သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, April 16, 2013

PostHeaderIcon မှတ်သားဖွယ် စကားများ

ဟောင်ကောင် သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားတွေပါ
၂၀-၈၀ နိယာမ

လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်၊၈၀% က လည်ပင်းအောက်

ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာ
ကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။

တတိယ ၈ နာရီ

ဘုရားသခင်က လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတ

ပေးထားတယ်။ ပထမ ၈ နာရီမှာ လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေ
အိပ်ကြတယ်။လူတယောက်နဲ့တယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့်
တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။

လမ်းနှစ်လမ်း

လူတိုင်းမှာ လျှောက်စရာ လမ်းနှစ်လမ်းရှိတယ်၊ တလမ်းက လျှောက်ကို လျှောက်ရမယ့်လမ်း၊ နောက်တလမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။မလျှောက်မနေ လျှောက်ကိုလျှောက်

ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်
မယ်။

တခါသုံး ယုံကြည်မှု

ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲ ဖြန့်ဖြန့် နဂိုအတိုင်း

ပြန် မဖြစ်တော့ဘူး။

နောင်တ

နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ မင်းကို ပိုပြီး စိတ်ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေ

မဟုတ်ဘူး၊ မင်း မလုပ်လိုက်ရတဲ့ ကိစ္စတွေပဲ။

နေရာ

အအေး တစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ရောင်းတယ်၊ ဟိုတယ်မှာ ၃၀ နဲ့ရောင်းတယ်။ လူတယောက်ရဲ့တန်ဘိုးဟာလည်း သူရောက်နေတဲ့ နေရာပေါ်မှာပဲ 

မူတည်တယ်။

သမာဓိ

စကားတခွန်း မပြောသေးခင်မှာ မင်းဟာ အဲဒီစကားရဲ့အရှင်သခင်ပဲ၊ ပြောလိုက်ပြီဆိုရင်

တော့ မင်းဟာ သူ့ရဲ့ကျွန်ဖြစ်သွားပြီ။

ရွေးချယ်မှု

နောက်ဆုံးတော့လည်း မင်းဘာကို ယုံရင် ဖြစ်တာပဲ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ

ကြောက်စရာ အကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်၊ တခုက ခေါင်းမာတာ၊နောက်တခုက
ကြိုးစားတာ။ ကြိုးစားတဲ့ ကောင်က သူ့ကိုသူ ပြောင်းလဲပစ်တယ်၊ ခေါင်းမာတဲ့ ကောင်က သူ့
ကံကို သူပြောင်းလဲပစ်တယ်။

မနာလိုခြင်းနှင့် အားကျခြင်း

သူများတွေထက် မဆိုစလောက် သာတဲ့အခါ မင်းကို မနာလို ဖြစ်ကြလိမ့်မယ်။ သူတို့တွေ

ထက် အဆပေါင်းများစွာ သာသွားတဲ့အခါ မင်းကို အားကျ ကြလိမ့်မယ်။

နောက်ဆုံးအပြုံး

ဘယ်သူ့ကိုမှ မယှဉ်နိုင်ဘူးလို့ ထင်တဲ့အခါ အားမငယ်ပါနဲ့၊မင်းဟာ သာမန်လူတယောက်ဆို

တာလည်း သတိရပါ။ သူများတကာ ရယ်မောနေတာ တွေ့ရင်လည်း တကမ္ဘာလုံးမှာ မင်း
တယောက်တည်း ဝမ်းနည်း ပူဆွေးနေတယ် မထင်ပါနဲ့၊ တကယ်တော့ သူများတွေက မင်း
ထက် ပိုပြီး ဟန်လုပ်တတ်လို့ပဲ။ အကူအညီ မဲ့နေတဲ့အခါ မင်း ငိုချင်ငိုလိုက်ပါ၊ သို့သော် ငိုပြီး ရင်တော့ ပြန်ပြီး နိုးကြား တက်ကြွလာရမယ်၊ အရာရာကို လက်လွှတ်ဆုံးရှုံး ပစေဦးတော့၊ မင်းရဲ့အပြုံးလေးကိုတော့ ရှုံး မသွားပါစေနဲ့။

ပူပင်သောက

လူတယောက်ရဲ့ ပူပင်သောကတွေကနေ သူ့ရဲ့စိတ်နေသဘောထား အတိုင်းအဆနဲ့ အနာ ဂတ် အောင်မြင်မှုရဲ့ အတိမ်အနက်ကို မှန်းဆလို့ရတယ်။တနည်းအားဖြင့်၊ ပြဿနာ အသေး

လေးတွေဟာ အချိန်ကုန်ခံပြီး ပူပန်နေစရာမလိုဘူး၊ 
တကယ့် ကြီးမားတဲ့ ကိစ္စတွေ ကျပြန်တော့ ပူနေရုံနဲ့လည်း အကျိုးမရှိဘူး။  အချိန်တိုတိုနဲ့ 
ပြဿနာဖြေရှင်းနိုင်စွမ်းရှိရင် အရာရာတိုင်းဟာ မိုးတွေ ထန်ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ 
ရာသီဥတုလို သာယာနေမှာပါပဲ။

အောင်မြင်မှုနှင့် တိုးတက်မှု

မင်း မအောင်မြင်လို့ရတယ်၊ သို့သော် မတိုးတက်လို့ မရဘူး။ မင်းရဲ့အောင်မြင်မှုကို ကဖျက်

ယဖျက် လုပ်မယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ မင်း တိုးတက်တာကိုတော့ ဘယ်သူမှ 
ကာဆီးကာဆီး လုပ်မှာမဟုတ်ဘူး။

ဖိအားနှင့် တွန်းအား

အပြင်က သက်ရောက်တဲ့ အားကြောင့် ကွဲသွားတဲ့ ကြက်ဥဟာ အစာ တလုပ် ဖြစ်သွားပေမယ့် 

အတွင်းကနေ ရုန်းထွက်လာတဲ့ အားကြောင့်  ကွဲသွားတဲ့ ကြက်ဥ ကျတော့ အသက်တချောင်း
ဖြစ်လာစေတယ်။ 
လူ့ဘဝဆိုတာလည်း အဲလိုပါပဲ၊ အပြင်ကလာတဲ့ အားတွေက ဖိအားတွေဖြစ်ပြီး အတွင်းကနေ
ဖြစ်တည်လာတဲ့ အားတွေက ကြီးပြင်း ရှင်သန်မှုပါ။ ပြင်ပက အားတွေနဲ့ အခွဲခံဖို့ပဲ ထိုင်စောင့်
နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ် ဖြစ်သွားမှာ မလွဲပါဘူး။ ကိုယ့်အား ကိုယ်ကိုးပြီး အတွင်းကနေ ဖောက်ထွက်နိုင်ရင်တော့ ကိုယ့်ရဲ့ရှင်သန် ကြီးပြင်းခြင်းဟာ အသက်တချောင်း အသစ်တဖန် ပြန်လည် မွေးဖွားလာတာနဲ့ တူတယ်ဆိုတာ တွေ့ရပါလိမ့်မယ်
      (တိုးတိုး .. စုဆောင်းသည်)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...