သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, October 25, 2013

PostHeaderIcon WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်



 WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်
*******************************************
အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား(၂၉)ဦး၏ သုက်သွေးကို စမ်းသပ်လေ့လာမှုအရ
ယခု သုတေသန ရလာဒ်ကို ပညာရှင်များက အတည်ပြုခဲ့ခြင်းဖြစ်သည်။ WiFi အင်တာနက်
သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်…
WiFi အင်တာနက် သုံးစွဲခြင်းသည် အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို
ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။ ကွန်ပျူတာနှင့် Laptop
များမှ ထွက်ပေါ်လာသည့် Wireless ဖမ်းယူမှု လှိုင်းများသည် သုက်ကောင်များကို ပျက်စီး
စေတတ်ကြောင်း သိရသည်။ ထို့ကြောင့် အမျိုးသားများအနေနှင့် Leptop များကို
ပေါင်ပေါ်တင်ကာ သုံးစွဲပါက သုက်ပိုးများကို ပျက်စီးစေနိုင်ကြောင်း သုတေသီများက
ထောက်ပြခဲ့သည်။

အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား(၂၉)ဦး၏ သုက်သွေးကို စမ်းသပ်လေ့လာမှုအရ
ယခု သုတေသနရလာဒ်ကို ပညာရှင်များက အတည်ပြုခဲ့ခြင်းဖြစ်သည်။ WiFi လှိုင်းများသည်
DNA ကို အနည်းဆုံး (၃)ရာခိုင်နှုန်းမျှ ပျက်စီး ထိခိုက်စေပြီး (၄)နာရီ ပေါင်ပေါ်တင် သုံးစွဲ
ပါက သုက်ကောင်များ သေဆုံးမှုဖြစ်ပေးစေရန်(၂၅)ရာခိုင်နှုန်းမျှအထိ ဖြစ်လာနိုင်ကြောင်း
Fertility and Sterility ဆေးပညာ စာတမ်းတွင် ဖော်ပြထားသည်။
အဆိုပါ အဖြစ်သည် အမျိုးသားတဦး၏ မျိုးဆက် ပြန့်ပွားရေး စွမ်းဆောင်မှုကို အကန့်
အသတ် ဖြစ်စေမည်ဖြစ်သည်။ အမေရိကန်နှင့် အာဂျင်တီးနားမှ ပူပေါင်း သုတေသီအဖွဲ့တခု
သည် ပရော်ဖက်ဆာ ကွန်ရာဒိုအဗန်ဒါနို ဦးဆောင်မှုဖြင့် WiFi စနစ်နှင့် သုက်ပိုးများ
ထိခိုက်မှုအကြား ဆက်နွယ်နေခြင်းကို အဖြေရှာခဲ့သည်။`ကျနော်တို့ တွေ့ရှိတဲ့ အချက်
အလက်တွေအရ WiFi ကို သုံးတဲ့အခါ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။
ဆင်ခြင်သင့်တာက ပေါင်ပေါ်တင်ပြီး အချိန်ကြာကြာ Leptop သုံးတာမျိုး မလုပ်ဖို့ပါ။
ဒါဟာ သုက်သွေး DNA တွေကို ပျက်စီးစေနိုင်ပါတယ်။’’ဟု အဗန်ဒါနိုက ရှင်းပြခဲ့သည်။

ယခင် သုတေသနရလာဒ်များအရ ပေါင်ပေါ်တင်သုံးသော Leptopများမှ ထွက်ပေါ်လာသော
အပူသည် အမျိုးသားများ၏ သုက်ပိုးများကို ထိခိုက်ပျက်စီးစေနိုင်ကြောင်း ဖော်ထုတ် တွေ့ရှိ
ထားပြီး ဖြစ်သည်။
Mg mann…

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...