သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, October 24, 2013

PostHeaderIcon “တို့ လယ်သမား ဗုံထောက်သံ”

 “တို့ လယ်သမား ဗုံထောက်သံ”
**********************
စေတီတော် ဂူကျောင်း
ဆည်မြောင်းက သက်သေ၊
ပုဂံပြည့် ကျက်သရေ၊ တက်နေသို့ ပုံထား။
ပြည်ထောင်စု ရာဇဝင်မှာ
စာသဘင် ကျူးတဲ့စကား။

နော်ရထာ မင်းကျန်စစ်၊ အုတ်မြစ်ချ အခြေခံ၊
စပါးနှင့် တရားမှန်၊ ပုဂံရဲ့ အင်အား။
စပါးနှင့် တရားမင်အောင်
တို့ခေတ်တွင် ကြိုးကြစို့လား။

ငကျွဲနှင့် ဧည့်မထ၊ မှည့်အမျှ ရွှေငွေ၊
ဟဲ့အလှ မယ်မေရယ်၊ လယ်မြေနှံ့ ဖြန့်ကြဲ။
စိုက်ကြစို့ ဘာမဖြုံတယ်၊ ရတနာပုံ ဆိုက်ဖို့မလွဲ။

ဓားစက်ပျံ ထွန်သွားတဲ့၊ ကြားပါစ ကိုဖိုးထယ်၊
ကြားပါရဲ့ ရွှေမေရယ်၊ ဖိုးထယ်တို့ ဉာဏ်မဝေး။
မနှစ်က တို့များလယ်မှာ
တွင်ကျယ်တယ် ဓားစက်ကြောင့်လေး။

တာတမံ လယ်ကန်သင်း၊ ရေတွင်းနှင့် ရေကန်၊
'မြေကျေး' က ငွေနှင့် ဉာဏ်၊ ယူရန်ပ သူပေး။
လယ်သမား လုပ်အားပါအောင်
စေတနာ တွဲကြစို့ လေး။

အောက်ရပ်မြေ ရေချိုပိုင်း
တိုင်းပြည်သိ ကြွေးကြော်၊
သုံးသီးစိုက် သိုက်စာပေါ်။
မြတ်ဘိုးတော် ဉာဏ်ပဲ။
စပါးနှင့် ဂုန်လျှော်ပင်
ဆောင်းအဝင် သီးလိမ့် မြေပဲ။

ရေလိမ်ရွာ မဲဇလီချောင်း
နှစ်ဟောင်းမှ မကုန်ခင်၊
ရှိန်ကြီးနှင့် ကိုရွှေတင်ရယ်၊ ဘာ ထွင်ကြတာလဲ။
ရေစက်နှင့် ရေချိုတင်
ဂုန်လျှော်ပင် စိုက်မယ်လို့ ခဲ။

ဆည်မြောင်းရေ သွင်သွင်စီး
နှစ်သီးလောက် စိုက်မယ်ရှင်။
ဘိုကိတ်နှင့် နံနံပင်၊ နှမ်းလျင်နှင့် ကုလားပဲ။
ရွေးချင်ဘု ရှင်ဘုတ်ဆုံရယ်
ဂျုံပင်ပါ ကောင်းတက်သည်ပဲ။

မြစ်ဧရာ ရေစခန်း၊ စိမ့်စိမ်းနှင့် ချောင်းသွယ်သွယ်။
ရေစက်နှင့် ရေကိုသယ်၊ ဘယ်လယ်မှ ရေမရှား။
'မြေကျေး' က ရေပေးဝေမယ်
ခေါင်ပါစေ မိုးရွာမှလား။

ချည်မျှင်ရှည် ဝါကို ရလျှင်လှ
တစ်ဧက တွက်စမ်းကွယ်။
ခက်ပါဘု စရိတ်ဖယ်လျှင်၊ ရာ့သုံးဆယ် ငွေသား။
အိတ်ကပ်ထဲ အသားတင် ကျန်မယ်
ဆဆယ်ပြန် စိုက်ကြစို့လား။

ရှမ်းကချင် ကရင်တလွှား
ကယားနှင့် ချင်းနယ်တွင်၊
ပြည်ထောင်စု တောင်တန်းတခွင်
လမ်းစဉ်နှင့် လုပ်အား။
စိုက်သမျှ အသီးအနှံရယ်
မိုးယံမှာ မိုးကြယ်ထက်များ။

ကာဖီခြံ လက်ဖက်တွဲ၊ မြေပဲနှင့် ကြံပင်။
တိုးချဲ့လို့  စိုက်လိုက်လျှင်
တောတခွင် တောင်တလွှား။
စားနေဝတ် အရာရာမှာ၊ သူမသာ မြို့နှင့် မခြား။

လိမ္မော်ခြံ ထောင်းသောင်း
တောင်စောင်းနှင့် တောင်စွယ်။
ယန္တရား ညှစ်စက် တည်မယ်။
ချင်းတောင်နယ် စခန်း။
'မြေကျေး'ရဲ့ အကြံအောင်လျှင်
တပြည်ထောင် သုံးလို့ ရွှင်လန်း။

တောပင်ကို တော်တော်ခုတ်ကြပါ့
တောပြုတ်လိမ့် နောက်နောင်။
တောခုတ်လို့ တောပြောင်၊ မိုးခေါင်တော့မှာပဲ။
မိုးခေါင်လို့  ရေမကြွယ်၊ သဲပင်လယ် ဖြစ်လိမ့်မလွဲ။

ပုဂံနယ် ပုပ္ပားတဲ့၊ ကြားပါစ ရှင်ဘုတ်ဆုံ။
ဆေးသစ်မြစ် သီးပွင်စုံ၊ ရဂုံမြင့် သာမော၊
ထင်းခုတ်ကြ မဆင်ခြင်
တောသစ်ပင် ပြုန်းလုပါပကော။

ပုပ္ပားမောင် တောင်ကတုံး
သျှောင်ထုံးစို့  ကွယ်တို့ရယ်။
ထုံးလှလှ မြကေသွယ်၊ ချယ်ရီနှင့် သဖန်း။
သီးမျိုးနှင့် ပွင့်မျိုး မကျန်အောင်
နှစ်ခါပြန် စိုက်လိုက်ကြစမ်း။

(ဇော်ဂျီ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...