သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, April 14, 2013

PostHeaderIcon ဗုဒ္ဓဘာသာအပေါ် ကမ္ဘာကျော် ပုဂ္ဂိုလ်များ၏အတွေးအမြင်နှင့် မှတ်ချက်များ



ဗုဒ္ဓဘာသာအပေါ် ကမ္ဘာကျော်လူပုဂ္ဂိုလ်များ၏အတွေးအမြင် နှင့်မှတ်ချက်များ
...............................................................................................
(၁) ဗုဒ္ဓဘာသာဟာ လူသားတိုင်းအတွက် ဖြစ်ပေမယ့်။  လူသားအားလုံးက 
     ဗုဒ္ဓဘာသာ မဖြစ်ခဲ့ကြဘူးတဲ့။
     (အိုင်စတိုင်းလ် - Albert Einstein)


(၂) ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်း မဟုတ်ဘဲ၊ 
     တပည့်သာဝကတို့ကို အသိညဏ် အလင်းရရှိစေရန် တရားဟောခြင်းဖြစ်သည်။ 
     (စာရေးဆရာတစ်ဦး)

(၃) ဗုဒ္ဓနှင့် သာမန် လူသားတစ်ဦး၏ ကွဲပြားချက်မှာ လူကောင်းနှင့် အရူးကွဲပြား
     သကဲ့သို့ပင် ဖြစ်သည်။    (စာရေးဆရာတစ်ဦး)

(၄) အကယ်၍ ခေတ်သစ်သိပ္ပံပညာ လိုအပ်ချက်များနှင့် ဖက်ပြိုင်နိုင်သည့် ဘာသာရေး
     တခု ရှိခဲ့သည်ဆိုလျှင် ၎င်းသည် ဗုဒ္ဓဘာသာ ဖြစ်ပေလိမ့်မည်။ 
     (အိုင်စတိုင်းလ် - Albert Einstein)

(၅) သတ်ပစ်လိုက
ခန္ဓာကိုယ်ကို သတ်ပစ်ခြင်းသည် အကျိုးမရှိပါ၊ ခန္ဓာကိုယ်က အပြစ်ကျူးလွန်ခြင်းကိစ္စမှာ
တာဝန်မရှိပါ၊ မသိ မိုက်မဲ စိတ်ကသာ အပြစ်ကို ကျုးလွန်၍ တာဝန်ရှိသူဖြစ်တယ်၊ မသိ
မိုက်မဲမှုလျင် လူသတ်သမား အစစ်ဖြစ်ပါတယ်။ ဒါ့ကြောင့် မသိမိုက်မဲမှုကိုသာ သတ်ပစ်
ရမယ်၊ ကြိုးပေးရမယ်၊   ဘယ်လို သတ်ဖြတ် ကြိုးပေးရမလဲ?
လူသတ်သမားကို သစ္စာ ပညာ ဗုဒ္ဓဒေသနာတရား ဟောကြားပြီး မိုက်မဲမှု မသိမှုကို 
ပယ်သတ်ပစ်နိုင်တယ်။ (မဟတ္တမဂန္ဒီ - Ghandi)

(၆) အနာဂါတ် ဘာသာတရားက သဘာဝ လောကဓာတ်တခွင်လုံးအတွက် အဖြေပေး
စွမ်းနိုင်သော အယူဝါဒ တရပ်သာဖြစ်ရလိမ့်မည်။ အနှီဘာသာသည် ပုဂ္ဂလအဓိဌာန်
အယူအဆဖြင့် ဖန်တီးတီထွင်ထားသော ဖန်ဆင်း ရှင်တရားနှင့် မသက်ဆိုင်စေသင့်။
တယူသန် အစွဲအလမ်းများနှင့် ယင်းတို့မှ ပေါက်ဖွားခဲ့သော အကျိုးအကြောင်းဆက် ပညာကိုလည်း ကျော်လွှားလွန်မြောက် ရလိမ့်မည်။ ထိုဘာသာတရားသည် သာဘာဝ
လောကဓာတ်(ရုပ်တရား)နှင့် တကွ နာမ်တရာများကို လွှမ်းခြုံ၍ ဒိဋ္ဌဓမ္မဖြင့် အဓိပ္ပါယ် ပြည့်ဝသော ပေါင်းစည်း ညီညွတ်မှုကို ဖော် ဆောင်နိုင်စွမ်း ရှိရပေလိမ့်မည်။
ဗုဒ္ဓဘာသာသည် ထိုအရည်အချင်းများနှင့် ပြည့်စုံသည်ကို တွေ့ရ၏။
မျက်မှောက်ခေတ် သိပ္ပံပညာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်းသော ဘာသာ
တရားတခု ရှိသည်ဆိုပါလျင် ထိုဘာသာတရားက ဗုဒ္ဓဘာသာဖြစ်လိမ့်မည်။ 
      (အိုင်စတိုင်းလ် - Albert Einstein)

(၇) ကမ္ဘာပေါ်တွင် မည်သည့်ဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်
ဆိုခြင်းကို မပြောလျှင်မဖြစ် ပြောပါဟု သင်က ကျွနုပ်အား တိုက်တွန်းခဲ့သော် ကျွနုပ် စိတ်ပါ
လက်ပါ စာနာထောက်ထားသောအားဖြင့် "ဗုဒ္ဓဘာသာသည် ကြီးကျယ်မြင့်မြတ်သော 
ဘာသာဖြစ်သည်" ဟု မဆိုင်းမတွ အဖြေပေးရမည်ဖြစ်ပါသည်။ 
(ရာဘင်ဒြာ နတ်တဂိုးလ် - Rabindranath Tagroe)

(၈) ဗုဒ္ဓ၏ ကြီးမားသော အနစ်နာ ခံမှု၊ စွန့်လွှတ်မှုနှင့် ဘဝ၏ သန့်ရှင်း စင်ကြယ်မှုတို့ဖြင့်
ဟိန္ဒူဝါဒ အပေါ်တွင် မပျက်ပြယ်နိုင်သည့် အမှတ်တံဆိပ်တစ်ခုကို ထားရစ်ခဲ့ပြီး ဟိန္ဒူဝါဒ
သည် ထိုမြတ်သောဆရာအား အနန္တကျေးဇူး ကြွေးများ ပေးဆပ်ရန် ရှိနေပေသည်။ 
                 (မဟတ္တမဂန္ဒီ - Ghandi)

(၉) အကယ်၍ ပြဿနာတခုခုဖြေရှင်းဖွယ်ရာရှိခဲ့လျှင် ဗုဒ္ဓဟောကြားခဲ့သည့် လမ်းစဉ်ဖြင့်
ငြိမ်းချမ်းစွာ ဒီမိုကရေစီ ကျကျ စဉ်းစားဆင်ခြင်ရပေသည်။ (နေရူး - Nehru)

(၁၀) ဗုဒ္ဓ၏ အဆုံးအမများသည် ဟိန္ဒူဝါဒတွင် တစိတ်တဒေသအားဖြင့် ပါဝင် အကျုံးဝင်
နေသည်ဟု ကျွန်ုပ် ဆင်ခြင်ယူဆမိပါသည်။ အိန္ဒိယနိုင်ငံရှိ ဟိန္ဒူဝါဒအပေါ် ဂေါတမဗုဒ္ဓက
မည်ကဲ့သို့ ကြီးမားစွာ ပြောင်းလဲစေခဲ့သည်ကို မည်သို့မျှ ပြန်လည် စူးစမ်းရှာဖွေရန် မဖြစ်နိုင်
တော့ချေ။             (မဟတ္တမဂန္ဒီ - Ghandi)

(၁၁) သန့်ရှင်းသော နည်းနာနိဿယနှင့် မြင့်မြတ်သော သင်ကြားမှုများမှာ တစုံတရာသော
အယူဝါဒကြီး တခုကမျှ အလွမ်းသင့်အောင် မဆောင်ရွက်နိုင်သဖြင့် ဗုဒ္ဓဘာသာမှ ကူးယူကြရ
ပေသည်။
                  (အိပ်ခ်ျဂျီဝဲလ် - H.G. Wells - ဗြိတိသျှ သမိုင်းပညာရှင်)

(၁၂) ရှင်တော်ဗုဒ္ဓ - အရှင်ဘုရားဟောကြားတဲ့ ဒေသနာမှာရှိတဲ့ တခြားအရာတွေထက် 
အကြောင်းအရာ တခု အတွက်နှင့်ပဲ တပည့်တော် အရှင်ဘုရားရဲ့ တရားဒေသနာတော် ကို လေးစားမြတ်နိုးလှပါသည်။ အဲဒီ အကြောင်း အရာဟာ ဘာလဲဆိုရင် တရားဒေသနာမှာ
ပါတဲ့ အရာဝတ္ထုအားလုံးဟာ ပြတ်သားနေခြင်းဖြစ်ပါတယ်။ သူ့အလိုလိုပင် ထင်ရှားနေခြင်း
ဖြစ်ပါတယ်။      (ဟာမန်ဟက်စ် - ၁၈၈၇ - ၁၉၆၂ )

(၁၃) ပြစ်မှု ကျူးလွန်သူသည် ဘုရားသခင်ထံ တောင်းပန် အသနားခံရန် ဆုတောင်းဝတ်ပြု

ကြိုးစားမှုတို့ဖြင့် အကုသိုလ်ဆိုးကျိုးမှ လွတ်မြောက်နိုင်သည်ဟု ဗုဒ္ဓဝါဒီတို့က မယုံကြည်ချေ။
          (ဂျွန်ဝေါလ်တားစ် - John Walters)

(၁၄) စိတ်ချမ်းသာစေတာက ကျွန်ုပ်တို့ တတွေသည် ရုပ်ဝတ္ထုကြွယ်ဝမှု ဝိုင်းဝိုင်းလည်နေသည့်
ကြားတွင် စိတ်ဓာတ်ရေးရာအားဖြင့် ချွတ်ခြုံကျနေကြရပါသည်။ ရုပ်ဝတ္ထုကြွယ်ဝသော်လည်း
စိတ်ချမ်းသာမူ ကင်းသော အခြေအနေတွင် စိတ်၏ချမ်းသာမူ အမှန်တကယ် ရရန်အတွက် 
ဗုဒ္ဓ၏ကျင့်စဉ်ကို ကျင့်ကြံအားထုတ်ကြည့်ဖို့ သင့်လှပါ သည်။ ဗုဒ္ဓကျင့်စဉ်သည် စိတ်ချမ်းသာ
မှုကို အမှန်တကယ် ဖြစ်စေနိုင်သည်။     (ဂျွန်ဝေါလ်တားစ် - John Walters)

(၁၅)သက်ရှိ သတ္တဝါများကို မညှင်းဆဲရန် နတ်ဘုရားများထံဝယ် ဆုတောင်းပတ္တနာပြုခြင်း၊ ဘုန်းတော်ဘွဲ့များ ရွတ်ဆိုခြင်း၊ ယစ်ပူဇော်ခြင်းများကို မပြုလုပ်ရန် ဗုဒ္ဓသည် လူ့သမိုင်းတွင် 
အဦးဆုံး အပြစ်ပြ၍ ဆုံးမပဲ့ပြင်ခဲ့သည်။       (Prof. Phys Davids)

(၁၆) ဗုဒ္ဓ၏ တရားတော်သည် ကမ္ဘာပေါ်ဝယ် အနုမြူဗုံးများ၊ ဟိုက်ဒရိုဂျင်ဗုံးများ ရှိနေသည်
ထက် ပို၍ လိုအပ်သော အချိန်ဖြစ်သည်။     (နေရူး - Nehru)

(၁၇) ကမ္ဘာပေါ်ရှိ ဘာသာတရား တီထွင်သူ ခေါင်းဆောင်အများစုမှာ မဟာခရီးသည်များ
ဖြစ်ကြသည်။ ဘာသာတရား ခေါင်းဆောင် ဓမ္မနာယကများထဲတွင် အကျင့်သိက္ခာ၊ ပညာ ညဏ်၊စဉ်းစားညဏ်၊ စိတ်နေသဘောထား အရာတို့၌ အမြင့်မြတ်ဆုံးဖြစ်သည့် ဗုဒ္ဓသည် ခရီးသည်ဘုရင်ဖြစ်သည်။        (ရာဟုလာ သံကစ္စည်း)

(၁၈) လူမှုဒုက္ခသုက္ခ အရှုပ်အထွေးများအတွက် ဗုဒ္ဓ၏ ငြိမ်းချမ်းရေးတရားဒေသနာတော်သည် အတိတ်ကထက် ယနေ့တွင် ပို၍လိုအပ်ပေသည်။    (နေရူး - Nehru)

(၁၉) ဗုဒ္ဓမြတ်စွာတွင် ဒေါသအလျှံ ထွက်သောအခါဟူ၍ မည်သည့်အခါမျှ မရှိချေ။ ဘုရား
ရှင်၏ နှုတ်တော်မှ အကြင်နာမဲ့သော စကား ထွက်ပေါ်လာသည်ဟူ၍ မည်သည့်အခါမျှ 
မရှိပေ။             (Dr. S. Radhakrishnan)

(၂၀) ရှည်လျားလှသည့် သမိုင်းကြောင်းတလျှောက်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် အခြားဘာသာဝင်များကို ညှင်းပမ်းနှိပ်စက်မှုဟူသော မှတ်တမ်းမှတ်ရာ တစုံတရာမျှ မရှိပါပေ။
           (ပါမောက္ခ - ရီးစ်ဒေးဗစ် - Prof. Rhys Davids )

(၂၁) ဘာသာကို ကျုပ် လက်ခံ ယုံကြည်နိုင်ခြင်း မရှိပါ၊ သို့သော် ကမ္ဘာ့ ဘာသာကြီးများ 

အနက် တစုံတခုသော ဘာသာကို လက်ခံရန် အကြောင်းများပေါ်ပေါက်လာခဲ့သော် မိမိ
လက်ခံနိုင်မည့် ဘာသာတရားမှာ" ဗုဒ္ဓဘာသာ" ဖြစ်ပါသည်။  
 (Bertrand Russell, English Philosopher)

(၂၂) ဗုဒ္ဓဝါဒသည် ယုံကြည်မှုထက် သိမှုနှင့် ရှုမြင်မှုကိုသာ အဓိကထားသည်။ ဗုဒ္ဓ၏ သွန်

သင် ဆုံးမမှု (တရားတော်) များသည် "ဧဟိ ပဿိကော လာလှည့် ရှူလှည့်" ဟု ဖိတ်ခေါ်ခြင်း
ကိုသာ ပြု၍ လာပြီး ယုံကြည်လော့ ဟု မဆိုပေ။ 
        (ဆရာတော် ဒေါက်တာ ဝါပိုလာရာဟုလာ - Ven. Dr. W. Rahula)

(၂၃) ဗုဒ္ဓသည် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုဆိုင်ရာ ဘုရားသခင် (သို့) နတ်ဘုရားများ၏ ကူညီမှု

မြူတစိမျှ မပါဘဲ လူတိုင်း ကိုယ်တိုင်ရယူနိုင်သည့် လွတ်မြောက်ရေးကို ကမ္ဘာ့သမိုင်းတွင် 
အဦးဆုံး ထုတ်ဖော်ကြေငြာခဲ့သည်။      (Prof. Eliot)

(၂၄) နှလုံးသားမှာ ချမ်းသာစေတဲ့ တရားမရှိလျှင် စည်းစိမ်ဥစ္စာ မည်မျှပြည့်စုံစေကာမှု ချမ်း

သာနိုင်မည်မဟုတ်ပေ။     (ဒလိုင်လားမား - Dalai Lama)

(၂၅) လွတ်လပ်မှု မပေးစွမ်းနိုင်တဲ့ အမိန့်ဟာ ညှင်းဆဲနှိပ်စက်မှု ဖြစ်သွားနိုင်တယ်။ အမိန့်မပါ

တဲ့ လွတ်လပ်မှုဟာလည်း ဖရိုဖရဲ ဖြစ်သွားနိုင်တာပဲ။ ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် 
လွတ်လပ်မှုကိုလည်း ပေးစွမ်းနိုင်ရမယ်။ ဖရိုဖရဲဖြစ်မှုကိုလည်း ကာကွယ်နိုင်စွမ်းရှိရမယ်။ 
            (ဒလိုင်လားမား - Dalai Lama)

(၂၆) ဤအရာ လူသား သစ်ပင်မှာ နှစ်ပေါင်းကုဋေ့မှာ တကြိမ်သာ ပွင့်ခဲ့တာ ပညာရနံ့

မေတ္တာ ပျားရည်စက်များ လောကကို ပြည့်ဝစေတာ လူသား ပန်းတပွင့်ပါ။ 
                 (ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)

(၂၇) ဗုဒ္ဓဘာသာနှင့် ခေတ်သစ် သိပ္ပံပညာသည် အသိပညာဆိုင်ရာ အလွန်နီးကပ် ဆက်စပ်

စွာ တည်ရှိနေကြောင်း ကျွန်ုပ် မကြာမကြာ ဆိုခဲ့ပြီး ထပ်ခါတလဲလဲ ပြောဆိုပါဦးမည်။ 
      (ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)

(၂၈) ဗုဒ္ဓဝါဒသည် လောကနှင့် ဘဝ၏ တကယ့်ပကတိ အဖြစ်မှန်ကိုသာ ဆင်ခြင် သုံးသပ်ရ

ကား သဘာဝဓမ္မအတိုင်း ရှုမြင်သော ဝါဒဟု ဆိုရပေမည်။ 
     (ဆရာတော် ဒေါက်တာဝါပိုလာရာဟုလာ - Ven. Dr. W. Rahula)

(၂၉) များသောအားဖြင့် ဘာသာရေးဆရာများသည် ၎င်းတို့၏ တပည့်များကို အခြား ဘာ

သာများနှင့် စပ်ဆိုင်သည့် ကျမ်းစာများ၊ အယူဝါဒများ၊ စာပေများကို ဖတ်ရှူ လေ့လာခွင့် မပြု
ဘဲ တားမြစ်ကြသည်။ 
ဗုဒ္ဓဝါဒတွင် ဤအဖြစ်မျိုး လွန်စွာ နည်းပါးပေသည်။    (ဖရခန္တီပါလော)

(၃၀) စွမ်းရည်သတ္တိ ဘယ်လောက်သိမ်ဖျင်းသူပင်ဖြစ်ပါစေ တရားတော်ရဲ့ တန်ခိုးကြောင့် 

သတ္တိဗျတ္တိပြည့်ဝလာစေပါတယ်။ အညံ့စား လူတဦးကို အတော်ဆုံး လူဖြစ်လာစေတာဟာ 
တရားတော်ရဲ့ ဂုဏ် ကျေးဇူးတော်ကြောင့် ပါပဲ။    (ဂိုအင်ဂါ - SN Goenka)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...