သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, April 30, 2013

PostHeaderIcon ခေါင်းဆောင်ဟူသည်



ခေါင်းဆောင်ကောင်း၏ အရည်အသွေး

(၁) ရိုးသား  (၂) ကြိုးစား  (၃) မေတ္တာပွား
(၄) စိတ်ထားသိမ်မွေ့  (၅) ထောင်လွှားမှုမေ့
(၆) လက်တွေ့ မွေးမှု သန့် အောင်ပြု
(၇) အများစုအရေး ဦးစားပေး
(၈) အရေးမပါ ဘေးဖယ်ရှာ
(၉) အမူရာယဉ်ကျေး  (၁၀) မြော်မြင်တွေး
(၁၁) သဘောထားလေး မသေးဖို့ရာ
(၁၂) မကောင်းတာမှန်သမျှ ရှောင်ရှားကြ
(၁၃) လောဘသွေမကွာ ပစ်ပယ်ခွာ
(၁၄) ဝေဖန်လာက လက်ခံရ
(၁၅) ဒွိဟ နှစ်ထွေ မတွေဝေ
(၁၆) ကိုယ်နေ စိတ်ထား ပိပိပြား၊
၁၆ ချက်ပါ အကြောင်းရာ
ပြည့်လာ သူအား
ခေါင်းဆောင်ထား
တိုင်းပြည်  ၀င့်ဝင့်ကြွား၊ ။

လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်

ဤ၁၆ချက်ပါ အကြောင်းရာ
ပြည့်စုံသူမှာ ဒေါ်စုပါ….။

ဒေါ်စုပြုလာ အကြောင်းရာ
၁၆-ချက် မကွာ ပြည့်စုံတာ
တူစွာ တွေ့ရမှာ…။

ကြက်မတွန်ရင် မိုးမလင်း
ဆိုတင်းစကား ရှိပေငြား
သူနဲ့ညားမှ မှားသွားချေပြီ…။

လက်ရှိမြန်မာနိုင်ငံ အခြေနေ
လူတွေ မသွေ အနေကြပ်
အသေ အငတ်တွေ အလွန်ပေါ
လူတော မတိုးတဲ့ အစိုးရတပ်
စစ်မီးတွေ တကယ် မရပ်
ဒလစပ် တိုက်ခိုက်နေလေတော့
စစ်မီးတွေလောင် ပစ္စည်းတွေပြောင်
အမောင်တောင်ပြေး မြောက်ပြေး
ရွာဆော်ကြီး ခွေးလို ဖြစ်ခဲ့ရတယ်…

နအဖ အမိန့်သံ မနာခံ သူတွေမှာလည်း
အမှန်ပင် ထောင်တံခါးပေါက်
အမှောင်ထဲ မှောက်နေရပြီး
အတောင်ပေါက်တာတောင်
ထောင်ပေါက်က
ပျံမထွက်နိုင်တော့ပါ။

ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားများ
လက်လီစိတ်ပြီး လွှတ်နေတာလား…။

သူ့မှာ အဖေ့သွေး အဖေ့သတ္တိ
အသိတရား လက်ကိုင်ထားပြီး
တိုင်းသူပြည်သား လူအများပေါ်မှာ
ရင်ဝယ်သား မခြား ထားရှိတဲ့စေတနာ
အပြည့် ပါရှိလာတယ်။

ဗိုလ်ချုပ်အောင်ဆန်းမှာပြတ်သား သလောက်
ဒေါ်စုမှာမပြတ်သားဖူးလို့ မထင်နဲ့။

အစကနေ အဆုံး အကြမ်းမဖက်
အနုနည်း သက်သက်နဲ့
ချီတက်တော်လှန်သွားမယ်ဆိုတဲ့
ရည်ရွယ်ချက် ခုထိမပျက်ကွက်ခဲ့ဘူး။

ညီညွတ်ခြင်းသည် အင်အားမို့
ဒါကိုဒေါ်စု လေးလေးစားစား
လက်ကိုင်ထားတယ်။

နအဖတတွေက အချိန်မရွေး
အန္တရာယ်ပေးနိုင်တဲ့ကြားက
မသေဆေး မရှိပေတဲ့
သေရမှာ မကြောက်
ရဲရဲတောက် ဇာနည်သွေး
သတ္တိတွေမွေးပြီး
လူမှုတော်လှန်ရေးကြီး
ခရီးဆုံးတိုင် ကြံ့ကြံ့ခိုင် မယိုင်မလဲ
အံခဲပြီး ချီတက်နေသူပါ။

တချိန်တုန်းက တိမ်ဖုံးလို့ လမသာ
ခုနေခါမှာ တိမ်ညိုတိမ်မဲ
စိုးမအုပ်နိုင်ပဲ အမြဲဝင်းဝါ
သူ့ အဆင်းမှာ နေမင်း လမင်းပမာ
မြန်မာသာမက ကမ္ဘာအနှံ့
ပြန့်သင်း ထိန်လင်းခဲ့ချေပြီ…။

သူ့နည်း သူ့ဟန် သူ့အကြံနဲ့
မှန်ရာကို ဆက်လက် လုပ်ကိုင်နေတဲ့
အမေစုအပေါ် သံသယကင်း
မမှန်တဲ့ အထင်မှားမှုတွေ ရှင်းပြီ
အလင်း ဘယ်လိုနည်းနဲ့
ပေးဆောင်နိုင်မလဲဆိုတာကို
ကိုယ့်ကိုကိုယ် မေးပြီး
ငေးမနေနဲ့ တွေးမနေနဲ့
ငြိမ်းချမ်းရေးကို ငေးမြော်
ဒီမိုကရေစီအရေးကို တွေးခေါ်ပြီး
အရေးပေါ်လမ်းကြောင်းပေါ်သို့
လမ်းမချော် လမ်းမပျောက်
ရဲရဲတောက် လျှောက်လာဖို့
ဖိတ်ခေါ်လိုက်ရပါတယ်ဗျို့…။

တက္ကသိုလ်ဘုန်းကြွယ်
(ဇွန် ၂၇ ၂၀၁၂)

အထက်ပါ အင်္ဂါရပ်များနဲ့ ပြည့်ဝတဲ့ ခေါင်းဆောင် ဖြစ်ပေမယ့်... ပညာရှင်နဲ့
သူရဲကောင်းများကို တန်ဖိုး ထားရကောင်းမှန်း မသိကြသေးပဲ ဖိနှိပ် ချုပ်ချယ်
နှိပ်ကွပ် ကွက်မျက်တတ်တဲ့ တိုင်းပြည်ထဲမှာ.....
လောလောဆယ်တော့ နိုင်ငံအတိုင်းအတာနဲ့ အကောင်အထည်ဖော်နိုင်မှု 
ထင်ထင်ရှားရှား မရှိသေးပဲ အသုံးချခံဘဝ၊ နာမည်ပျက် လူထုရဲ့အကြည်ညို
ပျက်အောင် ထောက်ခံမှုမဲ့အောင် လုပ်ဆောင်ခံနေရတဲ့ ဘဝနဲ့ လောကဓံရဲ့
အောက်မှာ လှိမ့်ခံနေရသလို ဖြစ်နေတယ်။ သူ့စကားတွေကို မြေလှန်ပြီး ချန်
ပစ်ထားသလို လုပ်ပစ်နေကြတော့ သူ့စကား အရာမရောက်သလိုဖြစ်ပြီး 
ထောက်ခံမှုမဲ့အောင် ဖန်တီးနေကြတဲ့အတွက် တရားဥပဒေစိုးမိုးရေး ဥက္ကဌ
မှာ ဘာမှ လုပ်ပိုင်ခွင့်မရှိတော့ တိုင်းပြည်ထဲမှာ ဟိုနေရာ ပွစိစိ ဒီနေရာ ပွစိစိ
ဖြစ်နေပါပကော။ အာဏာပိုင်များက ဒီတာဝန်တွေကို သူ မယူနိုင်သေးပါဘူးဆိုတဲ့
နှိပ်ကွပ်တဲ့ မက်စိပ်ကို  ပြည်သူများကို ပေးနေတာလား။ ကျစရာ ရှိရင်တော့
အာလုံး သိက္ခာကျကြမှာပဲလေ။  
( ပို့စ်တင်သူ၏ ထင်မြင်ချက်)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...