သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, April 29, 2013

PostHeaderIcon မိစ္ဆာဒိဋ္ဌိ (သို့) အယူမှားခြင်း

ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်ရင် အခြားအခြား ဘာသာအယူဝါဒတွေဟာ လွဲမှားနေတဲ့ မိစ္ဆာဒိဋ္ဌိတွေလို့ ပြောရမှာဖြစ်ပါတယ်။ ဒါဆိုရင် အခြားဘာသာတွေရဲ့ ရှုထောင့်ကကြည့်ရင်
လည်း သူတို့က ဗုဒ္ဓဘာသာကို မှားယွင်းတဲ့ မိစ္ဆာဒိဋ္ဌိလို့ ပြောကြမှာ ဖြစ်ပါတယ်။ အားလုံးက
တော့ ကိုယ့်ယုံကြည်မှုနဲ့ကိုယ် ကိုယ့်အယူဝါဒသာ အမှန်လို့ ပြောကြမှာ ဖြစ်ပါတယ်။ 
တချို့လည်း မှားမှန်း သိသိနဲ့ပဲ အယူဝါဒတခုကို ဇွတ်မှိတ်ပြီး လက်ခံနေကြတာဖြစ်ပါတယ်။
ဒါကြောင့်လည်း ဘုရားရှင်လက်ထက် ဘုရားနဲ့ ခေတ်ပြိုင် ပေါ်ထွက်ခဲ့ကြတဲ့ တိတ္တိဆရာကြီး
တွေမှာ သူ့ပရိသတ်နဲ့သူ ရှိနေကြတာ ဖြစ်ပါတယ်။ ဒါဟာ အယူဝါဒနဲ့ ပတ်သက်ပြီး အသက်
သာ အသေခံသွားမယ် အလွယ်တကူ စွန့်လွှတ်ဖို့ ခက်ခြင်းရဲ့ ပြယုဂ်တခုပဲ ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် မှန်ကန်တဲ့ အယူဝါဒ ဆိုတာဟာ ဘယ်လိုပေတံနဲ့ တိုင်းတိုင်း၊ ဘယ်လိုမှတ်

ကျောက်မျိုးပဲ တင်တင်၊ ဘယ်လိုဆန်းစစ်မှုမျိုးပဲ လုပ်လုပ်၊ ဘယ်လိုပုဂ္ဂိုလ်မျိုး အတွက်ပဲ
ဖြစ်ဖြစ် မှန်ကန်ပြီး ယုတ္တိကျနေဖို့ လိုပါတယ်။ ဒီဘာသာဝင်အတွက် မှန်တယ်၊ ဟိုဘာသာ
ဝင်အတွက်တော့ မှားတယ် စတာတွေဟာ သဘာဝနိယမ သဘောအားဖြင့် ကြည့်ရင် 
ဒါဟာ ယုတ္တိမကျဘူး၊ မမှန်ကန်ဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာရဲ့ အဆုံအမတွေကတော့ သဘာဝနိယာမနဲ့ ယုတ္တိဘေဒကို အချိန်မရွေး လက်ခံ ဆန်းစစ်ကြည့်နိုင်တာ ဖြစ်ပါတယ်။ ဘုရားဟောဒေသနာတွေကို ကြည့်မယ်ဆိုရင်လည်း
 
ဘုရားရှင်က မှန်တဲ့အရာတွေကိုပဲ ဟောတော်မူတာ ဖြစ်ပါတယ်။ မှန်အောင် တမင်လုပ်ပြီး 
ဟောတော်မူတာ ဘာတခုမှ မရှိပါဘူး။ လက်တွေ့အားဖြင့် သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စ 
သမုပ္ပါဒ်နဲ့ ကမ္မဝါဒတွေကို ကြည့်ရင် အလွယ်တကူ သိနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီတရားတော် 
တွေဟာ ဗုဒ္ဓဘာသာဝင်များအတွက်သာ သီးသန့်ဟောထားတာ မဟုတ်ပါဘူး။ သတ္တဝါအားလုံးအတွက် ဟောတော်မူထားတာ ဖြစ်ပါတယ်။ လက်တွေ့လိုက်နာ ကျင့်သုံးသူ
များအတွက် ကိုယ်ကျင့်နိုင်တဲ့ အတိုင်းအတာအတိုင်း အကျိုးသက်ရောက်မှုကို ဖြစ်စေမှာ 
ဖြစ်ပါတယ်။ ဒီနိယာမဟာ အမည်ခံများအတွက် မဟုတ်ဘဲ လက်တွေ့ ကျင့်သုံးသူများ 
အတွက်ပဲ ဖြစ်ပါတယ်။

သဘာဝနိယာမ ရှုထောင့်အရ တကယ်မရှိတာကို ရှိသယောင်ထင်မှတ်နေတဲ့အတွက် 

အယူမှား မိစ္ဆာဒိဋ္ဌိလို့ ဆိုရမယ့် အယူအဆ အချို့ကတော့...

(၁) လောက၌ ဖန်ဆင်းရှင်ရှိ၏၊ မြေကြီး၊ တောတောင်၊ စကြာဝဠာ၊ သမုဒ္ဒရာတို့နှင့် သတ္တဝါ

အားလုံးကို ထိုဖန်ဆင်းရှင်က ဖန်ဆင်း၏ဟု မှားယွင်းစွာ ယူဆသည့် ဖန်ဆင်းရှင် 
(ဣဿရနိမ္မာန) ဝါဒ၊

(၂) လောက၌ ကုသိုလ်ကံ အကုသိုလ်ကံဟူသည် မရှိ၊ ကောင်းမှုကိုပြုသော်လည်း ကောင်းမှု

ကုသိုလ် မမည်၊ မကောင်းမှုကို ပြုသော်လည်း မကောင်းမှု အကုသိုလ် မမည်ဟု ယူဆသည့် အကြောင်းကိုပယ်ခြင်း အကိရိယဒိဋ္ဌိ၊

(၃) ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးတရားဟူသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံ တို့ကို ပြုလုပ်သော်လည်း မည်သည့်ကောင်းကျိုး မကောင်းကျိုးကိုမျှ မခံစားရဟု ယူဆ

သည့် အကျိုးကိုပယ်ခြင်း နတ္ထိကဒိဋ္ဌိ၊

(၄) ကုသိုလ်ကံ အကုသိုလ်ကံဟူသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဟူသည်

လည်း မရှိဟု ယူဆသည့် အကြောင်းအကျိုး နှစ်မျိုးလုံးကို ပယ်ခြင်း အဟေတုကဒိဋ္ဌိ၊

(၅) လောက၌ ငါ၊ ငါ့ဥစ္စာ၊ ငါ့အတ္တဆိုတာ ရှိတယ်လို့ ယူဆခြင်း သက္ကာယဒိဋ္ဌိနှင့် လူသာ

သေတာ၊ ငါ င့ါလိပ်ပြာက မသေဘူး စသဖြင့် မမြဲခြင်းသဘောကို မြဲသည်ဟု အယူရှိခြင်း 
သဿတဒိဋ္ဌိ၊

(၆) လောက၌ အရာအားလုံးသည် နောင်ဘဝဟူသည် မရှိ ဒီဘဝ ပြီးလျှင် အကုန်ပြတ် သည်၊ 

ကောင်းတာ မကောင်းတာ မှန်သမျှသည်လည်း ဒီဘဝပြီးလျှင် ဘာမှမရှိ အကုန်ပြတ်သည်
စသည်ဖြင့် ယူဆသည့် ဥစ္ဆေဒဒိဋ္ဌိ စတဲ့ အယူအမှား မိစ္ဆာဒိဋ္ဌိများပဲ ဖြစ်ပါတယ်။

သတ္တဝါ တဦးဦးဟာ ဒီအယူဝါဒ တခုခုကို လက်ခံလိုက်နာ ကျင့်သုံးနေမယ်ဆိုရင် ဒါဟာ 

အယူမှား မိစ္ဆာဒိဋ္ဌိ ဖြစ်နေတာဖြစ်ပြီး မှန်ကန်တဲ့အယူ သမ္မာဒိဋ္ဌိနဲ့ ဆန့်ကျင်ဘက် ဖြစ်နေ
တော့တာ ဖြစ်ပါတယ်။ 
အဲ…မှန်ကန်တဲ့ အယူ သမ္မာဒိဋ္ဌိ ဖြစ်အောင်ဆိုရင်တော့ ဒီအယူအမှားတွေကို ရှောင်ကြဉ်ပြီး
လောကရဲ့သဘာဝအမှန်တရား သစ္စာလေးပါးကို အမှန်အတိုင်း သိရှိနိုင်အောင် ကြိုးစားရမှာ
ဖြစ်ပါတယ်။ အယူမှန်ခြင်း သမ္မာဒိဋ္ဌိဆိုတာ ဆင်းရဲခြင်း အမှန်တရား၊ ဆင်းရဲဖြစ်ကြောင်း 
အမှန်တရား၊ ဆင်းရဲချုပ်ရာ အမှန်တရား၊ ဆင်းရဲချုပ်ရာ လမ်းစဉ်အမှန်တရားကို ဆိုတာ ဖြစ်
တဲ့အတွက် သတ္တဝါတိုင်းဟာ သစ္စာတရားကို သိရှိအောင် ကြိုးစားကြရတာ ဖြစ်ပါတယ်။ ဒီလို
သစ္စာကို သိသွားပြီဆိုရင် အယူမှားခြင်း မိစ္ဆာဒိဋ္ဌိကိုလည်း ပယ်ပြီးဖြစ်တဲ့အတွက် ဒါဟာ 
သတ္တဝါတိုင်း အရယူနိုင်တဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။

ဆိုလိုတာက လူဟာ အစွဲမကင်းတဲ့ အတ္တသမားများ ဖြစ်တဲ့အလျောက် ကိုယ်စွဲမိ စွဲရာကို 

အမှန်လို့ ထင်နေတတ်ပြီး ကိုယ်နဲ့မတူတဲ့ အယူအဆအပေါ်မှာ အယူမှားလို့ ယူဆတတ်ကြ
တဲ့အတွက် ကိုယ့်အယူဝါဒကို အလွယ်တကူ စွန့်လွှတ်ဖို့ ခက်တတ်ကြောင်း၊ ပညာရှိ သတိ
ရှိတဲ့ သူတွေကတော့ အဲဒီအယူအစွဲတွေက ရုန်းထွက်ပြီး မှန်ကန်တဲ့ အယူဝါဒကို လက်ခံ
လိုက်နာ ကျင့်သုံးနိုင်အောင် ကြိုးစားတတ်ကြောင်း၊ အယူမှန်တခုဟာ ဘယ်လိုပဲ ဆန်းစစ်
ပါစေ ယုတ္တိကျပြီး မပြောင်းလဲဘဲ ရှိနေတတ်တဲ့အတွက် ကိုယ့်အယူအဆကို သဘာဝဓမ္မနဲ့
ချိန်ထိုးကာ စိစစ်ဝေဘန် လက်ခံကြည့်ကြရမှာ ဖြစ်ကြောင်း၊ အယူမှားကို ရှောင်ပြီး အမှန်
သစ္စာကို လက်ခံနိုင်မှသာ အယူမှန် သမ္မာဒိဋ္ဌိ ဖြစ်လာမှာ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ
ဖြစ်ပါတယ်။

ဒါကြောင့် ဘယ်သူက ဘယ်ဘာသာကို ကိုးကွယ်ပြီး မိစ္ဆာဒိဋ္ဌိလို့ ဘယ်လိုပဲ ပြောနေပါစေ

အယူမှား မိစ္ဆာဒိဋ္ဌိဆိုတာ တကယ် မရှိတာကို အရှိလို့ထင်၊ ငါမဟုတ်တာကို ငါလို့ထင်ပြီး
ကိုယ့်ကံကိုယ် ပစ်နေကြတဲ့ လုပ်ရပ်များသာ ဖြစ်တဲ့အတွက် လက်ရှိ ကိုယ်လက်ခံ ကျင့်
သုံးနေတဲ့ အယူဝါဒကိုသာ သဘာဝဓမ္မ၊ ကမ္မနိယာမ၊ သစ္စဓမ္မ ရှုထောင့်များနဲ့ ချိန်ထိုးပြီး
မှန်ကန်တဲ့ အယူဝါဒဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။
လောကမှာ အကြောင်းအကျိုး အကောင်းအဆိုး အမှားအမှန် သဘာဝကျ မကျ ယုတ္တိရှိ 
မရှိနဲ့ သတ္တဝါအချင်းချင်း ကိုယ်ချင်းစာနာတတ်တဲ့ သဘောတွေကို လက်တွေ့ကျကျ သိ
နားလည်ပြီး လက်တွေ့ကျကျ လိုက်နာ နေထိုင် ကျင့်သုံးတဲ့အခါမှာ အမှန်တကယ် လက်
တွေ့အကျိုးပေးပြီး သဘာဝအမှန်တရားများကို လက်တွေ့ သိမြင် ခံစားရပြီး ငြိမ်းချမ်းမှုကို
အမှန်တကယ် ပေးစွမ်းနိုင်မယ့် အယူဝါဒမှန်ကို သိမြင်အောင်လည်း ကြိုးစားပြီး ရယူကြရ
မှာပဲဖြစ်ပါတယ်။
(မနာပဒါယီအရှင်ဝိစိတ္တ(ဒိုက်ဦး))၏ ဆောင်းပါးကို အနည်းငယ် ဖြည့်စွက်ထားသည်။)

(ပို့စ်တင်သူ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...