သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, October 19, 2013

PostHeaderIcon စွန့်ဝံ့သူ


(ဝမ်းမြောက် ကြည်နူးဖွယ်၊ အတုယူဖွယ်၊ လေးစားဖွယ်ပါ။
အသိ သံဝေဂ ရှိသူတိုင်းဟာ ပစ္စည်းမှန်သမျှကို စွန့်လွှတ်စမြဲပါ။
မစွန့်လွှတ်နိုင်သေးရင်တောင် လိုချင် မက်မောမှု တောင်းယူမှု၊
အလှူခံမှု မရှိပဲ ရှိတာလေး၊ ရတာလေးနဲ့ တင်းတိမ် ရောင့်ရဲကြစမြဲပါ။
ဒါဟာ သူတော်ကောင်းတို့ရဲ့ လမ်းစဉ်ပင်)
‘နမောတဿ ဘဂဝတာ အရဟတော သမ္မာသမ္ဗုဒ္ဓဿ’ကို တည်ငြိမ်စွာ သုံးကြိမ် ရွတ်ဆို
လိုက်ပြီး သရဏဂုံ သုံးပါးကို ဂါရဝပြု ပူဇော်လိုက်ရင်း အရှင်အဂျန်ဆီရိပန်နိုက တရား
သဘင်ကို စတင်လိုက်သည်။

အရှင်အဂျန်ဆီရိပန်နိုသည် ထိုင်းနိုင်ငံတွင် သီတင်းသုံးသော ရဟန်းတော်တစ်ပါး ဖြစ်သည်။
မောက်မာ ပလွှားခြင်းလည်း အလွန်ကင်းသည်။ ၎င်းသည် ဗြိတိန်နိုင်ငံတွင် ကျောင်းတက်
ဘွဲ့ရခဲ့ပြီး ဘာသာစကားလည်း ရှစ်မျိုး ပြောနိုင်သည်။ ပညာဂုဏ်သာ ရှိသည်မဟုတ်။ ဥစ္စာ
ဂုဏ်ကလည်း ကမ္ဘာ့ထိပ်တန်း ဘီလျံနာကြီးတဦး၏ သားဖြစ်သည်။ သူ့ဖခင် အနန်ဒါခရစ်
သျှနန်သည် မလေးရှားနိုင်ငံတွင် ဒုတိယ အချမ်းသာဆုံး လုပ်ငန်းရှင်ကြီး ဖြစ်သည်။ မီဒီယာ
လုပ်ငန်းများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ဆက်သွယ်ရေး၊ ဂိမ်း၊ ဖျော်ဖြေရေးနှင့် အိမ်ခြံမြေ
လုပ်ငန်းများစွာတို့ကို ပိုင်ဆိုင်ထား၏။

၂၀၁၂ ခုနှစ်တွင် Forbes မဂ္ဂဇင်းက ထုတ်ပြန်ချက်အရ အနန်ဒါခရစ်သျှနန်၏ စုစုပေါင်း
ပိုင်ဆိုင်မှုသည် အမေရိကန်ဒေါ်လာ ၉ ဒသမ ၆ ဘီလီယံဖိုး ရှိသည်။ မလေးရှား ဒုတိယ
အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးသည် ကမ္ဘာ့အဆင့် ဘီလျံနာများတွင် အဆင့် ၈၉ ရှိသည်။
ကိုယ်တော် ဆီရိပန်နို၏ ဖခင်က မလေးရှား နိုင်ငံသားဖြစ်ပြီး မိခင်က ထိုင်းလူမျိုး ဖြစ်သည်။
မွေးချင်း မိန်းကလေး နှစ်ဦးလည်း ရှိသေးသည်။ တရက်တော့ ထိုင်းနိုင်ငံကို အလည်အပတ်
သွားခဲ့ပြီး အမေဘက်က ဆွေမျိုးတွေကို သွားရောက် ဂါရဝပြုခဲ့သည်။ထို့နောက် ဒုလ္လဘ
ရဟန်းဝတ်ဖြစ်သည်။ တောရဆောက်တည်ခြင်း အတွေ့အကြုံကို ရယူခဲ့သည်။၁၉၈၉ ခုနှစ်
တွင် ဖြစ်သည်။
ဗြိတိန်တွင် ကြီးပြင်းလာသော လူငယ်တဦး ဖြစ်သည့်အားလျော်စွာ မတူခြားနားသော ယဉ်
ကျေးမှုများနှင့် နီးစပ်မှုရှိပြီး ပထမတော့ အပျော်သဘောဖြင့် ရဟန်းဘောင် ဝင်ခဲ့ခြင်း
ဖြစ်သည်။ ယခင်က တရားဓမ္မနှင့် သိပ်ပြီးနီးစပ်မှု မရှိခဲ့ပေ။ ရဟန်းဘဝသည် သူ့အတွက်
အလွန် အသစ်အဆန်း ဖြစ်နေခဲ့သည်။
ထေရဝါဒ နိုင်ငံများတွင် အမျိုးသားများသည် မလုပ်မနေရ မဟုတ်သော်လည်း တသက်လျှင်
တကြိမ် ရဟန်းခံလေ့ ရှိကြသည်။ အပြီးဝတ်သည် မဟုတ်ဘဲ ဒုလ္လဘရဟန်းခံခြင်း ဖြစ်သည်။ 
တောအုပ်ထဲတွင် နှစ်ပတ်လောက်နေမည့် အစီအစဉ်သာ ယခင်က ရှိခဲ့သည်။ တသက်လုံး
တောရဆောက်တည် တရားကျင့်ကြံမည့် ရဟန်းဘဝကို စ,ဝတ်စဉ်က လုံးဝ မတွေးမိခဲ့ပေ။
ဆရာတော်ကြီး အဂျန်ချာရ်က သူ့ဘဝကို ပြောင်းလဲစေခဲ့ခြင်း ဖြစ်သည်။

အဂျန်ချာရ် ဆရာတော်ကြီးသည် လူသိများသော ထေရဝါဒ ရဟန်းတော်ကြီး ဖြစ်ပြီး အ
နောက်နိုင်ငံသားများလည်း ကိုးကွယ် လိုက်နာကြသည်။ လူသိများသော အနောက်တိုင်း
ရဟန်းတော်၊ တရားဓမ္မရေးသားဟောပြောသူ၊ တရားပြသူများတွင် သူ့သာဝကများစွာ
ပါဝင်သည်။
သို့သော် သူဌေးသား ဒုလ္လဘရဟန်းလေးအတွက် ဆရာတော်ကြီး တရားသင်ကြားမှုကို
သေသေချာချာ လေ့လာခွင့် သိပ်မရပေ။ ထိုစဉ်က ဆရာတော်ကြီးကလည်း ကျန်းမာရေး
မကောင်းလှ။ ဆရာတော်ကြီး နားကပ်ကာ ဖူးတွေ့ တရားနာယူခွင့် တကြိမ်သာ ရလိုက်သည်။
သို့သော် ယင်းသို့ တွေ့ဆုံမှုက သူ့ဘဝကို ကြီးကြီးမားမား သက်ရောက်မှု ရှိခဲ့ပေသည်။
ဘဝအမြင် ပြောင်းသွားခဲ့သည်။ သီတင်းပတ် နှစ်ပတ်သာ ရဟန်း ဝတ်မည်ဟု ယခင်က
ဆုံးဖြတ်ထားမှုကို လုံးဝပြောင်းလိုက်ပြီး ရာသက်ပန် ရဟန်းဘဝနှင့် နေထိုင်ရန်
ဆုံးဖြတ်လိုက်သည်။

ဆရာတော်ကြီး အဂျန်ချာရ်က ရဟန်းများနှင့် မည်သို့ကျင့်ကြံ နေထိုင်သည်၊ ရဟန်းများကို
မည်သို့ သင်ကြားသည်တို့ကို အနီးကပ် လေ့လာခွင့် ရရှိခဲ့သည်။ ကိုယ်တော် အဂျန်ဆီရိပန်နို ရဟန်းဘဝနှင့် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်း၂၀ ကျော် ကြာသွားခဲ့ပြီး လက်ရှိတွင်လည်း
တရားလေ့လာ၊ အားထုတ် ဟောပြောမှုများ ပြုလုပ်နေလျက် ရှိသည်။ လက်ရှိ ထိုင်း-မြန်မာ
နယ်စပ် တောရကျောင်း တကျောင်းတွင် ကျောင်းထိုင် ဆရာတော်အဖြစ် သီတင်းသုံး
လျက် ရှိ၏။
ခမည်းတော် ဘီလျံနာကြီးနှင့်တော့ အဆက်အသွယ် ရှိသေးသည်။ ရံဖန်ရံခါ သူ့တောရ
ကျောင်းသို့ ရောက်လာပြီး သားရဟန်း ဆရာတော်ကို လာဖူးလေ့ ရှိသည်။ ခမည်းတော်ကြီး
က အီတလီတွင် နေထိုင်စဉ် ၎င်း၏ အသက် ၇၀ ပြည့်မွေးနေ့ကို ကြွပေးဖို့ ကိုယ်ပိုင် ဂျက်လေ
ယာဉ်ကြီးဖြင့် ပင့်သွားဖူးသည်။ ကိုယ်ပိုင်ဂျက် လေယာဉ်ကြီးပေါ်တွင် အခြားရဟန်းများ၏
ဓာတ်ပုံများ အင်တာနက်တွင် ပျံ့နှံ့သွားခဲ့ပြီး ထိုင်းရဟန်းများ ကိုယ်ပိုင် ဂျက်လေယာဉ်
စီးကာ ဇိမ်ခံသည်ဟု ဝေဖန်မှုများ ထွက်ပေါ်ခဲ့သေးသည်။ အမှန်တော့ အရှင်အဂျန်ဆီ
ရိပန်နိုကို သူ့ခမည်းတော်က ပင့်သွားခြင်းဖြစ်သည်။
(ထိုင်းသံဃာအချို့လည်း ပိုင်ဆိုင်မှုများ စစ်ဆေးခံရသည်)

အရှင်အဂျန်ဆီရိပန်နိုသည် ဘီလီယံပေါင်းများစွာ အမွေရမည့် ဒေါ်လာများကို ပစ်ပယ်ကာ
တောရ ရဟန်းတပါးအဖြစ် ပြောင်းလဲခဲ့သော လူငယ် တယောက်၏ စွန့်လွှတ်မှုသည်
သာမန် လူများအတွက် အလွန်ခက်ခဲမည့် ရွေးချယ်မှု ဖြစ်ပေသည်။ ဘီလျံနာ တယောက်
အတွက် ဇိမ်ခံသော ဘဝသည် အလွန် ငြင်းဆန်ရ ခက်ခဲ၏။ အရှင်အဂျန်ဆီရိပန်နိုသည် ပြိုင်
ကားများ၊ ဈေးကြီး အဝတ်အထည်များ၊ ဟော့ရှော့ မိန်းမလှများကို ရှောင်ဖယ်ပြီး ညနေ
စာပင် မစားရသော ရဟန်းဘဝကို ရွေးချယ်ခဲ့သည်။
‘မကောင်းတဲ့ အရာဆိုရင် ပယ်သတ်လိုက်ပါ။
မပယ်သတ်နိုင်ပါက ကောင်းအောင်လုပ်ပါ’
‘သင်၏ စိတ်ကို ငြိမ်းချမ်း တည်ငြိမ်အောင် ထားခြင်းသည်
ကမ္ဘာကြီးအတွက် ကူညီခြင်းဖြစ်သည်’
စသည့် ဆရာရဟန်း၏ ဆုံးမစာများကို သူ့ကျောင်းင်္သခမ်းအတွင်း သစ်ပင်များတွင်
ချိတ်ထားသည်။
တရားနာ ပရိသတ်ကို တရားဓမ္မကို အာရုံစိုက်နိုင်စေဖို့ တရားမနာခင် မိနစ်အနည်းငယ်
လောက် တရားထိုင်စေလိုက်သည်။ ပရိသတ်က တော်တော်များသည်။ နိုင်ငံတကာ ရဟန်း
တော်များ၊ နိုင်ငံခြားသားများ ဖြစ်ကြသည်။ ရဟန်းတော်က ကြည်လင်ပြတ်သား ပီသသော
အင်္ဂလိပ် ဘာသာစကားဖြင့် နှုတ်ခွန်းဆက်စကား ပြောဆိုလိုက်ပြီး တည်ငြိမ်စွာဖြင့် ဓမ္မ
သဘင်ကို စတင်လိုက်ပေသည်။
 The Voice...မှ

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...