သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, October 28, 2013

PostHeaderIcon အကုသိုလ် အကျိုးပေးခွင့် မရနိုင်အောင်


မဟာဂန္ဓာရုံ ဆရာတော်ကြီးရဲ့အဆုံးအမအတိုင်းပါပဲ။ သတ္တဝါတွေ သတိထားရမယ်၊
တို့တွေ အပါအဝင်ပဲပေါ့။ သတ္တဝါတိုင်းမှာ အတိတ်က စပြီး မိမိ မသိမြင်နိုင်တဲ့ အကုသိုလ်တွေ
ဆိုတာ ပါလာကြမယ်။ လုပ်မိကြမယ်။ အဲဒီ အကုသိုလ်တွေဟာ လက်ရှိ အချိန်မှာ အကျိုးမပေး
သေးပေမဲ့ တချိန်ချိန်မှာ အကျိုးပေးခွင့် သာလာမယ်ဆိုရင် သူတို့က ဝင်လာကြမှာပဲ။
အဲဒီတော့ အဲဒီ လုပ်ခဲ့ဖူးတဲ့ အကုသိုလ်တွေ ဝင်မလာအောင်၊ အကျိုးပေးခွင့် မရအောင်
မိမိကိုယ်တိုင်က ကုသိုလ်တွေ လုပ်ပြီး တားမြစ်သွားနိုင်ရမယ်။

သတ္တဝါတိုင်းမှာ မကောင်းတဲ့ အကုသိုလ်က အကျိုးပေးတော့မယ် ဆိုရင် မဟုတ်တာတွေကို လုပ်ချင်လာတယ်။ မမှန်တာတွေ တွေးပြီး နေရာတကာမှာ ဆန့်ကျင်ဘက်တွေ ဘုဂလန့်တွေ ချည်းပဲ ပြုလုပ်လာချင်တယ်။ အဲဒါဟာ အကုသိုလ်တွေ ဝင်လာစေဖို့အတွက် အခွင့်အရေး
ပေးနေသလို ဂြိုဟ်ဆိုးတွေကို ဖိတ်ခေါ်နေခြင်းပါပဲ။ အဲဒီအချိန်မှာ သတိနဲ့ ထိန်းသိမ်းနိုင်မှ
အကုသိုလ် အကျိုးပေးက လွတ်မှာပါ။ ဒီလိုမှ မဟုတ်ပဲ ဆက်ပြီး စိတ်ထဲရှိတဲ့ အတိုင်းသာ
လုပ်သွားမယ် ဆိုရင်တော့ ဆိုးကျိုး တခုခုနဲ့ ကြုံတော့မှာ အသေချာပါပဲ။

အဲဒီလို မဟုတ်တာ မကောင်းတာတွေကို လုပ်ချင် ကြံချင်နေပြီ ဆိုတာနဲ့ သတိနဲ့ ထိန်းချုပ်ပြီး ကုသိုလ်အလုပ်တွေကို ပေပြီး လုပ်ပေးနိုင်ရမယ်။ အပ္ပမာဒ- ဆိုတဲ့ မြတ်ဗုဒ္ဓက အသိပေးခဲ့တာ
အဲဒါပဲ။ မမေ့စေနဲ့ သတိနဲ့ ထိန်းတဲ့။ သမ္ပဇဉ်နဲ့ ဆင်ခြင်တွေးတောပြီး လုပ်ပါတဲ့။
အပ္ပမာဒေါ အမတံ ပဒံ၊ ကုသိုလ်အလုပ်တွေနဲ့ နေထိုင်ပြီး မိမိလုပ်လိုက်သမျှဟာ သူတပါးကို
ထိခိုက်စေ၊ အနှောက်အယှက်ဖြစ်စေတဲ့ ဒုစရိုက်မှုလား၊ မြတ်ဗုဒ္ဓ ပညတ်ချက်များနဲ့ ကင်းလွတ်
ပြီး ပစ္စဝေက္ခဏာ ကြွေးမြည် ကင်းရဲ့လား။ စတာတွေပေါ့ အဲသလို သတိရှိနေတဲ့သူဟာ
ဘယ်တော့မှ မသေဘူး။ မသေသူတဲ့လေ။

ကုသိုလ်အလုပ်ဆိုလို့ တွန့်မသွားပါနဲ့။ တို့မှာ ဟိုကိစ္စဒီကိစ္စ ဗာဟီရတွေများလွန်းလို့ ကုသိုလ်
အရေးကို အရေးမပေးနိုင်သေးဘူးလို့ မတွေးလိုက်နဲ့။ အကုသိုလ် မကောင်းကျိုးတွေနဲ့
သေမင်းဆိုတာက ငယ်တယ်ကြီးတယ်ဆိုပြီး ချန်ထားနေမှာ မဟုတ်ဘူး။ တချို့ဆို ငယ်ငယ်
လေးနဲ့ သေကုန်ကြတာ မြင်တယ်မဟုတ်လား။ အဲလို လူတွေမှာ ဘာကုသိုလ် အထုတ်မှ ပါမသွားကြတာတွေလဲ အများကြီးပဲ။ သနားစရာ သိပ်ကောင်းပါတယ်။ ဒီတော့ ကုသိုလ်
အလုပ်ဆိုတာ တခန်းတနား လုပ်မှ။ ဘုရား ကျောင်းကန်များမှာ လုပ်မှ ကုသိုလ်မဟုတ်ပါ
ဘူး။ ကုသိုလ် အလုပ်ဆိုတာက မိမိတို့ရဲ့ ကိုယ်ရယ် နှုတ်ရယ် စိတ်ရယ်ကို ထိန်းသိမ်းနိုင်ပြီး
အဲဒီ ကိုယ်နှုတ် စိတ်ကို ကုသိုလ်ဖြစ်စေမယ့် အာရုံထဲမှာ နှစ်ထားတာ၊ စိတ်ဝင်စားနေတာ
ကိုက ကုသိုလ် လုပ်နေတာပါပဲ။

မိမိရဲ့စိတ်ကို မိမိနဲ့ သူတပါးရဲ့အကျိုးစီးပွားကို ထိခိုက် ပျက်စီးစေမယ့် အလုပ်မျိုး၊ အကြံမျိုး၊
အတွေးမျိုး အပြောအဆိုမျိုး မပြောမိ မလုပ်မိအောင် နေထိုင် ပြောဆို ကျင့်ကြံနေတာကလဲ ကုသိုလ်အကျင့်ကို ကျင့်ကြံနေတာပါ။ ဒုစရိုက်အမှုများကို ရှောင်ကြဉ်နေတာပါပဲ။ အဲဒီလို
ရှောင်ကြဉ်နေရင်းနဲ့ စိတ်ထဲကဖြစ်ဖြစ်၊ နှုတ်ကပဲဖြစ်ဖြစ် ဘုရားဂုဏ်တော်များကို အာရုံပြုနေ
တာ။ ရွတ်ပွားနေတာ၊မေတ္တာပို့နေတာ။ မိမိလုပ်ဖူးတဲ့ ကုသိုလ်များကို အာရုံပြုရင်း ဝမ်းမြောက်
နေတာမျိုးဟာ ငွေမကုန် လူမပန်းပဲ ကုသိုလ်တွေ အများကြီး ရနေစေတာပါ။ ကိုယ်နဲ့လဲ
သူတပါး အလုပ်တွေကို ကူညီ ရိုင်းပင်းတာ၊ ကုသိုလ်အလုပ် အများအကျိုးရှိတာတွေကို
ဝိုင်းကူညီတာတွေက ကုသိုလ်တွေပဲပေါ့။
ကုသိုလ်အလုပ်မှာ ငွေကုန်စရာ မလိုပဲ စေတနာ ထားတတ်မှုကသာ အဓိက ကျပါတယ်။
စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ၊ စေတယိတွာ ကမ္မံ ကရောတိ ကာယေန ဝါစာယ မနသာ။
သစိတ္တ ပရိယောဒပနံ... လို့ မြတ်ဗုဒ္ဓ ဟောကြားတဲ့အတွက် ကုသိုလ်တခု ဖြစ်ဖို့အတွက် စိတ်
စေတနာကို ကောင်းမွန်တဲ့ နေရာမှာ ထားတတ်ဖို့ ဖြူစင်နေဖို့က အဓိကကျပါတယ်။ မိမိရဲ့
စိတ်ကို မကောင်းတဲ့ နေရာတွေ အာရုံတွေ စိတ်ကူးတွေနဲ့ လုံးပမ်းပြီး စေလွှတ်ထားရင် မကောင်းတာတွေ ဖြစ်လာတတ်သလို ကောင်းတဲ့ ကုသိုလ်အာရုံတွေမှာ စိတ်ကူးနှစ်ထား ရင် ကောင်းတာတွေနဲ့ပဲ ကြုံဆုံကြရမှာပါ။

ပွင့်တော်မူခဲ့တဲ့ မြတ်ဗုဒ္ဓတိုင်း ဆုံးမတော်မူခဲ့တဲ့ အဓိက အခြေခံ သုံးချက်ထဲမှာ မိမိရဲ့စိတ်
စေတနာကို ဖြူစင် သန့်ရှင်းအောင် ထားနိုင်ဖို့က အဓိက မိန်းပါပဲ။ အဲဒီလို ထားတတ်သွားပြီ
ဆိုရင် ကျန်တဲ့ မကောင်းမှုရှောင်တာနဲ့ ကောင်းမှုဆောင်ဖို့အတွက်က အလိုလို လွယ်ကူသွား
တာပါပဲ။ အဲဒီတော့ စေတနာဖြူစင်နေမယ်။ စေတနာ ထားတတ်မယ်ဆိုရင် ကုသိုလ်တခု
ဖြစ်ဖို့က မခဲယဉ်းပါဘူး။ ကုသိုလ်တခုဖြစ်ပေါ်ဖို့ရာမှာ ပစ္စည်းဝတ္ထုတွေ နည်းတာများတာက
အဓိက မကျပါဘူး။ စေတနာကသာ အဓိကကျပါတယ်။
စေတနာကောင်းရင် ကံကောင်းမယ်။ စေတနာဆိုးနေရင် ကံဆိုးတွေပဲ လာနေမယ်ဆိုတာ
သိထားရမယ်။ ကံကောင်းနေအောင် ကုသိုလ်တွေ အမြဲ ဖြစ်နေအောင်ဆိုရင် မိမိရဲ့
ကိုယ်နဲ့ နှုတ်ရယ် စိတ်ရယ်ကို ကောင်းတာတွေကိုပဲ ကြံ၊တွေးနေဖြစ်အောင်၊ ကုသိုလ်ဖြစ်
စေမယ့် အရာတွေပေါ်မှာသာ တည်နေအောင် လုပ်ထားလိုက်ရင် မသေတဲ့ လူလို့ ခေါ်လို့
ရနေပြီပေါ့။

ပမာဒေါ မစ္စုနော ပဒံ- အဲသလို မဟုတ်ပဲ အစစ အရာရာမှာ အမှုမဲ့အမှတ်မဲ့ မေ့လျော့ ပေါ့ဆ
စွာနဲ့ အများ မိုးခါးရေ သောက်လို့ လိုက်သောက်မယ် အကြံဆိုး မွေးပြီး အဝိဇ္ဇာ ဖုံးလွှမ်းနေတဲ့
အတွက် မသိလို့ လိုချင်၊ လိုချင်တော့ အပ်စပ်တာ မအပ်စပ်တာ၊ တရားတာ မတရားတာကို မစဉ်းစားနိုင်တော့ပဲ လိုချင်တာ မှန်သမျှကို ရအောင်လုပ်နေသူတွေ၊ ရဟန်းသံဃာဆိုလဲ 
မြတ်ဗုဒ္ဓက ခေါင်းပါးစွာ နေထိုင် ကျင့်ကြံတာကိုပဲ ချီးမွမ်း အားပေး သတ်မှတ်ပေးထားပါ
လျှက် မအပ်စပ်တာတွေကို လုပ်နေသူ၊ ပညတ်တော်တွေကို နားမလည်သူ၊ မိမိကိုယ်နဲ့
သူတပါးကို ထိခိုက်အောင် အပြစ်ဖြစ်အောင် လုပ်နေတဲ့သူတွေဟာ သေနေတဲ့ သူတွေလို
ပါပဲတဲ့။ မြတ်ဗုဒ္ဓက မိန့်ခဲ့တာလေ။

အဲဒါ အဝိဇ္ဇာပစ္စယာ သင်္ခါရာ- မသိသေးလို့ လုပ်နေတာ မသိတဲ့အတွက် အပ်စပ်တာ
မအပ်စပ်တာကို မခွဲခြားနိုင်ပဲ လိုချင်တာမှန်သမျှ လုပ်ယူနေတာပဲ။ လိုချင်တာနောက်ကို လိုက်ယူနေပြီး လောဘနောက်ကို တကောက်ကောက် လိုက်နေတာဟာ သေနေတဲ့
လူလိုပါပဲတဲ့။ လူတို့ စီးပွားရှာတယ်ဆိုတာကတော့ သမ္မာအာဇီဝကျပြီး မိမိဝမ်းရေး သား
သမီး ဇနီးမယား ဝမ်းရေးအတွက် လမ်းမှန် ကောင်းမွန်တဲ့ နည်းလမ်းနဲ့ ရှာနေတာ၊ သူတပါး
ဆီက အရာဝတ္ထုများကို မတရား ရယူလိုချင်တာမျိုး မဟုတ်ရင် အရေးကြီးသေးပါဘူး။
ဘုရားလက်ထက်က သူဌေးတွေလဲ ဒီလို ရှာခဲ့တာကို ဘုရားက ဘာမှ အပြစ်မဆိုခဲ့ပါဘူး။ အသက်အရွယ်ကြီးရင့်လာရင်တော့ လျော့ပစ်နိုင်အောင် ကြိုးစားရမယ်ပေါ့။ ယေ ဂဟဋ္ဌာ
ပုညကရာ. စသည်ဖြင့် ဟောခဲ့တာလေ။

ဒီတော့ ကုသိုလ်တွေကို မလုပ်ချင်လဲ ဇွတ်တင်းပြီးသာ လုပ်၊ အဲဒါဆိုရင် အကုသိုလ်တွေရဲ့
အကျိုးပေးခွင့်၊ မိမိဆီကို ဝင်လာခွင့် မရတော့ဘူး။ သူတို့ ပြေးထွက်သွားလိမ့်မယ်။
လုပ်ပါများရင် အကုသိုလ်တွေ ပြေးရင်း ပြေးရင်း မိမိဆီကို ဝင်လာဖို့ မရှိတော့ဘူး။ ပါးသွား
မယ်။ နည်းသွားမယ်။ နောက်ဆုံး ပြောင်စင်သွားမယ်ပေါ့။

ကုသိုလ်ရဲ့လုပ်ငန်းကိုက အကုသိုလ်တွေကို ပယ်သတ်ပစ်ဖို့ ဖျက်ဆီးပစ်ဖို့ တာဝန်ပဲလေ။
အကုသလဝိဒ္ဓံသန ရသ ကုသလံ၊ အကုသလ ပဟာတဗ္ဗကိစ္စံ-တဲ့ ဒါ ကုသိုလ်ရဲ့လုပ်ငန်းပဲ။
ကုသိုလ်တွေ လုပ်နေတဲ့ သူတွေထံကို အကုသိုလ်များ ဝင်မလာအောင်၊ အကျိုးပေးခွင့်
မရအောင် ကုသိုလ်က တာဝန်ယူပေးတာလေ။
အဲဒီတော့ အကုသိုလ်များများ လုပ်မိထားရင် ကုသိုလ်များများလုပ်၊ ပဉ္စာနန္တရိယကံ ငါးပါးကို
သာ မလွန်ကျူးမိစေနဲ့ ကျန်တဲ့ အကုသိုလ်အပြစ်များကို ကုသိုလ်က ပယ်သတ်ပစ်နိုင်တယ်။ 
သမာဓိ အားကောင်းအောင် ပွားများထားတဲ့ ဈာန်ကုသိုလ်တွေကလဲ လေးလံတဲ့ တချို့
အကုသိုလ်များကိုပင် ပယ်သတ်ပစ်နိုင်သလို  သောတာပတ္တိမဂ်ကုသိုလ် အဆင့်ဆင့်ကိုသာ
ရရှိအောင် ပြုလုပ်နိုင်ရင်တော့ အကုသိုလ်တွေ ကုန်ခါနီးလောက်ကို ပယ်သတ် ဖယ်ရှား
ပစ်နိုင်တယ်။

ဝဋ်မှာအမြဲ၊ ငရဲမှာ အပဆိုတာလဲ ရှိတာပဲ။  ဝဋ်လိုက်အောင်တော့ မလုပ်မိစေနဲ့ပေါ့။
ငရဲကျစေနိုင်တဲ့ သာမာန်အပြစ်ကိုတော့ လွတ်မြောက်အောင် လုပ်ယူလို့ ရနိုင်ပါတယ်။
အကုသိုလ် အကျိုးပေးခွင့် မရအောင် ကုသိုလ်အလုပ် မှန်သမျှကို လုပ်ချင်လဲ လုပ်၊ မလုပ်
ချင်လဲ လုပ်ကို လုပ်ရမှာပဲ။ လုပ်တတ်ရင် ကုသိုလ်တွေက အလွယ်လေး ရနိုင် ယူနိုင်ပါ
တယ်။ လူတွေ ငွေကြေးတွေနဲ့ ပင်ပန်းစရာ မလိုပါဘူး။
ဒါမှ ကြိုတင် ကာကွယ်မှုဟာ ဖြစ်လာမှ ကုသမှုထက် ပိုကောင်းတယ်လို့ 
လောကမှာ ပြောကြတယ် မဟုတ်လား။

သတ္တဝါအားလုံး ဘဝသတိ၊ သံသရာ သတိ၊
အမြဲ ထားရှိနိုင်ကြပါစေ။
(ဂမိက ဝနဝါသီဆရာတော်။)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...