကတော့ သြ၀ါဒပေးတဲ့ ပုဂ္ဂိုလ်
တွေကို ချစ်မှာမဟုတ်ဘူး၊ ကြိုက်မှာ မဟုတ်ဘူးလို့ ဘုရားရှင်က ဟောကြားထားတယ်။

အေး ဘုရားရှင်လက်ထက်တုန်းကလဲပဲ ဥပသေနဆိုတဲ့ ရဟန်းတပါးရှိတယ်၊ အဲဒီရဟန်း

က ပထမအကြိမ် ငယ်ငယ်လေးနဲ့ သူက တပည့်တွေ လက်ခံ၊ လက်ခံပြီးတော့ မဆုံးမပဲနဲ့
ဒီအတိုင်းထား၊ ဒီတော့ သူ့တပည့်တွေက သိပ်ရိုင်းစိုင်းတယ်၊ မြတ်စွာဘုရားရှေ့ရောက်
တော့ အဲဒီတပည့်တွေ မြင်ပြီး ဘုရားရှင်က အပြစ်တင်တယ်။

ဥပသေန က အဲဒါ သင်္ခန်းစာ ယူလိုက်တယ်၊ ငါ့ကို မြတ်စွာဘုရားက ကဲ့ရဲ့တော်မူတာဟာ
တပည့်တွေ လက်ခံပြီးတော့ မဆုံးမတဲ့အတွက် တပည့်တွေ ရိုင်းစိုင်းတာကို ကြည့်ပြီးတော့
ဆရာသမားဖြစ်တဲ့ ငါ့ကို အပြစ်တင်တယ်၊ နောင်ဆိုလို့ရှိရင် ငါ တပည့်တွေ လက်လဲခံမယ်၊
အဲဒီလက်ခံပြီးသား တပည့်များကိုလဲ ယဉ်ကျေးအောင် တတ်နိုင်သမျှ ဆုံးမမယ်၊ အဲသလို
စိတ်ထဲ ဆုံးဖြတ်ချက်ချပြီးတော့ တပည့်တွေ လက်ခံ၊ လက်ခံပြီးတော့ သူက ဆုံးမ၊ ဆုံးမ
တော့ သူ့တပည့်တွေ အကုန်လုံး ယဉ်ကျေးတယ်။

အဲသလို ယဉ်ကျေးတဲ့အပြင် ဘုရားရှင်ကို သွားကန်တော့တော့ မြတ်စွာဘုရားက

"ပါသာဒိကာ ဝတ ဥပသေန တယာ ပရိသာ''၊ ဥပသေန နင့်ရဲ့ ပရိသတ်က သိပ်ကို
ကြည်ညိုဘွယ်ကောင်းပါလား၊
"သာဓု ခေါ ဥပသေန ပရိသံ ၀ိနေတိ”၊ သင် အခုချိန်တော့ သင့်ရဲ့ပရိသတ်တပည့်များကို
ကောင်းစွာ ဆုံးမပြီ ဆိုတာ ထင်ရှားတယ်၊ အဲသလို ဥပသေနကို ချီးကျူးတော်မူတယ်။

အေး တပည့်တွေ လက်ခံပြီးတော့ အဲဒီလက်ခံထားတဲ့ တပည့်တွေကို ယဉ်ကျေးအောင်

ဆုံးမတဲ့ ဆရာသမားများကြတော့လဲ ဘုရားရှင်က ချီးကျူးတယ်၊ ယဉ်ကျေးအောင် မဆုံးမ
နိုင်တဲ့ ဆရာသမားကြတော့လဲ ဘုရားရှင်က ကဲ့ရဲ့တယ်၊ အဲဒီ ဥပသေန ဇာတ်ကြောင်းကို
ကြည့်ပြီးတော့ အဲဒါ မင်းတို့ သင်ခန်းစာယူဖို့ လိုတယ်။
------------------------------------------
၁၃၆၈-ခု၊ သီတင်းကျွတ်လဆန်း(၇)ရက်၊

မစိုးရိမ်တိုက်သစ် ပဓာနမဟာနာယကချုပ်ဆရာတော်ကြီး
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)


သတ္တဝါတယောက်၊
ယူမှားမှောက်ကို
သိန်းလောက်ဘုရား၊
လှန်သောအားဖြင့်
ဟောကြား ခြွေချွတ်၊
ဖြေမလွတ်ဘူး။ 
(မဃဒေဝ)
 

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...