သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, April 28, 2013

PostHeaderIcon ငှက်နဲ့ ပျား ဥပမာစကား

                               အားမာန် (အာရီးယန်မျိး)
 မြန်မာမှု့ နယ်ပယ်မှာ ပြောဆိုသုံးနှုန်းသည့် ဓလေ့တခုရှိပါတယ်၊ အသားဖြူတဲ့ လူတယောက်
ကို ယောက်ျား ကလေးဆိုရင် မောင်တရုပ်၊ မိန်းခလေးဆိုရင် မတရုပ်မလို့ခေါ်ပြီး၊ အသားမဲ တဲ့ ယောက်ျားလေးဆိုရင် မောင်ကုလား၊ မိန်းခလေးဆိုရင် မကုလားမလို့ ခေါ်လေ့ ရှိကြပါ
တယ်။ ဒီလိုခေါ်ဝေါ်သုံးနှုန်းခြင်းဟာ အကြောင်းမဲ့ သက်သက်မဟုတ်ပါဘူး၊ အကြောင်းအရာ တခုခုအပေါ်မူတည်ပြီး ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
  မြန်မာနိုင်ငံမှာ တရုပ်နဲ့ ပတ်သက်လို့ လက်လှမ်းမှီသလောက်၊ တရုပ်တန်း၊ တရုပ်စကားပင်၊
တရုပ်နံနံပင်၊ တရုပ်ဘုံကျောင်း၊ မဟုတ်တရုပ်၊ တရုပ်ကဖိ ရှမ်းကအိ ရှိသည့်ဗမာ အနောက်
မှာ စသည်ဖြင့် ရှိသလို၊ ကုလားနဲ့ ပတ်သက်လို့ ကုလားထိုင်၊ ကုလားကာ၊ ကုလား မဇီးသီး၊
ကုလားပဲ၊ ပဲကုလားဟင်း၊ ကုလားသေ ကုလားမော၊ ကုလားတက်ခေါက်၊ ကုလားအက်နေ့၊
ခေါင်းမြီးခြုံ ကုလားမ၊ အိမ်တွင်းပုန်းကုလားမ၊ ကလေးကုလား စသည်ဖြင့် ရှိပါတယ်။

အနုပညာလောကမှာလည်း လူရွှင်တော်များဟာ ကုလားစကား၊ တရုပ်စကား တွေကို ပြောဆို
ပြီး ဟာသပြုလုပ်ကြပါတယ်။ ဒီလိုခေါ်ဝေါ်ခြင်းနဲ့၊ ပြုလုပ်ခြင်းဟာ တဖက်သားအပေါ်မှာ ချိုးနှိမ် ပြီး ပြောဆိုခြင်း မဟုတ်ပဲ လူ့သဘာဝအရ မိမိပတ်ဝန်းကျင်မှာ ရှိနေသည့်အရာများကို
သမားရိုးကျ ထင်မှတ်ပြီး အသစ်အဆန်းများကို လေ့လာ ဆန်းဆစ်သည့် သဘောပင်
ဖြစ်သည်။ 

ဥပမာတခု ပြပါဆိုလျှင် ထိုင်းနိုင်ငံ အစိုးရ တီဗွီသတင်းတွင် ထုတ်လွှင့်သည့် အစီအစဉ် တခု ကို ဖော်ပြပါမည်။ နိုင်ငံခြားသားတယောက်ကို ထိုင်းရဲများမှ ဖမ်းမိရာတွင် ထိုနိုင်ငံခြားသားမှ ထိုင်းနိုင်ငံသားဟု လိမ်လည်ပြောဆိုရာတွင် ထိုင်ရဲများမှ ထိုင်းနိုင်ငံတော်သီချင်းကို သီဆိုခိုင်း
ရာမှ တလွဲတချော် ဖြစ်နေသည်ကို လွှင့်ထုတ်သည့် အစီအစဉ်ဖြစ်သည်။ ထိုအစီအစဉ်ကို ထိုင်း
ပြည်သူများမှ ရယ်မောကြသည်ကို တွေ့ကြုံခဲ့ဖူးသည်။ ထိုကဲ့သို့ ရယ်မောခြင်းတွင် အဓိပ္ပာယ် ပါဝင်သည်။ နိုင်ငံခြားသားများဟာ ထိုင်းနိုင်ငံသို့ ၀င်ရောက်လာပြီး အတုမြင် အတတ်သင် ပြု လုပ်နေပါသလား၊ ဒါပေမဲ့ ထိုင်းလူမျိုးများနဲ့ မတူနိုင်သေးဘူးဆိုတာကို ထိုင်းတွေ ကိုယ်တိုင် သရုပ်ဆောင်ပြသည့် အစီအစဉ်ဖြစ်သည်။
    တရုပ်လူမျိုးများနှင့် ကုလားလူမျိုးများသည် မြန်မာနိုင်ငံတွင် ၀င်ရောက်နေထိုင်လာသည် မှာ နှစ်များစွာကြာသော်လည်း သိတတ်သည့် ကလေးအရွယ်မှ အစ လူကြီးးအဆုံး ယနေ့ အ
ထိ အားလုံးက တရုပ်နဲ့ ကုလားကို နိုင်ငံခြားသားအဖြစ် သိနေကြသည်ကို ငြင်းစရာ လိုမယ်
မထင်ပါ။ ဒီနေ့ ရိုဟင်ဂျာနဲ့ ပတ်သက်လို့  ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတဲ့အခါ စာရေးသူ အနေ
ဖြင့် မပြောပဲ မနေနိုင်ဖြစ်လာသည့်အတွက် ဒီစာကို ရေးသားရခြင်းဖြစ်သည်။ ရိုဟင်ဂျာလို့ 
မိမိကိုယ်ကိုယ် ခံယူထားတဲ့ သူတွေအနေနဲ့ စဉ်းစားပြီး ဖြေကြည့်ရမည့် မေးခွန်းလေးများကို
ပေးလိုက်ပါတယ်
သေချာ စဉ်းစားပြီးေ ဖြေဆိုပါ။
  1. နိုင်ငံသားနဲ့ တိုင်းရင်းသားကို ဘယ်လို နားလည်းထားပါသလဲ။
  2. ကုလား ရိုဟင်ဂျာရှိသလို တရုပ်ကလည်း ဂျိုဆင်ဟွာလို့ နာမည် တမျိုးပေါ်လာရင် လက်ခံမှာလား။
  3. မြန်မာနိုင်ငံတွင် ကုလားတမျိုးတည်းကိုသာ သီးသန့်ခွဲခြားပြီး ဖိနှိပ်ခံရတယ်လို့ ထင်သလား။ တကယ်လား။
  4. (လူ့) အခွင့်အရေးနှင့် (လု) အခွင့်အရေးကို တကယ် နားလည်သလား။ တကယ်လား။
  5. နိုင်ငံတကာ စံနှုန်းသတ်မှတ်ချက်မှာ ဒေသခံဌာနေ တိုင်းရင်းသားနဲ့၊ နိုင်ငံသားကို ဘယ်လို သတ်မှတ်တယ်လို့ ထင်ပါသလဲ။
  6. မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ နာမည်သစ်နှင့်မှ ပိုပြီး အခွင့်အရေးရှိလာမှာလား၊ ဒါမှမဟုတ် မူလရှိရင်းစွဲ နာမည်နဲ့ကော နေထိုင်လို့ မရနိုင်ဘူးလား။ သေချာလား။
  7. ရခိုင်ပြည်မှာ ရိုဟင်ဂျာရှိသလို မန္တလေး ရိုဟင်ဂျာ၊ ရန်ကုန်ရိုဟင်ဂျာ စသည်ဖြင့် ပေါ်လာရန် အဆင်သင့်ဖြစ်ပြီလား။
         စာရေးသူငယ်စဉ်က အိမ်နားနီးခြင်း (လ၀က) အရာရှိတဦး ပြောဖူးသည့် စကားကို 
တင်ပြသွားပါမည်။ 
(မင်း-FRC နဲ့ NRC ကို သိသလား)  (စာရေးသူမှ မသိဘူးလို့ ဖြေလိုက်ပါတယ်)
(FRC ဆိုတာ နိုင်ငံခြားသား၊ NRC ဆိုတာ နိုင်ငံသားကို ခေါ်တာတဲ့) ( စာရေးသူမှ ဆက်ပြီး
ဘယ်လို လူတွေကို FRC လို့ သတ်မှတ်ပြီး ဘယ်လိုလူတွေကို NRC လို့ သတ်မှတ်သလဲလို့
မေးပါတယ်)
(သူက တရုပ်နဲ့ ကုလားဟာ FRC ဖြစ်တယ်လို့ ပြောပါတယ်) (ဘာဖြစ်လို့ FRC ဖြစ်ရတာလဲ 
သူတို့လည်း ဒီနိုင်ငံထဲမှာ မွေးလာတာပဲမဟုတ်လား) (သူတို့တွေ ဒီနိုင်ငံထဲမှာ မွေးလာတာ
တော့ ဟုတ်တယ် ဒါပေမယ့် သူ့မိဘ ဘိုးဘွားတွေဟာ တခြားနိုင်ငံက ဖြစ်တယ်) (စာရေးသူမှ ဆက်ပြီး မြန်မာနိုင်ငံသား မိဘနှစ်ပါးဟာ နိုင်ငံခြားမှာ သွားပြီး မွေးလာတဲ့ ကလေးကို မြန်မာ
ပြည် ပြန်နေတဲ့အခါ FRC လို့ သတ်မှတ်သလား NRC လို့ သတ်မှတ်သလား)  (ထိုအခါ မိဘနှစ်
ပါးကို အခြေခံပြီး ဒီကလေးရဲ့ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုကို နှစ်နိုင်ငံ စလုံးမှ အထောက်အထား
များဖြင့် ဥပဒေကြောင်းအရ သတ်မှတ်တယ်) လို့ မှတ်သားခဲ့ဖူးပါတယ်။
     စာရေးသူဟာ ယခုနိုင်ငံခြားမှာနေပါတယ်။ ကိုယ်နေတဲ့ နိုင်ငံရဲ့ ဥပဒေကို အတတ်နိုင်ဆုံး 
လေ့လာလေးစားပြီး ဒေသခံနိုင်ငံသားများနှင့် သဟဇာတ ဖြစ်အောင်ကြိုးစားပြီးနေပါတယ်။
အချိန်တန်ရင် ကိုယ့်နိုင်ငံကို ပြန်ဖို့ အသင့်ပြင်ဆင်ထားပါတယ်။ သူ့နိုင်ငံမှာ ဘယ်လိုပဲ လူ့ အ ခွင့်အရေးအရ နိုင်ငံသားပေးသော်လည်း ဒေသခံ နိုင်ငံသားများကဲ့သို့ အခွင့်အရေး မရနိုင်ဘူး
ဆိုတာကို ယုံကြည်ပါတယ်။ 
နိဂုံးအနေဖြင့် စာရေးသူကို ဆရာသမား ဆုံးမဖူးသော စကားတခွန်းကို ဖော်ပြပေးလိုက်ပါ
တယ်။
ရောက်တဲ့ အရပ်မှာ ငှက်လို မကျင့်ပါနဲ့ ပျားလိုကျင့်ပါတဲ့၊ ငှက်တို့ဟာ ဒီအပင်မှာ နား၊ ဒီအပင်
က အသီးကို စား၊ ဒီအပင်မှာ မစင်စွန့်၊ ပျံတဲ့ အခါမှာလည်း ဒီအပင်ရဲ့ သစ်ကိုင်းကို ခြေစုန်
ကန်ပြီး ပျံသွားတဲ့အတွက် သစ်ပင်ရဲ့ အကိုင်းအခက်တွေဟာ တုန်ခါပြီး ကျန်ခဲ့ရတယ်။ အဖူး
အငုံတွေပါ ကြွေကျ ကျန်ခဲ့ရတယ်။ ပျားတို့ဟာ မိမိအသိုက်အမြုံအတွက် ပန်းဝတ်ရည်ကို ကြိမ်
ဖန်များစွာ စုတ်ယူသော်လည်း ၀တ်ရည်မခန်း ပန်းမနွမ်း လူးလာ ပျံသန်း စုတ်မြဲတမ်း စုတ်ယူ
နိုင်ပါတယ်တဲ့။    
From ..  nadi  thaing zaw
( လူမျိုးရေး သက်ဝင်သော်လည်း မှတ်သားစရာများ ပါဝင်နေလို့ သိမ်းဆည်းလိုက်ပါသည်။)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...