သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, April 18, 2013

PostHeaderIcon လူမှုအဖွဲ့အတွက် ခံယူချက် စာတန်း



အဖွဲ့တခုအတွက်  ရေးပေးထားခဲ့သော ကိုယ်ပိုင် ခံယူချက် စာတမ်းလေး တခု
လူ့အဖွဲ့အစည်းတခုမှာ ရာထူး အာဏာ နေရာကောင်း ရဖို့ထက် ရရှိထားတဲ့ နေရာကနေ မှန်
ကန် ဖြောင့်မတ် တိကျစွာ, တာဝန်သိသိ တန်ဖိုးရှိစွာနဲ့ အများအကျိုးရှိအောင်၊ လုပ်ငန်း
တိုးတက်အောင်မြင်မှုရှိအောင်၊ အလုပ်လုပ်ဖို့ပဲ လိုပါတယ်။

အဘက်ဘက်က ပြည့်စုံတဲ့ ခေါင်းဆောင်းကောင်း တယောက် ပေါ်ထွက်လာဖို့အတွက် အချိန်
ကာလတွေ ပေးဆပ်မှုတွေနဲ့ ရင်းနှီးပြီးမှ ရလာတာဖြစ်လို့ အဆိုပါ ခေါင်းဆောင်ကောင်းရဲ့
နောက်ကိုလည်း ဖြောင့်မတ် တည့်မတ်စွာနဲ့ လိုက်နာဆောင်ရွက်တတ်ဖို့လဲ 
လိုအပ်လှပါတယ်။

ရာထူး,အာဏာ,နေရာ,ငွေကြေး,များကို မက်မောပြီး ရှေ့တန်းတင်လာပြီဆိုရင်တော့ ထိုသူ
များရဲ့ အများအကျိုးကို ဆောင် ရွက်ချင်တယ်ဆိုတာ မဖြစ်နိုင်၍ သံသယဖြစ်စရာပါ။

နိုင်ငံရေးဆိုတာကလည်း နိုင်ငံသူနိုင်ငံသားများရဲ့ စားဝတ်နေရေး ကျန်းမာရေး ပညာရေး 
သွားလာရေးများကို အဆင်ပြေ ချောမွေ့အောင် လုပ်ဆောင်ပေးရတာဖြစ်လို့ ပရဟိတ- 
အများအကျိုးကို ဆောင်ရွက်တာပဲဖြစ်တယ်။
( ဒီအယူအဆဟာ အချင်းချင်း သွေးထိုးရန်စ နှုတ်လှန်ထိုး တိုက်ခိုက်နေပြီး အဆိုးများ 
ကိုသာ မြင်၍ အကောင်းမမြင်တတ်သူများ၊ ရန်ကြွေး ရန်စ ကြီးစေပြီး တိုင်းပြည်မှာ 
အမြဲတမ်း တိုက်ခိုက် ဆူပူနေမှ အနေချောင်မည့်သူများ၊ သူများတိုင်းပြည်များမှာလို
လုပ်ငန်းနဲ့ ပတ်သက်၍သာ ငြင်းခုံ ရန်ဖြစ်ကြပြီး အပြင်လောကမှာတော့ မိတ်ဆွေလို 
လူကျင့်ဝတ်နဲ့အညီ နေထိုင်ရန် မသိတတ်သေးသူများ အတွက်ကတော့ ဒီအယူအဆနဲ့
 ဆန့်ကျင်ဘက်ဖြစ်နေပါမည်။)

အများအကျိုးဆိုတဲ့ ပရဟိတလုပ်ငန်းကို လုပ်မယ်ဆိုတာနဲ့ ကိုယ်ကျိုးကို စွန့်ရတော့
မယ်ဆိုတာ သိထားသင့်သလို ကိုယ်ကျိုးဖက်တဲ့ လုပ်ငန်းများဟာလည်း ပရဟိတ
လုပ်ငန်း မဖြစ်နိုင်တော့ပါဘူး။

စည်းလုံး ညီညွတ်ရေးတို့ သွေးစည်းညီညွတ်မှုဆိုတာတွေကို ပြောနေ အော်နေကြပေမယ့် တ
ကယ်တမ်း လက်တွေ့ လိုက်နာဖို့ကြပြန်တော့ နေရာတိုင်းမှာ ကြီးကြီးငယ်ငယ် အဖွဲ့အစည်း
တိုင်းမှာလိုလို အင်မတန် ခက်ခဲလွန်းနေတာကို မြင်တွေ့နေရပြန်တယ်။

လူအများကို ညီညွတ်စေချင်တယ်ဆိုရင် ကိုယ့်အဖွဲ့အသီးသီးနဲ့ ကိုယ့်ဝန်းကျင် ညီညွတ်နေဖို့နဲ့ 
ကိုယ်ကိုယ်တိုင်ကပါ ညီညွတ်အောင် နေတတ်ဖို့ အရင်ဆုံးလုပ်ဖို့ လိုအပ်ပါတယ်။ လူအများကို
ညီညွတ် စည်းလုံးရမယ်ဆိုတဲ့ လူများကိုယ်တိုင်က စံပြအဖြစ်နဲ့ အရင်ဆုံး လုပ်ပြနိုင်ဖို့ အင်မ
တန် လိုအပ်ပါတယ်။

စည်းလုံးညီညွတ်နေရင် မြန်မာ မဟုတ်တော့ဘူးလို့ ခေါင်းဆောင်များ ကိုယ်တိုင်က ရှုတ်ချ
ပြောဆိုရလောက်အောင် မြန်မာလူမျိုးများ စည်းလုံးညီညွတ်မှုပျက်ပြားနေတာကို ဂုဏ်ယူ
ဝင့်ကြွားနေသင့်သလား။ ချေဖျက်နိုင်အောင် ပြုပြင်ကြိုးစားသင့်ကြသလား ခွဲခြား 
သိသင့်ပါတယ်။

လူအများကို ပြုပြင်ပြောင်းလဲစေချင်ရင် ကိုယ်တိုင်က စပြီး အရာအားလုံးမှာ
ပြုပြင်ပြောင်းလဲထားနိုင်မှ ဖြစ်မှာပါ။

ယဉ်ကျေးမှုနဲ့ ဘာသာတရား ထွန်းကားပါတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ အခြားနိုင်ငံများနဲ့ ယှဉ်
လိုက်ရင် အနိမ့်ကျဆုံးဟာ နားလည်မှု၊ စာနာမှု၊ သည်းခံတတ်မှု၊ ကူညီရိုင်းပင်းမှု၊ ကိုယ်ချင်း 
မစာနာ ရိုင်းစိုင်းတဲ့ အပြုအမူများနဲ့ စိတ်ဓာတ်တွေ ဖြစ်နေတာကို အံ့သြဖွယ် မြင်တွေ့
နေရပြန်တယ်။
နှစ်ပေါင်းများစွာ ရင်းနှီးပေးဆပ်ပြီး စောင့်စားခဲ့ရတဲ့ အများစုရဲ့အခွင့်အရေးများကို ကိုယ့်
ကြောင့် မပျက်စီးစေသင့်ပေ။

လူအများရဲ့ကောင်းကျိုးကို ကိုယ်စားပြုပြီး ဆောင်ရွက်ချင်တယ်ဆိုတဲ့ အဖွဲ့အစည်းတခုဟာ
လူအများ ဆင်းရဲဒုက္ခဖြစ်စေမယ့် လုပ်ရပ်မှန်သမျှကို ရှောင်ရှားဖို့လိုတယ်။ ထိုသူများက 
ကိုယ်ကျိုးငဲ့ကြည့်လာပြီဆိုရင် အင်မတန် ရွံရှာဖွယ် ကောင်းလှပါတယ်။

အနာဂတ်ရေးရာမှာ အခြားအခြားသော အရာတွေက အစားထိုး ရနိုင်ကောင်းပေမယ့် အချိန်
ဆိုတာကို အစားထိုးလို့ ပြန်မရ နိုင်တော့ပါဘူး။ လောကမှာ အစားထိုးလို့ မရနိုင်တာ မိဘနဲ့
အချိန်ပဲ ရှိတယ်လို့ ဆိုကြတယ် မဟုတ်လား။

ပရဟိတလုပ်ငန်း…
အများအကျိုးကို ရည်ရွယ်ပြီး လုပ်ဆောင်မယ်ဆိုတဲ့ လူသားတိုင်း အဖွဲ့အစည်းတိုင်းဟာ စိတ်
ရှည်ရမယ်၊ သည်းခံ ခွင့်လွှတ်တတ်တဲ့စိတ်၊ စာနာ နားလည် ထောက်ထားတတ်တဲ့စိတ်၊ သ
ဘောထား ကြီးကြီးနဲ့ အရာရာကို ချင့်ချင့် ချိန်ချိန် စဉ်းစား ဝေဘန် သုံးသပ်တတ်တဲ့စိတ်၊
ကိုယ်ကျိုးစွန့်လိုတဲ့ စိတ်ထားများ မွေးမြူထားနိုင်ရမယ်။

အရေးကိစ္စပေါ်လာရင် အလွယ်တကူ အလောတကြီး ဆုံးဖြတ်လိုက်လို့ မှားယွင်းသွားတာမျိုး၊
တဖက်လူ ထိခိုက် နစ်နာသွားစေတာမျိုး မဖြစ်ရအောင် ဉာဏ်အမြော်အမြင်ကြီးကြီးနဲ့ ချင့်
ချိန် လုပ်ဆောင်နိုင်ရမယ်။

အဖွဲ့ရဲ့အရည်အချင်း အရည်အသွေးနဲ့ လုပ်ဆောင်ချက်များဟာ အမြဲ တိုးတက်စေနေရမယ်။ 
အဖွဲ့နဲ့ အဖွဲ့ဝင်များရဲ့ တိုးတက်မှု ရှိမရှိကိုလည်း အမြဲတမ်း လေ့လာသုံးသပ် စူးစမ်း၍ 
စစ်တမ်း ထုတ်နေရမယ်။

ထိုကဲ့သို့ စိတ်ဓာတ်မျိုး စွမ်းရည်မျိုးရှိမှ ညီညွတ်မှုဆိုတာကိုလည်း တည်ဆောက်နိုင်မည်
ဖြစ်သည်။ ညီညွတ်မှု မရှိတဲ့ အဖွဲ့အစည်းတိုင်းဟာ အောင်မြင်တိုးတက်မှု မရှိနိုင်သလို 
ရေရှည်တည်တံ့ ခိုင်မြဲမှုလည်း မရှိနိုင်ပါဘူး။
 ( ထိုကဲ့သို့ အဖွဲ့အစည်းမျိုးတွေ မြန်မာပြည်မှာ များစွာပင် ရှိနေပါသည်။)

ညီညွတ်မှုတည်ဆောက်ရာမှာ တဦးနဲ့တဦး အယုံအကြည်ပျက်ပြားစေမယ့် အပြောအဆိုနဲ့ 
လုပ်ရပ်မျိုး၊ သံသယဖြစ်စေမယ့် အပြုအမှုမျိုးနဲ့ လုပ်ရပ်မျိုးများကို မလုပ်မိအောင်လည်း 
လူတိုင်း ရှောင်ရှားသင့်ပါတယ်။

အဖွဲ့နဲ့ တိုင်ပင်ညှိနှိုင်းမှု မရှိပဲ “ငါ့မြင်း င့ါစိုင်း’’ကိုယ်ထင်ရာကိုပဲ မိမိသဘောအတိုင်း လုပ်နေ
မယ်ဆိုလည်း ညီညွတ်မှုရဖို့ ခဲယဉ်းနေမည်သာ ဖြစ်သည်။

ငယ်သားဖြစ်ဖြစ် အထက်လူကြီးဖြစ်ဖြစ် အခြားသော အရာပဲဖြစ်ဖြစ် ဘယ်အရာမျိုးမဆို 
ကိုယ်က တန်ဖိုးထားမှ သူတို့ကလည်း ပြန်လည်တန်ဖိုးထားကြမည်ဖြစ်သည်။ ထိုအခါ 
၎င်းတို့ရဲ့တန်ဖိုးကိုလည်း သိရှိနားလည်လာမှာပါ။

မှန်ကန်တဲ့ ပရဟိတအလုပ်ဟာ မွန်မြတ်တဲ့အလုပ် ဖြစ်တဲ့အတွက် စိတ်ထားမွန်မြတ်
သူများမှသာ လုပ်နိုင်တာပါ။ ကိုယ်ကျိုးသမားအတွက် ထိုနာမည်နှင့် မထိုက်တန်ပေ။ 
ကိုယ်ကျိုးစွန့်ပြီး လုပ်ရတဲ့အလုပ် ဖြစ်ပေမယ့် ကိုယ်ကျိုး ပျက်စီးရ လောက်အောင် 
စွန့်လွှတ်လုပ်ရမှာလည်း မဟုတ်ပါဘူး။ များလည်းစွဲသာ ရှဥ့်လည်း လျှောက်သာပေါ့။

အများအကျိုး၊ ရွက်သည်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မဖဲ့မစောင်း၊ ကိုယ့်လမ်း
ကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှု နှင်လော့၊ ဆိုတဲ့ ဆုံးမစာအတိုင်း ကိုယ်ကျိုး
မငဲ့ အနစ်နာခံပြီး အများအကျိုးကို အမှန်တကယ် လုပ်နေပြီဆိုရင် ဘယ်သူ ကဲ့ရဲ့တာ
အပြစ်ပြောတာကိုမှ ငဲ့ကွက် ကြည့်နေဖို့ မလိုပေ။ အကျိုးမရှိဖြစ်နေပါလိမ့်မည်။

လုပ်ဆောင်ချက် ကောင်းများရဲ့အကျိုးရလာဒ်ကတော့ ဆုတောင်းနေဖို့ မလိုပါဘူး။
စေတနာကောင်းသလောက် အကျိုးပေးကလည်း ကောင်းလာမည်မှာ မလွဲပါဘူး။
စိတ်စေတနာကောင်းနဲ့ အလုပ်လုပ်ဖို့ကသာ အဓိကဖြစ်ပါသည်။
စေတနာမှန်လျှင် အကျိုးပေးကလည်း သန်လာမည်ပင်ဖြစ်သည်။

      ( နွေနှင်းမိုး)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...