သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, April 19, 2013

PostHeaderIcon * ပျော်ပျော် ပါးပါး , လူသား များ *


နှစ် ဟောင်း လည်းပျော်
နှစ်သစ် ပျော်မည်
အပျော် ကြိုက်သည့် လူသားများ ။

ဘာနဲ့ ပျော်ပျော်
ဘာကြောင့် ပျော်ပျော်
ပျော်တာ ခဏ
သင်္ခါရတည်း
ဘဝ သဘော
အမှန် ပြောက
ကွေးသော လက် ဆန့်
ပြန် မဖြန့်မီ
ဆန့်သော လက်လေး
ပြန် မကွေးမီ
မွေး ကြီး အသက်
ခန္ဓာ ပျက်ရန်
ဝင် ထွက် ရှူ လေ
ရပ် နိုင်ပေ၏
သေခြင်း ဆိုတာ နီးနီး လေး ။

မွေး လည်း တနေ့
သေ တနေ့ ဟု
မေ့မေ့ လျော့လျော့
ပေါ့ပေါ့ ဆဆ
ပြောကြ၍ မှား
လူမိုက် များသည်
ဘုရား မခင်
တရား ကြဉ်လျက်
သင် , ငါ , သူ စွဲ
အ ယူ လွဲဖြင့်
ငါ ပဲ , ငါ ကောင်
အမောက် ထောင်ကာ
ကြောင်တောင် မျက် ကန်း
ဒိ ဋ္ဌိ လမ်းကို
လှမ်းကာ ပျော် မြူး
အမြဲ ရူး၍
ကိုယ့် ရှူး ကိုယ် ပတ်
ဒိ ဋ္ဌိ ဇာတ်ကြောင့်
လေးရပ် အပါယ်
ဝဲ သို့ လည်၏
အလွယ် လိုက်သည့် လူသား များ ။

အလွယ်ကို လိုက်
အပျော် ကြိုက်သည့်
စရိုက် အကျင့်
ပြင်ဖို့ သင့် ကြောင့်
သင်နှင့် ကျွန်ုပ်
လုပ် သမျှ ကံ
မှန်ဖို့ ရန်ကို
ဉာဏ်နှင့် သတိ
သ ဒ္ဓါ ရှိလျက်
သိ , ကျင့် , ပယ် မှု
ဤ သုံးခုဖြင့်
အကုသိုလ် ပယ်
ကုသိုလ် နွယ်၍
လူ့နယ် လူ့ရွာ
နေသင့် ပါသည်
လူဟာ သေမျိုး ဖြစ်သောကြောင့် ။

ကျော်မိုး(စကားဝါမြေ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...