သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, April 27, 2013

PostHeaderIcon ဗုဒ္ဓရှင်တော် ခြေရာတော်များ



ကမ္ဘာတလွှား၌ ဗုဒ္ဓခြေတော်ရာ ချခဲ့သည့် နေရာမှာ (၁၀) နေရာ ဖြစ်ကြောင်းကို 
လေ့လာသိရှိရပေသည်


၎င်းတို့မှာ...

(၁) အိန္ဒိယပြည်၊ ဘုံဘိုင်မြောက်ပိုင်း၊ နမ္မဒါမြစ်ထဲ၌ ခြေတော်ရာတဆူ...။

(၂) အိန္ဒိယပြည်၊ ဘုံဘိုင်နယ်မြောက်ပိုင်း၊ နမ္မဒါမြစ်အထက် သစ္စပန်တောင်ပေါ်၌
 ခြေတော်ရာတဆူ...။

(၃) အိန္ဒိယပြည်မြောက်ပိုင်း ဥဒယာနတိုင်း၌ ခြေတော်ရာတဆူ...။

(တရုတ်ဘုန်းတော်ကြီး ဖာယီယန်၏ မှတ်တမ်းအရ)

(၄) အိန္ဒိယပြည်၊ ပါတလိပုတ်မြို့တော်၏ တောင်ဘက် သုံးလီအကွာ၌ ခြေတော်ရာတဆူ။
(ဖာယီယန်၏ မှတ်တမ်းအရ)

(၅) သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) သုမနကုဋ(SriPada) တောင်ထိပ်၌ ခြေတော်ရာတဆူ။

(၆) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မယူကမ်းပုံစည်းကျွန်း၊ သာစည်ထောင့်ရွာအနီး၌ ခြေတော်ရာတဆူ...။

(၇) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုလားတန်းမြစ်ဝရှိ ဖရုံကာကျွန်းစု၊ မြေငူကျွန်း၊
ဆံတော်ရှင် ဓာတ်တော် အနီးရှိ ခြေတော်ရာတဆူ...။

(၈) မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မန်းချောင်း (မန်းရွှေစက်တော်)၌ 
အောက်,အထက် ခြေတော်ရာနှစ်ဆူ...။

(၉) မြန်မာနိုင်ငံမြောက်ပိုင်း ဝနယ်၊ လွိုင်မူတောင် အရှေ့မြောက်ဘက် တောင်စောင်း၌ 
ခြေတော်ရာ တဆူ...။

(၁၀) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မဟီ(မအီ)မြစ်အတွင်း၌ အထက် အောက် ဝဲယာ
 ခြေတော်ရာတစုံ...။

စသည်တို့ ဖြစ်ကြကြောင်း .....        ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်၊ မဟာသုခပါဠိတက္ကသိုလ်မှ ဆရာတော်  ဦးအရိယာဝံသ၏ ရခိုင်ပြည်နယ်၊ မအီစက်တော်ရာ
သမိုင်း စာအုပ်တွင် မှတ်တမ်းပြုထားပါသည်။

မြတ်စွာဘုရားရှင်သည်...မဟာသက္ကရာဇ် ၁၂၄ ခုနှစ်တွင် ရဟန္တာငါးရာနှင့်တကွ သုနာပရန္တ 
ယောနကတိုင်း (ယခု မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စကုမြို့နယ် လယ်ကိုင်း
ကျောင်းတော်ရာ ဒေသ)သို့လည်း ကြွရောက်ခဲ့တော်မူ၏...။

ဘုရားရှင်သည်...သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်သို့ ပြန်အကြွ နမ္မဒါမြစ် 
(ယခု မန်းချောင်း)အနီးသို့ ရောက်သည်တွင် နမ္မဒါနဂါးမင်း၏ တောင်းပန်ချက်ကြောင့် မြစ်ကမ်း နဖူး ကျောက်ဖျာထက်တွင် လက်ဝဲခြေတော်ရာကို ချပေးခဲ့၏..။ ယင်းကို အောက်ခြေတော်ရာဟု ခေါ်ဆိုကြသည်...။

ဆက်လက်၍ ကြွမြန်းစဉ် ထိုမြစ်အနီး သစ္စဗန္ဓကတောင်ပေါ်သို့ ရောက်ပြန်သော် ရသေ့၏
လျှောက်ထားတောင်းပန်ချက်ကြောင့် မကုလမြေကျောက်ပေါ်တွင် လက်ဝဲဘက်ခြေတော်
ရာကို တံဆိပ်ခတ်နှိပ်ပေးခဲ့ပြန်သည်။ ထိုအထက်ခြေတော်ရာကို အထက်စက်တော်ရာဟု သမုတ်ခဲ့ကြသည်ဟုဆိုကြသည်။

သို့ဖြင့် ထိုနေရာများတွင် စေတီများ တည်ထားကာ နှစ်စဉ် ခြေတော်ရာဖူးရင်း စေတီများ
တွင် ပွဲတော်များ ကျင်းပခဲ့လေသည်။ အဆိုပါ ခြေတော်ရာသည် ကာလအတန်ကြာ ကွယ်
ပျောက်နေခဲ့ပြီး တောင်ဖီလာ ဆရာတော်ကြီး (ဓားမကူး ဆရာတော်)၏ ဖော်ထုတ်မှုဖြင့်
ပွင့်ပေါ်လာခြင်းဖြစ်ကြောင်း မှတ်သားရပါသည်...။
 FB

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...